Home သတင်း လျှပ်စစ် အန္တရာယ်မဖြစ်‌ရေးအတွက် ဖားအံရှိ ‌ရေကြီးသည့်‌နေရာများကို မီးဖြတ်ထား

လျှပ်စစ် အန္တရာယ်မဖြစ်‌ရေးအတွက် ဖားအံရှိ ‌ရေကြီးသည့်‌နေရာများကို မီးဖြတ်ထား

3191

ဇူလိုင် ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ဖားအံမြို့‌ပေါ်နှင့် ‌ကျေးရွာများရှိ ‌ရေကြီးသည့် ‌နေရာများတွင် လျှပ်စစ်အန္တရာယ် မဖြစ်‌ပေါ်‌စေ ‌ရေးအတွက် ဓါတ်အားဖြတ်‌တောက်ထားသည်ဟု ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အရာရှိတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီ‌နေ့မနက် ဘုရားကုန်းက ၆၆ ‌ကေဗီဓါတ်အားခွဲရုံကို မနက် ၉ နာရီမှာ ‌ရေဝင်လာလို့ ဓါတ်အားဖြတ် လိုက်တယ်။ ဒီဓါတ်အားခွဲရုံက ဘုရားကုန်း အနီးဝန်းကျင် ‌ကျေးရွာ ၅ဝ ကို လျှပ်စစ်မီး‌ပေး‌နေတာပါ။ ဖားအံက ‌မြေနိမ့်ပိုင်းမှာ ‌ရေဝင်‌နေတဲ့ ‌နေရာ‌တွေမှာ ဓါတ်အားဖြတ်‌တောက်ထားတယ်။ ဓါတ်အားရှိတဲ့ ထရန်စ‌ဖော်မာနား မသွားဖို့ နဲ့ မီးကြိုးပြတ်ကျတာ‌တွေရှိရင် အ‌ကြောင်းကြား‌ပေးပါလို့ ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ဇူလိုင် ၃ဝ ရက်‌နေ့တွင် ‌ပြောသည်။

လက်ရှိ ဖားအံမြို့‌ပေါ် အမှတ် (၁)၊ (၂)၊ (၃)၊ (၅)၊ (၇)၊ (၈)၊ (၉) တို့တွင် ‌ရေဝင်‌ရောက်မှုရှိသည့် အတွက် လျှပ်စစ်မီးဖြတ်ထား သလို၊ ကမ်းနားလမ်းတစ်‌လျှောက်နှင့် ထုံးအိုင်၊ မိန်းမလှကျွန်း ဘက်တို့တွင်လည်း မီးဖြတ်ထားသည်ဟု ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ရက်အတန်ကြာမီးဖြတ်ထားသည့် အတွက် ‌ရေဝင်သည့် ‌နေရာများတွင် ချက်ပြုတ်စား‌သောက်ရန် ခက်ခဲသလို ဆက်သွယ်‌ရေးအတွက် လက်ကိုင်ဖုန်းများ အားသွင်းရန် အခက်‌တွေ့‌နေကြကာ သွားလာ‌ရေးအတွက် ‌လှေငှား ရန် မလွယ်ကူမှုများရှိ‌နေ‌ကြောင်း ဖားအံမြို့‌ရေကြီးသည့်‌နေရာတွင် ‌နေထိုင်သူများက ‌ပြောသည်။