Home တွေ့ဆုံမေးမြန်းခန်း KNLA ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့် သီးသန့်‌တွေ့ဆုံခြင်း

KNLA ဒုတိယ ဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့် သီးသန့်‌တွေ့ဆုံခြင်း

4031

“ထာဝရတည်နိုင်မဲ့ ငြိမ်းချမ်း‌ရေးမျိုးကို ဖြစ်နိုင်တဲ့ နည်းအားလုံးနဲ့ အတူတကွ တည်‌ဆောက်ကြမှာပဲ။”

လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် တစ်ဆို့‌နေမှု အ‌ခြေအ‌နေနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲအား ‌ကေအိုင်စီ-ကရင်သ တင်းဌာနမှ သီးသန့် ‌တွေ့ဆုံ‌မေးမြန်းထားသည်များကို စုစည်း တင်ပြလိုက်ပါသည်။
——————

‌ကေအိုင်စီ ။ ။ အခု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုမှာ တစ်ဆို့‌နေရတဲ့ အ‌ခြေအ‌နေကို ဘယ်လိုသုံးသပ်မိသလဲ။

လက်ရှိ NCA လမ်း‌ကြောင်း တစ်ဆို့‌နေတာ‌ကောင်းပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော အစိုးရက ချမှတ်ထားတဲ့ ပုံစံအတိုင်း မသွားသင့်ဘူး‌လေ။ ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်‌တွေကိုကြည့်မယ်ဆိုရင်အ‌ပေါ်ယံ အတုအ‌ယောင် ‌တွေပဲဖြစ်တယ်။ တကယ် တမ်းအ‌ကျေအလည်သွားတဲ့အခါ မှန်မှန်ကန်ကန်နဲ့ မှန်ကန်မှုမရှိတဲ့ ပုံစံနှစ်ခုယှဉ်လာရင် စကားများဖို့ပဲရှိ‌တော့တယ်။ သွားမယ်ဆိုလည်း တစ်ခါတည်းဆက်သွား‌ပေါ့။ ရပ်ရမယ်ဆိုလည်း ရပ်ရမှာပဲ။ ဘာဖြစ်လဲဆို‌တော့ ကိုယ့်လူမျိုးအတွက် ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုက်ညီရင် သွားကိုက်ညီမှုမရှိရင်‌တော့ ဆက်သွားစရာမလို‌တော့ဘူး‌ပေါ့။ ဒါ‌ကြောင့် အခု သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးလမ်းစဉ်နဲ့ ကိုက်ညီမှု ရှိ‌စေဖို့ နှစ်ဖက်စလုံးမှာ ရပ်တန့်ထားပြီး ပြန်လည်ချိန်ဆညှိနှိုင်းမှု‌တွေလုပ်ဖို့ လမ်းစဉ် လုပ်ငန်းစဉ်‌တွေကို ‌သေ‌သေချာချာပြန်လုပ်ဖို့လိုတယ်။
အရင်က ‌ချော‌ချော‌မွေ့‌မွေ့သွားတာမဟုတ်ပါဘူး။ လိုရာကို ဆွဲပြီးသွား‌နေတာပဲဖြစ်တယ်။ ဥပမာ-တကယ်လို့ ကျ‌နော်တို့ သွားချင်‌ပေမဲ့လည်း အစိုးရက ခဏ‌စောင့်ပါအုံး။ သူတို့ ‌ခေါင်း‌ဆောင်‌တွေ ခရီးသွား‌နေတုန်း။ မအားဘူး။ တကယ်လို့ သူတို့ သွားမယ်ဆိုရင်သွားရတာပဲ။ ကျ‌နော်တို့ မသွားရင် မရဘူး။ အမှန်ဆိုရင် တစ်‌ယောက်နဲ့ တစ်‌ယောက်‌လေးစားသမှုရှိ ရမယ်‌လေ။ ကိုယ့်ရပ်တည်ချက်၊ သူ့ရပ်တည်ချက် နှစ်ဖက်စလုံးကို ‌လေးစားလိုက်နာမှုရှိမှ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက် လို့ရမယ်။ ကိုယ့်တစ်ဘက်ထဲသွားဖို့လည်း မဖြစ်နိုင်သလို သူတို့ တစ်ဘက်ထဲ သွားဖို့လည်းမဖြစ်နိုင်ဘူး။

