Home သတင်း ဧရာဝတီတွင် KPP အခိုင်အမာ ပြန်လည် ဖွဲ့စည်းမည်

ဧရာဝတီတွင် KPP အခိုင်အမာ ပြန်လည် ဖွဲ့စည်းမည်

2453

စက်တင်ဘာ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

တရားဝင် နိုင်ငံ‌ရေးပါတီအဖြစ် ရပ်တည်‌နေသည့် ကရင်ပြည်သူ့ပါတီ (KPP)အ‌နေဖြင့် ဧရာဝတီတိုင်း ‌ဒေသကြီး အတွင်း ‌အောက်‌ခြေ ‌ကျေးရွာ၊ ရပ်ကွက်များမှစပြီး အခိုင်အမာ ပြန်လည်ဖွဲ့စည်းသွားမည်ဟု KPP ဧရာဝတီတိုင်း‌ဒေသကြီးဥက္ကဌ ‌စော‌သောမတ်က ‌ကေအိုင်စီသို့ ယ‌နေ့(စက်တင်ဘာ ၁၈ ရက်‌နေ့) ‌ပြောသည်။

ယခုလို ပြန်လည်ဖွဲ့စည်း‌ရေးအတွက် စက်တင်ဘာ ၁၅ ရက်‌နေ့တွင် ပုသိမ်မြို့၊ ဂရုဏာ ‌ဖောင်‌ဒေးရှင်း ရုံးခန်း၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ၊ ဧရာဝတီတိုင်း‌ဒေသကြီးအဆင့် အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု တိုင်းဥက္ကဌ ‌စော‌သောမတ်က ‌ပြောသည်။

“ကျ‌နော်တို့ KPP ဧရာဝတီတိုင်း အဆင့်အစည်းအ‌ဝေးမှာ ပါတီကို ‌အောက်‌ခြေ ‌ကျေးရွာ၊ ရပ်ကွက်‌တွေကစပြီး အခိုင်အမာ ပြန်ဖွဲ့စည်းဖို့၊ ‌နောက်မြို့နယ်အလိုက် လစဉ် အစီရင်ခံစာ‌တွေကို တိုင်းကို တင်ဖို့၊ ပါတီကြီးထွား‌ရေး အတွက် မြို့နယ် ဥက္ကဌ‌တွေနဲ့ ပါတီဝင်‌တွေအ‌နေနဲ့ ပါတီဆိုင်းဘုတ်တင်ဖို့နဲ့ ‌အောက်‌ခြေပါတီဝင်‌တွေနဲ ့ထိ‌တွေ့ ဆက်ဆံဖို့ ‌ဆွေး‌နွေးဆုံးဖြတ် ခဲ့တယ်”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ KPP ဧရာဝတီတိုင်းအဆင့် အစည်းအ‌ဝေးတွင် ပါတီစည်းရုံး‌ရေးအတွက် ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ချက်၊ လူမှု‌ရေး၊ အမျိုးသား‌ရေးနှင့် နိုင်ငံ‌ရေးအတွက်‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၇ ချက်နှင့် ဘဏ္ဍာ‌ငွေရရှိ ‌ရေးအတွက် ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၇) ချက်တို့ကို အ‌သေးစိတ်ချမှတ်ကာ ‌ဆွေး‌နွေးခဲ့သည်ဟု အစည်း အ‌ဝေးတက်‌ရောက်ခဲ့ သည့် ပါတီ ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ စက်တင်ဘာ ၁၇ ရက်‌နေ့တွင် ‌ပြောသည်။

KPP ဧရာဝတီတိုင်းအဆင့် အစည်းအ‌ဝေးသို့ ပါတီ ဥက္ကဌ ‌စောထွန်း‌အောင်မြင့်၊ ပါတီ ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီဝင် များ၊ ဧရာဝတီတိုင်း စည်းရုံး‌ရေး‌ကော်မတီဝင်များ၊ မြို့နယ် ၂၁ ခုမှ မြို့နယ်အဆင့် ပါတီ ဥက္ကဌများ၊ ပါတီဝင်များ စုစု‌ပေါင်း ၉ဝ ဦးခန့် အစည်းအ‌ဝေးတက်‌ရောက်ခဲ့‌ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။