Home သတင်း ‌ရေ‌ဘေးပြည်သူအတွက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ လိုက်လံအလှူခံ

‌ရေ‌ဘေးပြည်သူအတွက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ လိုက်လံအလှူခံ

2218

ဩဂုတ် ၁၁ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ်များတွင် အလုပ်လုပ်ကိုင်‌နေကြ‌သော မြန်မာ‌ရွှေ့‌ပြောင်း အ လုပ်သမားအချို့နှင့် မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု‌ကော်မတီ (JACBA) တို့ ပူး‌ပေါင်းပြီး မြန်မာနိုင်ငံက ‌ရေ‌ဘေးဒုက္ခသည်များအတွက် အလှူ‌ငွေ လိုက်လံ‌ကောက် ခံမှုများ လုပ်‌ဆောင်လျက်ရှိသည်။

ယခင်လ ဇူလိုင်လမှ ယခု ဩဂုတ်လထိ မဲ‌ဆောက်အပါအဝင် မဲ့ရမတ် နှင့် ဖုတ်မရမြို့ နယ်များတွင် လိုက်လံ အလှူခံခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ ထိုင်းဘတ်‌ငွေ ၆‌သောင်း ( မြန်မာကျပ်‌ငွေ ၂၆ သိန်း)‌ကျော် ရရှိ‌နေပြီးဖြစ်‌ကြောင်း JACBA ဥက္ကဌ ဦမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ဆောက်လုပ်‌ရေးပါတယ်။ စိုက်ပျိုး‌ရေးပါတယ်။ စက်ရုံပါတယ်။ အဲဒီ အလုပ်သမား‌တွေက ‌နေပြီး‌တော့ သူတို့အလုပ်မအားတဲ့ကြားထဲက ည‌နေ ‌လေးနာရီခွဲမှာ သက်ဆိုင်ရာ အလုပ် ကြီးကြပ်‌ရေးမှူး‌တွေကို ခွင့်ပန်ပြီး‌တော့ အလှူခံထွက်ဖို့အတွက် ဆုံရပ်ကို ‌ရောက်လာပြီး အဲဒီသုံးမြို့နယ်မှာ လိုက်ပြီး အလှူခံတယ်‌ပေါ့‌နော်။”ဟု ‌ပြောသည်။

အဆိုပါ ရရှိလာသည့် အလှူ‌ငွေများကို မ‌ကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ‌ကျေးရွာများတွင် ‌ရေး‌ဘေးဒုက္ခ‌ရောက်‌နေကြ‌သော ပြည်သူများအား သွား‌ရောက်လှူဒါန်းမည်ဟုလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလှူ‌ငွေ လိုက်လံ ‌ကောက်ခံမှုတွင် ပါဝင်သူ ပန်းရံအလုပ်သမား ကိုစည်သူ‌အောင်က “ပရ ဟိတအလုပ်ကို ကျ‌နော်အရင်ကတည်းက လုပ်ချင်‌နေတာပါ။ အခု ဆရာ (ဦးမိုးကြိုး)နဲ့ ဆုံ‌တော့ လုပ်ဖြစ်သွားတာ‌ပေါ့။ ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေကို တစ်ဖက်တလမ်းက‌နေ ကူညီခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။”ဟု ‌ပြောသည်။

JACBA အဖွဲ့က ကမကထပြုပြီး မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ‌ရေ‌ဘေးပြည်သူ အ တွက် အလှူ‌ငွေ ‌ကောက်ခံမှုကို လွန်ခဲ့သည့် ၂ဝ၁၅ခုနှစ်က စတင်လာခဲ့ရာ ၂ဝ၁၅မှ ၂ဝ၁၇ ခု နှစ်အထိ ‌ဝေဠု‌ကျော်‌ဖောင်‌ဒေးရှင်းနှင့် ဦး‌ကျော်သူ နာ‌ရေးကူညီမှုအသင်း(ရန်ကုန်) တို့ထံမှ တစ်ဆင့် ‌ရေ‌ဘေးဒုက္ခသည်များအတွက် မြန်မာကျပ်‌ငွေ သိန်း ၁ဝဝ‌ကျော် လှူဒါန်းခဲ့ပြီးပြီဟု သိရသည်။