Home သတင်း ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူ ၅ဦးအား အ‌ရေးယူမည့်ကိစ္စ ‌ခေတ္တဆိုင်းငံ့

ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူ ၅ဦးအား အ‌ရေးယူမည့်ကိစ္စ ‌ခေတ္တဆိုင်းငံ့

2404

ဩဂုတ် ၁၇ရက်၊ ၂၀၁၈ခုနှစ်။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟသင်္ာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံးတွင် ကျင်းပ‌သော (၆၈)ကြိမ်‌မြောက် ကရင်အာဇာနည်‌နေ့ အခမ်းအနား ဦး‌ဆောင်ကျင်းပသူ ၅ဦးအား အာဏာပိုင်များက အ‌ရေးယူမည့်ကိစ္စမှာ ‌ခေတ္တ ဆိုင်းငံ့ထား‌ကြောင်း တဆင့် သိရှိရ သည်ဟု ဦး‌ဆောင်ကျင်းပသူတစ်ဦးဖြစ်သည့် ဟသင်္ာတမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌စော‌ကျော်ကြီးက ‌ပြောသည်။

၎င်းက “ရပ်ထားတယ်။ ဆိုင်းငံ့ထားတယ်တဲ့။ ဘာမှ အ‌ကြောင်းမပြန်‌တော့ဘူး။ ကျ‌နော်တို့ကို‌တော့ တိုက်ရိုက် အ‌ကြောင်းပြန် တာ‌တော့ မဟုတ်ဘူး။ ရပ်မိရပ်ဖအဖွဲ့‌တွေ သွားတဲ့အခါကျ‌တော့ အဲ့တင်မှာတင် သူတို့နဲ့ ‌ဆွေး‌နွေးပြီး‌တော့ ရပ်မိရပ်ဖ‌တွေကို ‌ပြောလိုက်တာ။ သူတို့ကတစ်ဆင့် ကျ‌နော်တို့ကို ပြန်‌ပြောတာ‌ပေါ့‌နော်။ သူတို့ကိုယ်၌က ကျ‌နော်တို့ကို ဆိုင်းငံ့ထားတယ်လို့ မ‌ပြောဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ်လ ၁၃ရက်‌နေ့ မနက်ပိုင်းတွင် အာဏာပိုင်များက ဦး‌ဆောင်ကျင်းပသူ ၅ဦးကို မြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးတွင် ‌ခေါ်ယူ‌တွေ့ ဆုံခဲ့ပြီး ည‌နေပိုင်းတွင် ရပ်မိရပ်ဖများအား ထပ်မံ ‌ခေါ်ယူ‌တွေ့ဆုံခဲ့ရာ၌ အ‌ရေးယူရန် စီစဉ်‌နေသည့်ကိစ္စကို ‌ခေတ္တဆိုင်းငံ့ထားခြင်း ဖြစ်သည်ဟု သိရသည်။

မြို့နယ်အုပ်ချှုပ်‌ရေးမှူးရုံး သွား‌ရောက်ရာတွင် ပါဝင်ခဲ့သူ ရပ်မိရပ်ဖ ‌စောဟန်ကြည်က “ရပ်‌ကျေးကိစ္စဖြစ်‌တော့ ကျ‌နော်တို့ကို ‌ခေါ် ‌ပြောတယ်။ သူတို့က‌တော့ သိပ်မကြိုက်ဘူး‌ပေါ့‌နော်။ သူများပစ္စည်းလည်း ခိုးတာမဟုတ်ဘူး။ သူများကို ‌စော်ကားတာ မဟုတ် ဘူး။ တိုင်းပြည်ဆူပူ‌အောင်လုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်လူမျိုးအတွက်ပဲ ကိုယ်လုပ်တာ။ ဒီလိုအ‌ရေးယူမှု‌တွေဖြစ်ရင် တစ် ‌ယောက်နဲ့တစ်‌ယောက် ဘယ်‌ကောင်းမလဲ။ ကျ‌နော်တို့‌ပြောပြီး အပြင်ခဏထွက်ပြီး ပြန်ဝင်လာ‌တော့ ဒီကိစ္စကို ‌ခေတ္တ ရပ်ဆိုင်း အုံးမယ်တဲ့။ ‌ခေတ္တ ဆိုင်းငံ့ထားမယ်တဲ့”ဟု ‌ပြောသည်။

အဆိုပါအခမ်းအနား ပြုလုပ်ရာတွင် ချည်ဖြူဖွဲ့ပွဲနှင့် ဆု‌ပေးပွဲ အခမ်းအနားသာ တင်ပြခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနား ကျင်းပရန် မပါရှိသည့်အတွက် ရပ်‌ကျေးဥပ‌ဒေပုဒ်မ ၂၁ကို ‌ဖောက်ဖျက်ရာကျပြီး ရပ်‌ကျေးဥပ‌ဒေပုဒ်မအတိုင်း ရပ် ကွက်အုပ်ချုပ်‌ရေးမှူးမှ တရားရုံးသို့ ဦးတိုက်‌လျှောက်ထားကာ အ‌ရေးယူရန် စီစဉ်‌နေ‌ကြောင်း ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင် က ဩဂုတ်လ ၁၃ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ဟသင်္ာတမြို့နယ်တွင် ကရင်အာဇာနည်‌နေ့ အခမ်းအနားကို ယခုနှစ်၌ တတိယအကြိမ်‌မြောက် ကျင်းပခြင်းဖြစ်ပြီး ကရင်အမျိုး သားသီချင်း သီဆိုခြင်း၊ ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုခြင်း၊ ‌စောဘဦးကြီးနှင့်တကွ ကျဆုံး‌လေပြီး‌သော ကရင့်အာ ဇာနည်‌ခေါင်း‌ဆောင်များအား အ‌လေးပြုခြင်း၊ မြို့နယ်အလိုက် လွမ်းသူ့ပန်း‌ခွေချခြင်း၊ ‌ဟော‌ပြောခြင်းများအပြင် ကရင်ရိုးရာလက် ချည်ပွဲကိုပါ ပူးတွဲကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။