Home သတင်း ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ ၅ရက်တာ ကျင်းပမည်

ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ ၅ရက်တာ ကျင်းပမည်

2744

နိုဝင်ဘာ ၁၈ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

အနယ်နယ်အရပ်ရပ်မှ ကရင်လူငယ်များပါဝင်မည့် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ (Karen Youth Seminar)ကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ‌လေးဝါးစခန်း (‌လော်ခီးလာ)၌် နိုဝင်ဘာလ ၁၉ ရက်(နံနက်ဖြန်)တွင် စတင်ကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၁၉ မှ ၂၃ ရက်‌နေ့အထိ ကျင်းပမည့် အဆိုပါ ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲသို့ ပါဝင်တက်‌ရောက်မည့် အနယ်နယ်အရပ်ရပ်မှ ကရင်လူငယ်များသည် ယ‌နေ့(နိုဝင်ဘာ ၁၈ရက်)ည‌နေတွင် နှီး‌နှောဖလှယ်ပွဲ ကျင်းပမည့်‌နေရာ၌ အသီးသီး ‌ရောက်ရှိ‌နေကြပြီဟု နှီး‌နှောဖလှယ်ပွဲ၏ အကြံ‌ပေးပုဂ္ဂိုလ် ‌ကေအဲန်ယူမှ ပဒို‌စောလှထွန်းက ‌ပြောသည်။

“ ကရင်လူငယ်‌တွေဟာ ကရင့်အမျိုးသား‌တွေရဲ့အနာဂတ်ကို ဖန်တီးသွားမယ့်သူ‌တွေ ဖြစ်တဲ့အတွက် ဒီနှီး‌နှောဖလှယ်ပွဲမှာ ကရင့်အမျိုးသားအနာဂတ်ကို စဉ်းစားသွားကြမှာ‌ပေါ့။ ကရင့်အမျိုးသားရဲ့အနာဂတ်ကို သူတို့ဘယ်လိုပုံ‌ဖော်မလဲဆိုတာ အများကြီး ‌မျှော်လင့် ထားပါတယ်။”ဟု ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လူငယ်နှီး‌နှောဖလှယ်ကို ၂ဝ၁၆ ခုနှစ်၊ ဇွန်လက ကျင်းပသည့် ကရင်လူငယ်အ စည်းအရုံး (KYO)၏ (၅)ကြိမ်‌မြောက် ကွန်ဂရက် ဆုံးဖြတ်ချက်အရ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခြင်းဖြစ်ပြီး ၅ ရက်တာ နှီး‌နှောဖလှယ်ပွဲတွင် ကရင်လူငယ်‌ပေါ်လစီ (Karen Youth Policy ) ‌ရေးဆွဲချမှတ်နိုင်ရန် အဓိက ‌ဆွေး‌နွေးတိုင်ပင်ကြမည်ဟု သိရသည်။