‌ကေအိုင်စီ ။ ။ NCA ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်ထဲမှာ တစ်ဆို့မှုဖြစ်‌စေတဲ့ တစ်ခုတည်း‌သော တပ်မ‌တော်နဲ့ ခွဲမထွက်ရ ကိစ္စကို ဘယ်လို မြင်ပါသလဲ။

အစိုးရ စစ်တပ်ရဲ့ ရည်ရွယ်ချက်က တိုင်းရင်းသား‌တွေရဲ့ ‌တော်လှန်မှုကို ‌ပျောက်ကွယ်‌အောင်လုပ်ဖို့ပဲ။ တိုင်းရင်းသား‌တွေကို ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်က‌နေ ဗဟိုချုပ်ကိုင်မှုစနစ်ပုံစံနဲ့ သွားရမယ်။ ဒါက ဟိုးအရင်ကတည်းက လုပ်ခဲ့ဖူးတဲ့ အစီအစဉ်ပုံစံ မျိုးပဲ။ စစ်တပ် တစ်တပ်ပဲရှိရမယ်ဆိုတာက အခုမှမဟုတ်ဘူး။ ဟိုအရင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့အတိုင်း သူ တို့ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကတည်းက တစ်‌လျှောက်လုံး ‌ပြောလာခဲ့တာ။ လက်နက်ချရမယ်လို့ တည့်တည့်သာမ‌ပြောတာ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ဥပ‌ဒေ‌ဘောင်ထဲဝင်ရမယ် တပ်မ‌တော်တစ်ခုပဲရှိရမယ်ဆိုပြီး‌ပြော‌နေတာ။ ဒါက ဟိုအရင် ကတည်းက ပုံစံအတိုင်းပဲ။

‌ကေအိုင်စီ။ ။ တပ်မ‌တော်ဘက်က သူတို့ရဲ့ ရပ်တည်ချက်‌တွေကို ဆက်ပြီး ခိုင်ခိုင်မာမာ ဆွဲကိုင်ထားမယ်ဆိုရင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က ဘယ်လိုဖြစ်သွားနိုင်သလဲ။

ဒီအတိုင်း သူတို့က ခိုင်ခိုင်မာ သ‌ဘောထားဆုံးဖြတ်ထားတယ်ဆိုရင် သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုက ရပ်တန့် ကွယ်‌ပျောက်သွားမှာပဲ။ ကိုယ့်လူမျိုး ရည်မှန်းချက်နဲ့ ဘဝသစ်မှာ‌နေထိုင်ဖို့ တကယ်ဆုံးဖြတ်ထားတယ်ဆိုရင် ဒီအတိုင်း ဆက်သွား‌နေတဲ့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို ရပ်တန့်ရမှာပဲ။ ဒါ‌ကြောင့် ပျက်စီးသွားမှာပဲ။ တခြားနည်းလမ်းမရှိဘူး။ မရပ်တန့်ပဲ ဆက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ပန်းတိုင်ကို ဖျက်ဆီးခံရမှာပဲ။ ဒါ‌ကြောင့် ကိုယ့်မှာပန်းတိုင်ရှိ‌နေမယ်ဆိုရင် ဒီငြိမ်းချမ်း‌ရေး တည်‌ဆောင်မှု ပုံစံအတိုင်းဆက်သွားဖို့ မဖြစ်နိုင်ဘူး။

‌ကေအိုင်စီ။ ။ ဒီငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ‌တွေ ရပ်တန့်တစ်ဆို့‌နေတဲ့အချိန်ကစပြီး အစိုးရ တပ်မ‌တော်ဘက်က တပ်လှုပ်ရှားမှု‌တွေ ဘယ်လိုရှိ‌တွေ့မြင်ရသလဲ။

ထူးထူးခြားခြားကြီး‌တော့ မရှိပါဘူး။ ဒါ‌ပေမဲ့ တပ်‌ရေးပြင်ဆင်မှု‌တွေ‌တော့ အမြဲရှိတယ်။ တပ်စခန်း‌နေရာ‌တွေကို အခိုင်အမာ ‌ကောင်း‌အောင် လုပ်လာတာ ဆက်သွယ်‌ရေးလမ်း‌ကြောင်း‌တွေကို ပို‌ကောင်း‌အောင် လုပ်တာ‌တွေ ရှိလာတာ‌တော့ရှိတယ်။ တပ်အချိန်းအ‌ပြောင်း‌တွေ အင်အားတိုးလှုပ်ရှားတာ‌တွေ‌တော့ အမြဲတမ်းရှိ‌နေတာပဲ။ ဒါက‌တော့ ငြိမ်သွားတာမျိုးမရှိဘူး။ သူတို့အစီအစဉ်ရှိတဲ့အတိုင်း‌တော့ အမြဲတမ်းလှုပ်ရှား‌နေတာပဲ။

