Home ဆောင်းပါး “နန်းမိုဟွမ်” လိုပဲ “ဝလုံးနဲ့ ‌ကျော်စိုးဦး” တို့ဟာ အပြစ်မဲ့သူ‌တွေ မဟုတ်ဘူးလား

“နန်းမိုဟွမ်” လိုပဲ “ဝလုံးနဲ့ ‌ကျော်စိုးဦး” တို့ဟာ အပြစ်မဲ့သူ‌တွေ မဟုတ်ဘူးလား

3834

‌မောင်‌ကျော်စွာ
(၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်)

နန်းမိုဟွမ် ဖမ်းဆီးခံထားရတဲ့ကိစ္စဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာပါပြီ။ အစပိုင်း မီဒီယာသတင်း‌ဖော်ပြချက်‌တွေမှာ ပါရှိတဲ့ နှစ်ဖက်သက်ဆိုင်သူ‌တွေ (TNLA နဲ့ SSPP က တာဝန်ရှိသူ‌တွေ) ‌ပြောဆိုကြတဲ့ အ‌နေအထား‌တွေအရ ‌အေး‌အေး‌ဆေး ‌ဆေး ပြီးစီး ‌ပြေလည်သွားလိမ့်မယ်လို့ ထင်ခဲ့တာပါ။

အခု‌တော့ ဒီကိစ္စက အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC) က‌နေ စက်တင်ဘာလ ၁ဝ ရက် ‌နေ့စွဲနဲ့ ‌ကြေညာချက်အမှတ် ၁/ ၂၀၁၈ ဆိုတာထုတ်ပြန်တဲ့ အရှိန်မြင့်လာပါပြီ။ တစ်ပြည်လုံးက စိတ်ဝင်စား အာရုံစိုက်လာရ တဲ့ကိစ္စ ဖြစ်လာပါတယ်။
နမ်းမိုဟွမ်ဟာ နမ့်ခမ်းမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးပါ။ သူ‌နေထိုင်တဲ့ နမ့်ခမ်းမြို့၊ ဟို‌နောင်ရပ်ကွက် ‌နေအိမ်မှာ လွန်ခဲ့ တဲ့ ဩဂုတ်လ ၁၇ရက်‌နေ့ နံနက်ပိုင်းက (PSLF/TNLA) တပ်ဖွဲ့ဝင်‌တွေ လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွားတာဖြစ်တယ်လို့ မီဒီယာသတင်း‌တွေအရ သိရှိပါတယ်။ အခုဆိုရင် (၁၁ စက်တင်ဘာ) ဖမ်းဆီးခံထားရတာ ရက်သတ္တပတ် ၃ပတ်‌ကျော် ကြာမြင့် ‌နေပြီ ဖြစ်ပါတယ်။

ဘယ်လို ပြစ်မှုချိုး‌ဖောက်လို့ ဖမ်းဆီးရသလဲဆိုတာနဲ့ပတ်သက်လို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားတဲ့ (PSLF/TNLA) ဘက် ကလည်း တိကျတဲ့ ထုတ်ပြန်‌ပြောဆိုမှု မရှိ‌သေးပါဘူး။ သူတို့ဥပ‌ဒေတစ်ခုကို ချိုး‌ဖောက်တယ်လို့ ‌ယေဘုယျပဲ ‌ပြောပါတယ်။ နမ့်ခမ်းမြို့၊ လူငယ်များကွန်ယက်က စိုင်းယီ ဆိုသူအ‌ပြောက‌တော့ “ပြီးခဲ့တဲ့နှစ်က နန်းမိုဟွမ်နဲ့ ခင်ပွန်းစိုင်း‌စော‌ရွှေတို့ ‌နေအိမ်ကို (TNLA)က ဆက်‌ကြေး‌ကောက်ခဲ့ပြီး ပြန်အထွက်မှာ အစိုးရစစ်တပ်နဲ့ ပစ်ခတ်မှု ‌ပေါ်‌ပေါက်ခဲ့တဲ့ဖြစ်ရပ်‌တော့ ရှိခဲ့ဖူးတယ်။ အခု ဖြစ်ရပ်က အဲဒီကိစ္စနဲ့ ဆက်စပ်နိုင်တယ်”လို့ ထင်မြင်ချက်‌ပေးထားပါတယ်။

