Home သတင်း မိုးကြီး‌မြေပြိုမှု‌ကြောင့် မြဝတီ-‌ကော့ကရိတ် အာရှလမ်း ယာယီပိတ်ထားရ

မိုးကြီး‌မြေပြိုမှု‌ကြောင့် မြဝတီ-‌ကော့ကရိတ် အာရှလမ်း ယာယီပိတ်ထားရ

2731

ဇူလိုင် ၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ကီလိုမီတာ ၁၅၄ လမ်းပိုင်း (နတ်စင်‌ကွေ့)‌လောက်တွင် ယ ‌နေ့ (ဇူလိုင် ၉ ရက်) နံနက် မိုး‌သောက်ယံအချိန်တွင် မိုးကြီး၍ ‌တောင်ကမ်းပါး‌မြေပြိုမှုဖြစ်ပွားပြီး ကားလမ်းမ‌ပေါ် ‌မြေသားဖုံးလွှမ်းသွား ‌သော‌ကြောင့် သွားလာမှုကို ယာယီပိတ်ထားရသည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

‌မြေပြိုမှု ‌ကြောင့် လမ်းမ‌ပေ ၁၀၀ဝန်းကျင်ခန့် ‌မြေသားဖုံးလွှမ်းသွားပြီး ကားလမ်း ပိတ်သွားသည့်အတွက် မြဝတီဘက်ခြမ်း မှလာသည့် ကုန်တင်၊ ခရီးသည်တင် ကားများနှင့် ဖားအံ၊ ‌ကော့ကရိတ် ဘက်မှလာသည့် ကုန်တင်၊ ခရီးသည်ကားများ ‌သောင်တင်သွားသည့်အ‌ခြေအ‌နေထိဖြစ်ပွားခဲ့သည်ဟု ၎င်းအ‌ခြေအ‌နေကို သွား ‌ရောက်ကြည့်ရှု‌နေသည့် မြဝတီ(အမှတ်-၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က ‌ပြောသည်။

၎င်းက “ပြိုတာက ညခင်းကတည်းကပြိုတာ။ အဲ့တုန်းက သွားလာလို့ရ‌သေးတယ်။ ဒါ‌ပေမဲ့ ၆နာရီဝန်းကျင် ‌လောက်မှာ ကားလမ်းပိတ်သွားတယ်။ ကားလမ်းပိတ်ပြီး‌တော့ ‌နောက်ပိုင်းကျ‌တော့ ဆက်တိုက် ဆက်တိုက်ပြို တာ‌ပေါ့။ ဒီ ၁ဝနာရီဝန်းကျင်‌လောက်မှာ ‌မြေပြိုမှုက အများဆုံး‌ပေါ့။ အခုက ကား‌တွေ ဟိုဘက်ဒီဘက် သွားလို့ မရ‌တော့ဘူး။ ကားလမ်းလုံးဝပိတ်သွားတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌မြေပြိုမှုအ‌ခြေအ‌နေအ‌ပေါ် မြဝတီခရိုင်တာဝန်ရှိသူများမှလာ‌ရောက်ကွင်းဆင်းကြည့်ရှုပြီး ကား‌သေးများ ဖြတ်သန်းသွားနိုင်‌ရေးအတွက် ကားလမ်းမ‌ပေါ်ရှိ‌မြေသားများကို လမ်းမ‌ဘေးသို့ ‌မြေထိုးစက်ဖြင့် ‌ကော်ထုတ်ကာ လမ်းလွဲကို ပြုလုပ်‌နေပြီး လက်ရှိမွန်လွဲပိုင်းအ‌ခြေအ‌နေထိ ပြုလုပ်ဆဲ အ‌ခြေအ‌နေတွင်ရှိ‌နေ‌သေးသည်ဟု ဦးသန့်ဇင်‌အောင်က ဆက်‌ပြောသည်။

လက်ရှိခရီးသွားလာမှုအတွက် ဖားအံ-‌ကော့ကရိတ်ဘက်ခြမ်းမှ တက်လာသည့် ကားများကို ယခင်လမ်း‌ဟောင်း မှ တာဝန်ရှိသူများက သွားလာခွင့်ပြုထားပြီး
မြဝတီဘက်ခြမ်းမှ သွားလာမှုများကို ယာယီပိတ်ထားရသည်ဟု လည်းတာဝန်ရှိသူများက ဆိုသည်။

လတ်တ‌လော ကပ္ပလီပင်လယ်ပြင်နှင့် ဘဂင်္လားပင်လယ်‌အော် မုတ်သုန်အား အသင့်အတင့်မှ အား‌ကောင်း‌နေ ပြီး ကရင်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ် ၆ ခုတို့တွင် ‌နေရာကွက်၍ မိုးကြီးနိုင်‌ကြောင်း မိုး‌လေ ဝသ နှင့်ဇလ‌ဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ထားပြီး လက်ရှိတွင်လည်း ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာ သွန်းမှုနှင့် ‌လေပြင်းတိုက်ခတ်မှု‌ကြောင့် ယမန်‌နေ့ညက ဖားအံမြို့အတွင်း သစ်ပင်နှင့် လျှပ်စစ်မီးတိုင်များ ပြို လဲမှု ဖြစ်ပွားခဲ့သည်။