‌ကေအိုင်စီ။ ။ တပ်မ‌တော်ဘက် ဒီ NCA ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်စဉ်အး‌ပေါ် သွား‌နေတာက သ‌ဘောထား မရိုး‌ဖြောင့်ဘူးလို့ ဗိုလ်ချုပ်ကြီး အမြဲတမ်း ‌ပြောဆို‌နေတာကြား‌နေရတယ်။ မရိုး‌ဖြောင့်ဘူးဆိုတာကို ဘယ်လို‌ပြောချင်တာလဲ။

မရိုး‌ဖြောင့်ဘူးဆိုတာက သူတို့ချမှတ်ထားတဲ့ပုံစံက ပရိယာယ်‌တွေချည်းများတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကို ‌ရောက်နိုင်ဖို့ ပရိယာယ်သုံး‌နေတာမျိုး‌ပြောချင်တာပါ။ ဒါ‌ကြောင့် အရင်က ကျ‌နော်အမြဲ‌ပြောတယ်။ သူတို့ ‌ပြောတဲ့ အပစ်ရပ်‌ဆွေး‌နွေးကြ မယ်။ ပြီးရင် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမယ်‌ပေါ့။ ဒါ‌ပေမဲ့ အပစ်ရပ်မယ်ဆိုရင် ပြည်နယ် တစ်ခု၊ တစ်ခုစီမှာပဲ အပစ်ရပ်မယ်။ ပြီးမှ ဒီ ၂၀၁၅ ခုနှစ်ကျရင် ပြည်‌ထောင်စုအဆင့်မှာသွား‌ဆွေး‌နွေးပြီး အဲ့မှာ အတူတကွ လက်မှတ်‌ရေးထိုးကြမယ်။ ဒါ‌ကြောင့် အ‌ခြေခံရှိတာက အပစ်ရပ်တာပဲ။
တိုင်းရင်းသား‌တွေက တစ်ပြည်လုံးအပစ်ရပ်ဖို့ တပ်မ‌တော်ကို‌တောင်းဆိုတယ်။ တစ်ပြည်လုံးအပစ်ရပ်ဖို့သွား‌နေတာ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာမသွားနိုင်ဘဲ သတ်မှတ်ထားတဲ့ ၂၀၁၅ အတွင်း‌ရောက်နိုင်ဖို့ အချိန်ကမ‌လောက်တဲ့အခါကျ‌တော့ NCA -Nationwide Ceasefire Agreement ဆိုတဲ့ တခြားစကားလုံးအသစ်တစ်လုံးကို ထွင်လိုက်တယ်။ NCA ကို အတူတူ‌ရေး ဆွဲကြမယ်ဆိုပြီး သ‌ဘောတူညီချက်တစ်ခုထဲကို ‌ဖော်‌ဆောင်ကြမယ်။ ဒါဟာ အစိုးရရဲ့ သွားချင်တဲ့ပုံစံ သူတို့ရဲ့ ပရိယာယ် တစ်ခုပဲ။ ကျ‌နော်တို့ သွားချင်တဲ့ ပုံစံမဟုတ်ဘဲ သူတို့ သွားချင်တဲ့ပုံစံကို လိုက်‌မျှောသွားရတာမျိုးဖြစ်တယ်။ ဒါ‌ကြောင့် တိတိကျကျ‌ပြောရရင် ဒါဟာဖြစ်လာဖို့ မဖြစ်နိုင်ဘူး။

‌ကေအိုင်စီ။ ။ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ကရင်(‌ကေအဲန်ယူ)‌ခေါင်း‌ဆောင်‌တွေအပါအဝင် တခြား‌သောတိုင်းရင်းသား‌ခေါင်း ‌ဆောင်‌တွေကို ဘယ်လို အကြံပြုချင်သလဲ။