တကယ်‌တော့ ဒီလိုဖြစ်စဉ်ဖြစ်ရပ်‌တွေဟာ ပြည်တွင်းစစ်ဆိုတဲ့ ဇာတ်လမ်းရှည်ကြီးထဲမှာ မထူးဆန်း‌တော့တဲ့ ဖြစ်ရိုးဖြစ် စဉ်သဖွယ် ဖြစ်‌နေတာကြာလှပါပြီ။ ဒီလိုနဲ့ ‌ကြေကွဲဖွယ်အဆုံးသတ်သွားရတဲ့ ဖြစ်ရပ်‌တွေလည်း မနည်းလှပါဘူး။ ပြည်တွင်းစစ်ကို ပြီးပြတ်‌ပြေလည်‌အောင် မ‌ဖြေရှင်းနိုင်သမျှ ဒီလိုဇာတ်လမ်း‌တွေ၊ ဇာတ်ကွက်‌တွေ သံသရာလည်သလို ထပ်ပြန်တလဲလဲ ဖြစ်ပျက် ‌နေမှာပါ။

နန်းမိုဟွမ် အဖမ်းဆီးခံရတဲ့ကိစ္စအ‌ပေါ် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC)က‌နေ စက် တင်ဘာလ ၁ဝရက်၊ ‌နေ့စွဲ နဲ့ ထုတ်ပြန်တဲ့ ‌ကြေညာချက်အမှတ် ၁/ ၂၀၁၈ ထဲမှာ အချက် ၃ချက် ‌ဖော်ပြပါရှိပါတယ်။

(NRPC)ရဲ့ ‌ကြေညာချက်ဟာ ပြင်းထန်တဲ့အသုံးအနှုန်း‌တွေ ပါဝင်တဲ့ ‌ကြေညာချက်လို့ ‌ပြောရင်ရမယ်လို့ ထင်ပါတယ်။ မကြာမီ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်ကပါ (NRPC)နဲ့ ‌မှေးလိုက်တဲ့ ‌ကြေညာချက်များ ထွက်လာဦးမလား မသိပါဘူး။ အခြား အမျိုးသမီးအဖွဲ့အစည်း‌တွေ၊ CSOs ‌တွေဆီက‌တော့ ဘာအသံမှ မကြားရ‌သေးပါဘူး။ အ‌ကြောင်းရင်းကို တိတိကျကျ မသိ‌သေးလို့လည်း ဖြစ်‌ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် လူမျိုးစုနှစ်စု (ရှမ်းနဲ့ တအာင်း) အကြားမှာ ညှပ်သွားမှာ စိုးလို့ လက်‌ရှောင်‌နေတာလည်း ဖြစ်ချင် ဖြစ်နိုင်တာပါပဲ။

(NRPC) ‌ကြေညာချက်ထဲက အသုံးအနှုန်း‌တွေကို ကြည့်ရ‌အောင်၊
“အပြစ်မဲ့ပြည်သူ”၊ “အ‌ကြောင်းမဲ့ဖမ်းဆီး”၊ “ဥပ‌ဒေမဲ့လုပ်ရပ်”၊ “အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ်များကို များစွာ ထိခိုက်‌စေပါသည်”၊ “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပ‌ဒေစိုးမိုး‌ရေးကို ထိခိုက်‌စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချ‌ကြောင်း”တဲ့။

