Home သတင်း ကူကီးလူမျိုးများအ‌ပေါ် သမိုင်း‌ဖျောက်ဖိနှိပ်ခံရမှု အစီရင်ခံစာထုတ်ပြန်

ကူကီးလူမျိုးများအ‌ပေါ် သမိုင်း‌ဖျောက်ဖိနှိပ်ခံရမှု အစီရင်ခံစာထုတ်ပြန်

2314
ကူကီးလူငယ်ကွန်ရက်၏ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲ-Photo_KIC

ဩဂုတ် ၁၁ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ တမူးခရိုင်အတွင်း အဓိက ‌နေထိုင်သည့် လူနည်းစု ကူကီးလူမျိုးများအ‌ပေါ် သမိုင်း ‌ဖျောက်ဖိနှိပ်ခံရမှုများနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ ဩဂုတ် ၁ဝ ရက်‌နေ့တွင် ကူကီးလူငယ်ကွန်ရက်က ဦး‌ဆောင်ပြုလုပ်ခဲ့သည်။

လက်ရှိ ကူကီးလူမျိုးများကို ဌာ‌နေတိုင်းရင်သား အဖြစ် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသလို ခွဲခြား ဆက်ဆံမှုများရှိပြီး ပုံစံမျိုးစုံဖြင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရကာ ကူကီးလူမျိုးများကိုယ်တိုင် နားမလည် သည့် အ‌ခြေအ‌နေမျိုး ဖြစ်‌ပေါ်‌နေပြီး အစိုးရနှင့် တိုင်းရင်းသား ညီအစ်ကိုများ သိရှိခံစား နားလည်‌စေရန် ရည်ရွယ်ကာ အစီရင်ခံစာပြုစု ထုတ်ပြန်ခြင်းဖြစ်သည်ဟု ကူကီးလူငယ်ကွန်ရက်က ‌ပြောသည်။

ကူကီးလူငယ်ကွန်ရက် ဥက္ကဌ‌ဆေးဂင်က “ကျ‌နော်တို့ ကူကီးလူမျိုးလို့ ‌ပြောတာနဲ့ဌာနဆိုင်ရာအားလုံးက ဌာ‌နေ တိုင်းရင်းသားလို့မမြင်ပဲ နိုင်ငံခြားသားလို့မြင်‌နေတဲ့ဟာ အင်မတန်မှ မှားယွင်းတယ်။ သမိုင်း‌ကြောင်းအရလည်း မှားတယ်။ မှတ်တမ်း‌တွေနဲ့ ဥပ‌ဒေပြဌာန်းချက်အရလည်း မှားတယ်။ ဒါ‌ကြောင့်မို့လို့ ကျ‌နော်တို့ ကူကီး လူမျိုးဟာ ဌာ‌နေတိုင်းရင်းသားဖြစ်တယ်။ ကိုယ့်ရဲ့ မူလဌာ‌နေတိုင်းရင်းသားရပိုင်ခွင့်ကို ကျ‌နော်တို့ ကာကွယ်ဖို့ ကျ‌နော်တို့ ဆက်လက်ပြီး‌တော့မှ ရင်ဆိုင် တိုက်ပွဲဝင်သွားပါ့မယ်” ဟု ‌ပြောသည်။

အဆိုပါ အစီရင်ခံစာတွင် စာမျက်နှာ ၄၄ မျက်နှာပါရှိပြီး မြန်မာနိုင်ငံအတွင်းသို့ ဝင်‌ရောက်လာသည့် ကူကီးလူမျိုး များ၏ ‌နောက်ခံသမိုင်း၊ ၂၀၁ဝ ပြည့်နှစ်‌နောက်ပိုင်း ဒီမိုက‌ရေစီ အစိုးရလက်ထက် တမူးခရိုင်၊ က‌ဘော်‌ဒေသ ကူကီး ‌ကျေးရွာများခွဲခြားဆက်ဆံခံရမှု၊ ကူကီးအမျိုးသမီးစင်တာ ဆိုင်းဘုတ်အဖြုတ်ခံရမှုနှင့် ကူကီးလူမျိုး ဖိုရမ် ကျင်းပခွင့်မရရှိမှုအ‌ခြေအ‌နေများ၊ လယ်ယာ‌မြေအသိမ်းခံရမှုနှင့် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုများ စသည့်
အ‌ကြောင်းအရာများကို ‌ဖော်ပြထားသည်။