အများကြီး‌တော့ အကြံပြုစရာ‌တော့ မလို‌တော့ပါဘူး။ ကိုယ့်လူမျိုးရဲ့လိုအပ်ချက်နဲ့ ကိုယ့်‌တော်လှန်‌ရေးရည်မှန်းချက်နဲ့ ကိုက်ညီမှုမရှိရင်‌တော့ ဆက်ပြီးသွားစရာအ‌ကြောင်းမရှိဘူး။ ဒါ‌ကြောင့် ဘယ်လိုအကြံပြုချင်လဲဆို‌တော့ ကိုယ့် မိခင်အဖွဲ့ အစည်းရဲ့ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကိုက်ညီရင် ဆက်သွား‌ချော်ထွက်သွားရင်‌တော့ ရပ်တန့်ထားရမှာပဲ။ ကိုယ်ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းကိုယ့်ရည်မှန်းချက်ကို ‌ရောက်‌အောင်သွားရမှာပဲ‌လေ။

‌ကေအိုင်စီ ။ ။ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဘာဖြည့်စွက်‌ပြောချင်‌သေးလဲ။

ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ဖို့ဆိုရတာ လူတိုင်း‌တော့ ငြိမ်းချမ်းတာကို ချစ်မြတ်နိုးကြတာချည်းပဲ။ ငြိမ်းချမ်း‌ရေး ထဲမှာရှိ ‌နေသည့်တိုင်‌အောင် တခါတရံ မငြိမ်းချမ်းတာ‌တွေလည်းရှိနိုင်တာပဲ။ ‌ပြောချင်တာက ကျ‌နော်တို့အားလုံး နည်းမှန်လမ်းမှန်နဲ့ ထာဝရတည်နိုင်မဲ့ ငြိမ်းချမ်း‌ရေးမျိုးကို ဖြစ်နိုင်တဲ့ နည်းအားလုံးနဲ့ အတူတကွ တည်‌ဆောက်ကြမှာပဲ။ တစ်ဖက်သတ်ဆန်တဲ့ ပုံစံမျိုးနဲ့‌တော့မဟုတ်ဘူး။ စည်းလုံးညီညွတ်မှုကို လိုချင်တယ်၊ ငြိမ်းချမ်း‌ရေးကို လိုချင်တယ်ဆိုတဲ့‌နေရာမှာ ကိုယ်တစ် ‌ယောက်ထဲပဲ မပြည့်စုံသလို သူတစ်‌ယောက်ထဲပဲမပြည့်စုံနိုင်ဘူး။ အတူတကွ အ‌ဖြေရှာပြီး‌တော့ တစ်ဦးတစ်‌ယောက်ရဲ့ အမြင်၊ တစ်ဦးတစ်‌ယောက်ရဲ့ တန်ဖိုးကို ‌လေးစားတန်ဖိုးထားပြီး ဘယ်လို အတူတကွတည်‌ထောင်ပြီး အတူတကွစု‌ပေါင်း‌နေ ထိုင်မလဲဆိုတဲ့နည်းလမ်းကို ရှာ‌ဖွေကြရမှာဖြစ်တယ်။ တစ်ဖက်က ‌ပြောတာကို ကျန်တစ်ဖက်က လိုက်နာရတာ မျိုးမဟုတ်ဘူး။ မင်းတို့ဘက်က ဘယ်လိုကူညီနိုင်သလဲ၊ ကိုယ့်ဘက်က ဘယ်လိုကူညီ‌ပေးနိုင်သလဲ မ‌ကောင်းတာကို ‌ကောင်း‌အောင် ဘယ်လိုဖန်တီးရယူမလဲဆိုတာကို ညှိနှိုင်း‌ဆွေး‌နွေးတိုင်ပင်ရမှာဖြစ်တယ်။ တစ်ဖက်သတ်နဲ့‌တော့ မရဘူး။ ဒါမှ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်နိုင်မှာဖြစ်တယ်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်မှ ၁ဝရက်‌နေ့အထိ ပြုလုပ်သည့် ၎င်းတို့၏ ၆ ကြိမ်‌မြောက် ဗဟိုအမြဲတမ်း ‌ကော်မတီ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် တရားဝင် အစည်းအ‌ဝေးများတက်‌ရောက်ခြင်းကို ယာယီရပ် ဆိုင်းထားပြီး အလွတ်သ‌ဘော ‌ဆွေး‌နွေးခြင်းဖြင့် တစ်ဆို့‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို အ‌ဖြေရှာသွားမည်ဟု သ‌ဘောထားရပ်တည်ချက် ထုတ်ပြန်ထားသည်။