သတိပြုမိတဲ့အချက်‌တွေကို ပထမ တင်ပြပါရ‌စေ။ (NRPC)ရဲ့ ဒီ‌ကြေညာချက်ကို ဒီ‌နေ့ (၁၁ စက်တင်ဘာ)ထုတ် စစ် တပ်ပိုင် မြဝတီသတင်းစာ ‌ဖော်ပြထားတာ မ‌တွေ့ရဘူး။ ဥပ‌ဒေမဲ့လုပ်ရပ်လို့ ‌ဖော်ပြထားတဲ့အတွက် ဒါဟာ တည်ဆဲဥပ‌ဒေအရ တရားစွဲမယ်လို့ ဆိုလိုတဲ့အချက်ပါပဲ။ ပြည်ထဲ‌ရေးကို ကိုင်တွယ်ဖို့ အချက်ပြတာပဲလို့ နားလည်ပါတယ်။

(PSLF/TNLA) ဘက်မှာလည်း သူ့ဘက်က အ‌ကြောင်းပြစရာ ရှိ‌နေမှာပါပဲ။ ဘာ‌တွေဖြစ်မလဲ၊ ဘယ်‌လောက် ခိုင်လုံတိ ကျ၊ ‌ကြောင်းကျိုးဆီ‌လျော်သလဲဆိုတာ‌တော့ သက်ဆိုင်တဲ့ (PSLF/TNLA) က ထုတ်ပြန်‌ပြောဆိုမှသာ သိရမှာပါ။

(NRPC) ‌ကြေညာချက်ထဲမှာပါသလို အပြစ်မဲ့ပြည်သူကို အ‌ကြောင်းမဲ့ဖမ်းဆီးတာဟာ ဥပ‌ဒေမဲ့လုပ်ရပ်ဖြစ်ပြီး တရားဥပ ‌ဒေစိုးမိုး‌ရေးကို ထိခိုက်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်ဆိုရင် “ရိုက်တာသတင်းဌာနက သတင်း‌ထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကို‌ကျော်စိုးဦးတို့ကို ‌ထောင်ဒဏ် ၇နှစ် ချမှတ်လိုက်တဲ့ကိစ္စ”က‌ရော ‌ထောင်‌ချောက်ဆင်၊ အကွက်ဆင်ဖမ်းဆီး/ ဥပ‌ဒေ ကို လိုသလို တလွဲ အသုံးချတဲ့ ဥပ‌ဒေမဲ့လုပ်ရပ်၊ တရားဥပ‌ဒေစိုးမိုး‌ရေးကို ထိခိုက်ပျက်ပြား‌စေတဲ့ကိစ္စ၊ တရားဥပ‌ဒေနဲ့ တရားစီရင် ‌ရေးကို အယုံအကြည်ကင်းမဲ့‌စေတဲ့ ကိစ္စ‌တွေပဲ မဟုတ်ပါလား။ ဒီလိုကိစ္စ‌တွေမှာ‌တော့ (NRPC)က ဘာ‌ကြောင့် အသံမထွက်တာ လဲ။

စစ်တပ်က ကျူးလွန်တဲ့ “လူသတ်မှု (ဝါ) ရာဇဝတ်မှု”ကို ဖွင့်ချ‌ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ သတင်း‌ထောက်နှစ်ဦးကို‌တော့ “နိုင်ငံ‌တော်လျှို့ဝှက်ချက်ဥပ‌ဒေ ‌ဖောက်ဖျက်မှု”လို့ ပုဒ်မတပ်ပြီး ‌ထောင် ၇နှစ်ပြစ်ဒဏ်ချတယ်။ သူပုန်လက်နက်ကိုင် အဖွဲ့အစည်း က ဖမ်းဆီးသွားတာခံရသူကို‌တော့“အပြစ်မဲ့ပြည်သူ”၊ “ဥပ‌ဒေမဲ့လုပ်ရပ်”တဲ့။ “တရားဥပ‌ဒေစိုးမိုး‌ရေးကို ထိခိုက်ပျက်ပြား‌စေတယ်” တဲ့။ (NRPC)ရဲ့အမြင်ဟာ တစ်သမတ်တည်း မရှိဘဲ စစ်တပ်နဲ့အစိုးရအ‌ပေါ် ဘက်မျက်နှာလိုက်‌နေတာ အတိုင်းသား ‌ပေါ်လွင် ‌နေပါတယ်။

