Home သတင်း ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲမှ ‌ရှေ့လုပ်ငန်းစဉ် (၆)ရပ် ချမှတ်ဆုံးဖြတ်

ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲမှ ‌ရှေ့လုပ်ငန်းစဉ် (၆)ရပ် ချမှတ်ဆုံးဖြတ်

2383

နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ‌လေးဝါး (‌လောဟီးလာ)တွင် ကရင်လူငယ်အစည်းအရုံး-KYO မှဦး‌ဆောင်၍ နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ ရက်‌နေ့အထိ ကျင်းပခဲ့သည့် ကရင်လူငယ်နှီး‌နှောဖလှယ်ပွဲ (Karen Youth Seminar)တွင် အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ် (၆)ရပ်ကို ချမှတ်ဆုံးဖြတ်ခဲ့သည်ဟု သိရ သည်။

နှီး‌နှောဖလှယ်ပွဲအတွင်း ပြည်တွင်း၊ ပြည်ပနှင့်နယ်စပ်‌ဒေသမှ တက်‌ရောက်လာသည့် ကရင်လူငယ်ကိုယ်စား လှယ်များ၏ ‌ဆွေး‌နွေးချက်များမှ ‌ပေါ်ထွက်ရရှိလာသည့် အ‌ခြေအ‌နေရလဒ်များအ‌ပေါ် အ‌ခြေခံ၍ ၎င်း ‌ရှေ့လုပ် ငန်းစဉ်များကို ချမှတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု KYO ဥက္ကဌ ‌စောလယ်နယ်က ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်။

“ကျ‌နော်တို့ရဲ့ ဒီနှီး‌နှောဖလှယ်ပွဲကို ‌ခေါင်း‌ဆောင်‌တွေ ပညာရှင်‌တွေအ‌နေနဲ့ လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ‌တွေကို လာပြီး‌ဆွေး‌နွေးချပြတယ်။ ဒီအ‌ပေါ်မှာ ကျ‌နော်တို့က‌နေပြီး‌တော့ ကရင်လူငယ်‌တွေ၊ ဘာ‌တွေလုပ်‌ဆောင်သင့်သ လဲဆိုတဲ့အ‌ပေါ်မှာ ကရင့်အမျိုးသားနိုင်ငံ‌ရေးလှုပ်ရှားမှု၊ လက်ရှိနိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေးအ‌ခြေအ‌နေနဲ့ လက်ရှိ ကရင်လူငယ်‌တွေအရဲ့အ‌ခြေအ‌နေစတဲ့ ‌ဆွေး‌နွေးရမဲ့ ‌ခေါင်းစဉ် (၃)ခုကို ‌ရွေးချယ်ပြီး အားနည်းချက်၊ အားသာ ချက်‌တွေကို အုပ်စုအလိုက်‌ဆွေး‌နွေးခိုင်းပြီး အဲ့က‌နေ ထွက်‌ပေါ်လာတဲ့ ရလဒ်‌တွေအ‌နေနဲ့ ဒီ‌ရှေ့လုပ်ငန်းစဉ်‌တွေ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ဖို့ ဖြစ်လာတာဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ ‌ရှေ့လုပ်ငန်းစဉ် (၆)ရပ်မှာ ကရင့်အမျိုးသား‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်တွင် ကရင် လူငယ် များအခန်းကဏ္ဍမှ ချိတ်ဆက်ပါဝင် ‌ဆောင်ရွက်မှုရှိရန် ခိုင်မာ‌သော ယန္တရားတစ်ခု‌ဖော်‌ဆောင် ရန်၊ ကရင့်အမျိုးသားလူငယ်‌ရေးရာမူဝါဒတစ်ခုအ‌ကောင်အထည်‌ဖော်ရန်၊ ကဏ္ဍတိုင်းအတွက် သု‌တေသနများ ပြုလုပ်ရန် သု‌တေသန အဖွဲ့‌ပေါ်ထွက်‌ရေး ‌ဆောင်ရွက်ရန်၊ ကရင်အမျိုးသား‌ရေးသမိုင်းများပိုမိုသိရှိနားလည်‌စေ မည့် လုပ်ငန်းတစ်ရပ်‌ဆောင်ရွက်ရန်၊ နှီး‌နှောဖလှယ်ပွဲမှချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော် ရာတွင် အ‌ထောက်အကူပြုမည့် ရံပုံ‌ငွေရှာ‌ဖွေ‌ရေး ‌ကော်မတီတစ်ရပ်ဖွဲ့စည်းသွားရန်နှင့် ကရင်လူငယ်ထုတစ်ရပ် လုံးအတွက် ကရင်လူငယ်စင်တာတစ်ခု ‌ပေါ်ထွက်လာ‌ရေး အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားရန်စသည့် တို့ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် ကရင်လူငယ်ညီလာခံတစ်ရပ်ကိုပါ ‌ခေါ်ယူရန်အတွက် သ‌ဘောတူဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက် လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန်အတွက်လည်း ကရင်လူငယ်အစည်းအရုံး-KYO၊ က ရင်ယဉ်‌ကျေးမှုအဖွဲ့အစည်းများ-KCO၊ ကရင်လူငယ်ကွန်ရက်-KYNနှင့် ပြည်တွင်းနှင့်နယ်စပ်‌ဒေသ (၁၁) ခုဖြစ် သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနသင်္ာရီစသည့်တိုင်း ‌ဒေသကြီးများ၊ ကရင်၊ မွန်၊ ကယား(ကရင်နီ) စသည့် ပြည်နယ်‌ဒေသများ၊ အထက်မြန်မာပြည်စသည့် ‌ဒေသများမှ လူငယ်ကိုယ်စားလှယ်(၁၅)ဦးပါဝင်သည့် ကရင် လူငယ်ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ဦး‌ဆောင်‌ကော်မတီ တစ်ရပ်ကိုပါ ဖွဲ့စည်းခဲ့သည်ဟု KYOက ဆိုသည်။

၎င်းနှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းရှိ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနသင်္ာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ အထက်မြန်မာပြည်မှ လူငယ်ကိုယ်စားလှယ်များ၊ နယ်စပ်အ‌ခြေစိုက် လူငယ်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ်များနှင့် အခြား‌လေ့လာသူ တိုင်းရင်းသား လူငယ်ကိုယ်စား လှယ်များ စုစု‌ပေါင်း (၂၈၂)ဦးအပြင် တတ်သိပညာရှင်များ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ‌ခေါင်း‌ဆောင်အချို့လည်း ပါဝင်တက်‌ရောက်ခဲ့သည်။