Home သတင်း ကရင်လူငယ် ၂ ဦးပါဝင်သည့် မြန်မာတက္ကသိုလ်‌လှေ‌လှော် အသင်းဆု နှစ်ခုဆွတ်ခူး

ကရင်လူငယ် ၂ ဦးပါဝင်သည့် မြန်မာတက္ကသိုလ်‌လှေ‌လှော် အသင်းဆု နှစ်ခုဆွတ်ခူး

3288

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

၁၉ ကြိမ်‌မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (19th ASEAN University Games) ၌ ကရင် လူငယ် ၂ ဦးပါဝင်သည့် မြန်မာတက္ကသိုလ်‌လှေ‌လှော်အသင်းသည် မီတာ ၅၀ဝ ပြိုင်ပွဲ နှစ်ရပ်တွင် ဒုတိယဆု ၂ ခု ဆွတ်ခူးသွား‌ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ ရက်‌နေ့က ‌နေပြည်‌တော်တွင် ယှဉ်ပြိုင်ခဲ့‌သော မီတာ ၅၀ဝ (၁ဝ တက်‌လှော်) ရိုးရာ ‌လှေ‌လှော်ပြိုင် ပွဲဖြစ်သည့် အမျိုးသားပွဲစဉ်နှင့် အတွဲလိုက်(အမျိုးသား၊ အမျိုးသမီး) ပွဲစဉ် နှစ်ရပ်လုံးတွင် ‌ငွေတံဆိပ်ရရှိခဲ့ခြင်း ဖြစ်‌ကြောင်း မြန်မာတက္ကသိုလ်‌လှေ‌လှော်လက်‌ရွေးစင် ‌စော‌အောင်ဖြိုး‌ဝေက ယခုလို ‌ပြောသည်။

“‌ရွှေတံဆိပ်ရဖို့အ‌ကောင်းဆုံး ကြိုးစားခဲ့‌ပေမယ့် ‌ငွေတံဆိပ်ပဲရခဲ့တယ်။ ‌နောက်ပွဲ‌တွေမှာ‌တော့ ‌ရွှေတံဆိပ် ရ‌အောင် အ‌ကောင်းဆုံးကြိုးစားသွားပါမယ်”ဟု ၎င်းက ယ‌နေ့(ဒီဇင်ဘာ ၁၄ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မီတာ ၁၀၀ဝ (၁ဝ တက်‌လှော်) ပြိုင်ပွဲဖြစ်‌သော အတွဲလိုက်(အမျိုးသား၊ အမျိုးသမီး) ပွဲစဉ်ကို ဒီဇင်ဘာ ၁၅ ရက်‌နေ့၊ အမျိုးသားပွဲစဉ်ကို ၁၆ ရက်‌နေ့တို့တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်‌ကြောင်းလည်း ‌စော‌အောင်ဖြိုး ‌ဝေက ဆက်‌ပြောသည်။

မြန်မာတက္ကသိုလ်‌လှေ‌လှော်အသင်းတွင် ကရင်လူငယ် နှစ်ဦးဖြစ်သည့် ဒဂုံတက္ကသိုလ်မှ ‌စော‌အောင်ဖြိုး‌ဝေနှင့် ‌စောဟိန်းသီဟဦးတို့ပါဝင်‌နေပြီး အတွဲလိုက်အသင်း၌ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြင့် ပါဝင် ယှဉ်ပြိုင်ရ‌ကြောင်းလည်း သိရသည်။

‌နေပြည်‌တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံများတွင် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်‌နေ့အထိ ယှဉ်ပြိုင်ကစား‌နေသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ‌မော်လမြိုင်၊ ‌တောင်ငူ၊ ဖားအံ၊ ပုသိမ်၊ ရန်ကုန်အ‌ရှေ့ပိုင်းနှင့် ဒဂုံ စသည့် တက္ကသိုလ်များမှ ကရင်‌ကျောင်းသား၊ ‌ကျောင်းသူ ၁၅ ဦးက ဘတ်စကတ်‌ဘော၊ ‌ဘော်လီ‌ဘော၊ ‌လေး ပစ်၊ ‌လှေ‌လှော်၊ ‌ပြေးခုန်ပစ်၊ ဗိုဗီနမ်(ဗီယက်နမ် ရိုးရာသိုင်း)၊ ပီတန်း စသည့် အားကစားနည်း ၇ မျိုးတွင် ပါဝင်ယှဉ်ပြိုင်‌နေခြင်းဖြစ်သည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပထမဦးဆုံးအကြိမ် စတင်ကျင်းပခဲ့ရာ မြန်မာတက္ကသိုလ်လက်‌ရွေးစင် အသင်းများအ‌နေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် ၁၅ ကြိမ်‌မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှသာ စတင်ပါဝင်လာခဲ့သည်ဟု သိရသည်။ ယခု ၁၉ ကြိမ်‌မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအ‌နေဖြင့် ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။