ထို့အပြင် တမူးခရိုင်၊ က‌ဘော်‌ဒေသအတွင်း အိနိ္ဒယနိုင်ငံ မဏိပူရပြည်နယ် ကသည်း (မိတ်‌သေး) လက်နက် ကိုင် အဖွဲ့များအ‌ခြေစိုက်လှုပ်ရှား‌နေပြီး ‌ဒေသခံများစိတ်အ‌နှောင့်အယှက်ဖြစ်ရကာ အိနိ္ဒယ စစ်တပ်မှလည်း ၂၀၁၅ ဇွန် ၉ ရက်‌နေ့တွင် တမူးမြို့၊ တမူး-ကက်သာကားလမ်းအနီးရှိ ကသည်းလက်နက်ကိုင် စခန်းကို ဝင်‌ရောက် ရှင်းလင်းမှုဖြစ်စဉ်များ၊ တမူးမြို့‌ပေါ်တွင် ဗုံး‌ပေါက်ကွဲမှု ဖြစ်စဉ်များကို အစီရင်ခံစာတွင် ထည့်သွင်း‌ဖော်ပြထားသည်။

ကူကီး လူငယ်တစ်ဦးဖြစ်သူ ‌ပေါက်ရမ်းက “ အကျဉ်း ဦးစီးဌာနက ရဲဘက်စခန်းအတွက် ‌တောင်သူ‌တွေဆီက လယ်‌တွေသိမ်းခဲ့ပါတယ်။ အခု သူတို့မလုပ်တဲ့ လယ်‌တွေကို ‌တောင်သူ‌တွေကို ပြန်‌ပေးလုပ်‌စေချင်တယ်။ မြို့သစ် က ‌ဒေသခံ ၁ဝ ဦးဆို ‌မြေခွန်‌ဆောင်ရတယ်။ သူတို့ လယ်‌တွေက အသိမ်းခံထားရပြီး‌တော့ လယ်မလုပ် ပဲအခွန် ‌ဆောင်‌နေရတယ်”ဟု ‌ဒေသတွင်း ‌မြေယာ သိမ်းဆည်းခံရမှုအ‌ခြေအ‌နေနှင့် ပတ်သက်၍ ‌ပြောသည်။

ကူကီးလူမျိုးများသည် မြန်မာ-အိန္ဒိယနယ်စပ်တစ်‌လျှောက်တွင် နှစ်‌ပေါင်းများစွာအ‌ခြေခြ ‌နေထိုင်ခဲ့ပြီး အိနိ္ဒယ နိုင်ငံတွင် အများစု‌နေထိုင်ကာ မြန်မာနိုင်ငံတွင် တမူး၊ ဟုမ္မလင်း၊ လယ်ရှိုး၊ တွန်းဇံ စသည့် ‌ဒေသများတွင် ခန့်မှန်း‌ခြေ စုစု‌ပေါင်းလူဦး‌ရေ နှစ်သိန်းခန့်‌နေထိုင်လျှက်ရှိသည်။ မြန်မာ အစိုးရ သတ်မှတ်သည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်း မရှိသလို ယခင်က သန်း‌ခေါင်စာရင်းတွင်း သီးခြား လူမျိုးအဖြစ် ‌ကောက်ယူခဲ့ဖူး‌သော်လည်း ၂၀၁၄ ခုနှစ်တွင် ချင်းမျိုးနွယ်စုဝင်များအဖြစ် သန်း‌ခေါင်စာရင်း ‌ကောက်ယူခဲ့မှုရှိသည်ဟု ကူကီးလူငယ်ကွန်ရက်ထံမှ သိရသည်။