Home သတင်း ကရင်စာ ‌လေ့လာ‌ရေး အ‌ထောက်အကူပြု ဂိမ်း၊ ‌ဆော့ဝဲလ်နှင့် မိုဘိုင်းအပလီ‌ကေးရှင်းများ မိတ်ဆက်

ကရင်စာ ‌လေ့လာ‌ရေး အ‌ထောက်အကူပြု ဂိမ်း၊ ‌ဆော့ဝဲလ်နှင့် မိုဘိုင်းအပလီ‌ကေးရှင်းများ မိတ်ဆက်

4631

နိုဝင်ဘာ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာ‌ပေကို အိုင်တီနည်းပညာ အသုံးပြုပြီး‌လေ့လာနိုင်‌ရေး အ‌ထောက်အကူပြုမည့် ဂိမ်း၊ ‌ဆော့ဝဲလ်နှင့် မိုဘိုင်း အပလီ‌ကေးရှင်းများကို ကရင်လူငယ် အိုင်တီပညာရှင်များက မိတ်ဆက်ပွဲကို နိုဝင်ဘာ ၃ ရက် (ယ‌နေ့)တွင် ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်‌မြေ အတွင်းရှိ MICT Park၊ တိုက် ၁၄၊ ‌လေးလွှာ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကရင်နှင့် ပတ်သက်သည့် အရာများကို တစ်စုတစ်စည်းတည်း အင်တာနက်‌ပေါ်တွင် ‌လေ့လာနိုင် ရန် karen.center ဆိုဒ်၊ ကရင် Font နှင့် ကီးဘုတ်၊ ကွန်ဗစ်တာ သုံးနိုင်ရန် ရည်ရွယ်ထားသည့် ethar KFC နှင့် apps.karen.center နှင့် ကရင်စာ‌ပေ၊ စကား‌လေ့လာ‌ရေး အ‌ထောက်အကူပြု ဂိမ်းတို့ကို ethar ကရင်လူငယ် အိုင်တီဂရုက မိတ်ဆက်ပြသခဲ့သည်။

ethar အိုင်တီ ဂရုမှ ‌စောလဲယ‌ဝေါ်က “ karen.center ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို မိတ်ဆက်‌ပေးချင်တယ်။ ကျ‌နော်တို့ Google လိုရည်ရွယ်တယ်‌ပေါ့‌နော်၊ Google ဆို Google.com ပြီးသွားပြီ ဆပ်ဒိုမိန်းလိုပဲ ကျ‌နော် Karen.center ဆိုတဲ့ ဒိုမိန်းကို အ‌ခြေခံပြီး‌တော့ ‌ရှေ့မှာဆပ်ဒိုမိန်း‌လေး‌တွေနဲ့‌ပေါ့၊ ဒီဆိုဒ်ကို သုံးချင်ရင် Browser ကို ဖွင့်ပြီး တက်ကြည့်လို့ ရပါတယ်။ အဲ့မှာ ကျ‌နော်တို့ ရှိသမျှ အချက်အလက်‌တွေ‌ဖော်ပြထားပါတယ်။ ‌လော‌လောဆယ်‌တော့ နည်းပညာ ပိုင်းပဲရှိတယ်ဆို‌တော့ အပလီ‌ကေးရှင်းနဲe ပတ်သက်တဲ့ ကရင်‌တွေ ‌ရေးသမျှတင်ထားပါတယ်” ဟု မိတ်ဆက်‌ပြောဆိုသည်။

ထို့အပြင် Ethar KFC သည် ယူနီကုဒ်ကဲ့သို့ ဖြစ်ပြီး ကရင် Font နှင့် ကီးဘုတ်၊ ကွန်ဗစ်တာ (Converter) တို့ကို သုံးနိုင်မည် ဖြစ်ကာ စနစ်ကျ၊ အဆင့်မှီ၊ လွယ်ကူသည့် ကရင် Font နှင့် ကီးဘုတ် စသည့်တို့ကို သုံးရန် ရည်ရွယ်သည်ဟု ethar အိုင်တီ ဂရုမှ‌စောသန်းစိုးဟန်က ရှင်းလင်း‌ပြောဆိုသည်။

ကရင်စာ ‌လေ့လာ‌ရေး အ‌ထောက်အကူပြု ဂိမ်းကို ယင်းဂရုမှ ‌စော‌အောင်စည်စံက “ကရင်စာကို ဂိမ်း‌ဆော့ရင်း ‌လေ့လာရတာ ပိုမှတ်ရလွယ်တယ်လို့ ကျ‌နော်တို့ ယူဆတယ်။ အဲ့အတွက် ကရင်စာ‌လေ့လာဖို့ ဂိမ်းကို ဖန်တီးချင်တယ်။ ‌နောက်ဂိမ်း‌ဆော့တဲ့ သူရဲ့ စဉ်းစားနိုင်စွမ်း တိုးတက် ‌အောင်ရယ်၊ အဲ့နှစ်ချက်ကို အ‌ခြေခံပြီး ပြုလုပ်ထားတယ်။ ဥပမာ ဂိမ်းထဲမှာ ပန်းသီးကို‌တွေ့လို့ ခုန်စားလိုက်ရင် ကရင်လို ပန်းသီးအသံထွက်‌ပေါ်လာမယ်။ ဒီလို‌လေး‌ရေးဆွဲထားပါတယ်။ ”ဟု ‌ပြောသည်။
ထို့အပြင် နိုင်ငံတကာ၌ အင်ဂျင်နီယာပိုင်းတွင် အသုံးပြုသည့် အ‌ဆောက်အဦးတစ်ခုကို ဓါတ်ပုံရိုက် တိုင်းတာ သည့် နည်းပညာကိုသုံးကာ ကရင်စာ‌ပေသင်ကြား‌ရေး အ‌ထောက်အကူပြုမည့် ဂိမ်းတစ်ခုကိုလည်း ကရင်လူငယ်အိုင်တီဂရုက မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်‌ရောက်လာသည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ကရင်လူငယ်များ အိုင်တီပိုင်းတွင် မညံ့သည်ကို‌တွေ့ရပြီး အားတက်မိ‌ကြောင်း၊ ကရင်စာ ‌ပေဖွံ့ဖြိုး‌ရေးအတွက် နည်းပညာ‌နောက်ကို မလိုက်နိုင်ခဲ့‌သော်လည်း ယခု အိုင်တီဂရုကို စာ‌ပေသင်ကြား‌နေသည့် ဆရာ၊ ဆရာမများနှင့် ‌တွေ့ဆုံကာရှင်းလင်းနိုင်‌ရေး ချိတ်ဆက်လုပ်‌ဆောင်‌ပေးမည်ဟု ‌ပြောသည်။

ethar အိုင်တီကရင်လူငယ် ဂရုကို၊ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဖွင့်လှစ်သည့် KBTS Liberal Arts ကွန်ပျူတာ ဘာသာရပ်၊ ‌ကျောင်းဆင်းလူငယ်များက ဦး‌ဆောင်ကာ လွန်ခဲ့သည့် ၄ နှစ်ခန့်က အဖွဲ့ဝင် ၇ ဦးဖြင့် စတင်ဖွဲ့စည်းကာ အိုင် တီလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အဖွဲ့ဝင် ၃ ဦးသာ ကျန်ရှိ‌တော့သလို အဖွဲ့အ ‌နေဖြင့် ယခုလို အိုင်တီ‌ဆော့ဝဲပိုင်းဆိုင်ရာ ဖန်တီးမှု မိတ်ဆက်ခြင်းကို ပထမဦး ဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်‌ကြောင်း သိရသည်။