Home သတင်း သဘာဝ‌ဘေး ကြိုတင်ကွယ်နိုင်ရန် ‌ရေနစ်မြှုပ်မှုခံခဲ့ရ‌သော ‌ကျေးရွာတစ်ရာ‌ကျော်တွင် စစ်တမ်း‌ကောက်မည်

သဘာဝ‌ဘေး ကြိုတင်ကွယ်နိုင်ရန် ‌ရေနစ်မြှုပ်မှုခံခဲ့ရ‌သော ‌ကျေးရွာတစ်ရာ‌ကျော်တွင် စစ်တမ်း‌ကောက်မည်

3079

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်

ကရင်ပြည်နယ်၊ မြို့နယ်သုံးမြို့နယ်မှ ‌ရေကြီး နစ်မြှုပ်မှုများ‌ကြောင့် လူမှုစီးပွားထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသည့် ‌ကျေးရွာ (၁၈၆) ရွာရှိ ပြည်သူများအား သဘာဝ‌ဘေးဒဏ်များ ထပ်မံရင်ဆိုင်ကြုံ‌တွေ့ရပါက ကြိုတင်ကာကွယ်နိုင်‌အောင် ရည် ရွယ်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာလ ၂ဝရက်‌နေ့တွင် စစ်တမ်းများ ‌ကောက်ယူသွားမည်ဟု သိရသည်။

၎င်းစစ်တမ်းကို ဖားအံ၊ လှိုင်းဘွဲနှင့် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ အဓိက ‌ရေကြီးနစ်မြှုပ်မှုခံစားရ‌သော သံလွင်မြစ် အ‌ရှေ့နှင့် အ‌နောက် ဘက်ကမ်းရှိ ‌ကျေးရွာများ၊ သံလွင်မြစ်အတွင်းရှိ ကျွန်း‌ပေါ်ရွာများ၊ ဂျိုင်းမြစ်‌ဘေး ဘယ်ညာတွင် ရှိ‌သော ‌ကျေးရွာများကို စစ်တမ်းများ‌ကောက်ယူသွားရန် စီစဉ်‌နေခြင်းဖြစ်သည်ဟု ပြည်နယ် ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ပြောသည်။

ဦး‌ဇော်မင်းက “အကြမ်းအားဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ‌တွေမှာ စာရင်းက‌တော့ရှိပြီးသားဖြစ်မှာပါ။ အခု‌ကောက်ရ တာ‌တော့ ‌နောက်တစ်ချိန်မှာ ဒီလိုအလားသဏ္ဍာန်တူတဲ့အဖြစ်မျိုး ဖြစ်လာခဲ့မယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဆိုပြီး‌တော့မှ ပြည်‌ထောင်စု အစိုးရတို့၊ ပြည်နယ်အစိုးရတို့က စီမံကိန်းအ‌နေနဲ့ ချမှတ်ပြီး‌တော့မှ ‌ဆောင်ရွက်လာမယ် ဆိုရင် တိကျတဲ့ အချက်အလက်‌တွေကို သု‌တေသနလုပ်နိုင်‌အောင် ‌ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်တမ်းများ ‌ကောက်ယူရန်အတွက် လူငယ့်‌ရေးရာ‌ကော်မတီမှ တာဝန်ယူ‌ဆောင်ရွက်ပြီး နည်းပညာပိုင်းနှင့် ‌ငွေ‌ကြေးပိုင်းဆိုင်ရာများကို Gender Equally Network ၊ မြန်မာ့နှလုံး သား‌ဖောင်‌ဒေးရှင်း၊ ကရင်ပြည်နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများကွန်ယက် (KSCN) စသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုဝန် ထမ်းဦးစီးဌာန၊ ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးဦးစီးဌာနတို့မှ စု‌ပေါင်းကာ ‌ဆောင်ရွက်သွားမည်ဟု ဒုညွှန်ကြား‌ရေးမှူးက ဆက်‌ပြောသည်။

ထို့အပြင် စစ်တမ်းများကို ပြည်နယ်အတွင်းရှိ လူငယ်‌ရေးရာ ‌ကော်မတီမှ လူငယ် ၃၅ ဦး အပါအဝင် ‌ကျေးရွာအတွင်း ရှိ ရပ်မိရပ်ဖများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ‌ကျောင်းဆရာ/မများ ၊ သူနာပြုဆရာမများနှင့် ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များက ပူး‌ပေါင်း ပါဝင်သွားဖြစ်ပြီး ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး ၊ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ ‌ရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ ‌ရေကြီးနစ်မြှုပ်ချိန်အတွင်း ခံစားရ‌သော ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ် များမှုများကို အဓိကထား‌မေးမြန်းမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။