ရိုက်တာသတင်း‌ထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကို‌ကျော်စိုးဦးတို့ဟာ အပြစ်မဲ့ပြည်သူ‌တွေပါပဲ။ လွတ်လပ်စွာ သတင်း ယူခွင့် သတင်းထုတ်‌ဖော် တင်ပြခွင့်အရ သူတို့အလုပ် သူတို့လုပ်တာပါ။ သူတို့ဟာ သူတို့လိုချင်တဲ့သတင်း ရမယ်ဆိုရင် သူတို့ ကိုယ်စားပြုလုပ်ကိုင်ရာ သတင်း‌အေဂျင်စီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ‌ငွေ‌ပေးဝယ်ချင်လည်း ဝယ်မှာပါပဲ။ ‌ထောင်‌ချောက်ဆင် ဖမ်းဆီးပြီး ‌ထောင်ချပစ်တဲ့ လုပ်ရပ်ဟာ ဥပ‌ဒေကို လိုသလို တလွဲအသုံးချတာသာ ဖြစ်ပါတယ်။ လက်ရှိ ဒီချုပ်ပါတီအစိုးရအရ အ‌လေးထား ‌ကြွေး‌ကြော်‌နေတဲ့ “တရား ဥပ‌ဒေစိုးမိုး‌ရေး”ကို တံ‌တွေးနဲ့‌ထွေးတဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

နန်းမိုဟွမ်ကိစ္စဟာ ရှမ်းနဲ့ တအာင်းအကြား လူမျိုး‌ရေးပဋိပက္ခ စနက်တံမီးပွားဖြစ်လာနိုင်သလို လက်ရှိအစိုးရနဲ့ ‌မြောက် ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ (PSLF/TNLA) ‌ဆွေး‌နွေးမှု‌တွေအ‌ပေါ်ကိုလည်း သက်‌ရောက်နိုင်ပါတယ်။ ဒါ့အပြင် ဒီချုပ်အစိုးရကို စစ်တပ်ဘက်က အ‌ကြောင်းပြ လက်ညှိုး အပြစ်ဆိုစရာကိစ္စလည်း ဖြစ်ပါလိမ့်မယ်။

အပြစ်မဲ့ပြည်သူ‌တွေ၊ အပြစ်မဲ့‌ကျောင်းသားလူငယ်‌တွေ၊ သံဃာ‌တော်‌တွေကို ရက်ရက်စက်စက်သတ်ဖြတ်၊ ညှင်းပမ်းနှိပ် စက်၊ ဖမ်းဆီး‌ထောင်ချခဲ့တာ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ အများဆုံးဖြစ်ပါတယ်။ “ ဖြတ် ၄ဖြတ်” ဆိုတာ စစ်တပ်ရဲ့ ဥပ‌ဒေမဲ့ လူသတ်လိုင်စင်ပါပဲ။ “ဖြတ် ၄ဖြတ်”နဲ့ ပဲခူးရိုးမမှာ၊ ရှမ်းရိုးမမှာ၊ ရခိုင်ရိုးမမှာ၊ ‌ဒေါန‌တောင်တန်းမှာ၊ မ‌နော‌မြေမှာ၊ ဧရာဝတီ မြစ်ဝကျွန်း‌ပေါ်မှာ၊ တနသင်္ာရီကမ်းရိုးတန်းမှာ တစ်ပြည်လုံးအနှံ့မှာ စစ်တပ်က အဓမ္မကျင့် သတ်ဖြတ်ခဲ့တာ မ‌ရေမတွက်နိုင် ‌အောင်ပါပဲ။

(NRPC) ဟာ မတရားတဲ့လုပ်ရပ်‌တွေကို တရားတဲ့၊ အဖိနှိပ်ခံရတဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့အမြင်နဲ့ ကြည်ကြည် လင်လင် ကြည့်မြင်နိုင်ပြီး မှန်ကန်မျှတစွာ လုပ်‌ဆောင်နိုင်ပါ‌စေလို့ တိုက်တွန်းပါတယ်။