Home သတင်း မြန်မာ အ‌ရှေ့‌တောင်‌ဒေသရှိ ဒုက္ခသည်နှင့် IDPs များအတွက် အနာဂတ်မ‌သေချာဟု ‌ပြောဆို

မြန်မာ အ‌ရှေ့‌တောင်‌ဒေသရှိ ဒုက္ခသည်နှင့် IDPs များအတွက် အနာဂတ်မ‌သေချာဟု ‌ပြောဆို

2236

ဇွန်လ ၂ဝ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံ အ‌ရှေ့‌တောင် ‌ဒေသရှိ ဒုက္ခသည်များနှင့် ပြည်တွင်းစစ်‌ရှောင် IDPs များအတွက် အနာဂတ်မ‌သေချာ မ‌ရေရာ ‌ကြောင်း ယ‌နေ့ (ဇွန်လ ၂ဝရက်) ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် ကျင်းပသည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ (World Refugee Day)အခမ်းအနား၌ ဒုက္ခသည် တာဝန်ရှိသူများက ‌ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRမှ ယ‌နေ့ ကျ‌ရောက်သည့် ဒုက္ခသည်များ‌နေ့ တွင် ဒုက္ခသည်များနှင့်အတူ ရပ်တည်‌ကြောင်း(We Stand with Refugee) ‌ကြွေး‌ကြော်‌ပြောဆို‌သော်လည်း အာမခံချက်မရှိ‌သေးသည့် မြန်မာ့နိုင်ငံ‌ရေး‌ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ နိုင်ငံတကာမှ ဒုက္ခသည်များနှင့်IDPs များအတွက် ကူညီ‌ထောက်ပံ့မှု‌လျှော့ချခြင်းနှင့် အကူအညီရပ်စဲမှုများရှိလာခြင်း‌ကြောင့် ဒုက္ခသည်များ၏ အနာ ဂတ်မှာ မ‌သေချာ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ-KRC၏ ပညာ‌ရေးတာဝန်ခံ ‌စော‌ဟေစိုးက ‌ပြောသည်။

၎င်းက “အခု ကြည့်မယ်ဆိုရင် ကျ‌နော်တို့ရဲ့ ဒုက္ခသည်စခန်းမှာဖြစ်‌စေ IDPs စခန်းမှာဖြစ်‌စေ ရှိ‌နေတဲ့ အ‌ခြေအ‌နေ‌တွေက အပြင်ပန်းမှာ မြင်‌တွေ့‌နေရတာထက်ကို အရမ်းရှုပ်‌ထွေးလာတယ်။ ဒါ‌ကြောင့် သူတို့ဘက်က ကျ‌နော်တို့ ဒုက္ခသည်‌တွေနဲ့အတူရပ်တည်‌နေတယ်‌ပြော‌ပေမဲ့ ကျ‌နော်ဒီ‌နေ့‌ပေးချင်တဲ့ ဒီကဒုက္ခသည်‌တွေ အတွက် အနာဂတ်မ‌သေချာဘူးဆိုတဲ့ သတင်းစကား‌လေးတစ်ခုက ဒုက္ခသည်‌တွေ IDPs ‌တွေကို ကူညီ ‌ထောက်ပံ့‌ပေး‌နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေ NGO ‌တွေ အတွက် ‌မေးခွန်းထုတ်စရာ တစ်ခုဖြစ်လာ ‌စေဖို့‌မျှော်လင့်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် နိုင်ငံတကာအ‌နေဖြင့် ဒုက္ခသည်များနှင့် IDPs များ၏ အ‌ရေးကိစ္စနှင့် ပတ်သက်၍ ပိုမို‌လေးနက်‌သေချာစွာ စုံစမ်း‌လေ့လာပြီး ‌လေး‌လေးနက်နက် ကိုင်တွယ်‌ဖြေရှင်း‌ပေး သွားရန် လိုအပ်‌ကြောင်း လည်း ‌စော‌ဟေစိုးက ဆက်‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ မြန်မာဒုက္ခသည်စခန်း (၉)ခုတွင် လက်ရှိ စားနပ်ရိက္ခာကူညီ‌ထောက်ပံ့မှုများအပြင် ပညာ‌ရေး၊ ကျန်းမာ‌ရေးအကူအညီ‌လျှော့ချမှုများကြုံ‌တွေ့‌နေရပြီး ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသ၊ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီတူးထာ ပြည်တွင်းစစ်‌ရှောင် IDPs များအတွက်လည်း ပြီးခဲ့သည့် နှစ် စက်တင်ဘာလမှစ၍ အကူအညီများဖြတ် ‌တောက်ခံ ခဲ့ရသည်။

ထိုသို့ အကူအညီ‌ပေးမှုများ‌လျှော့ချမှု၊ ဖြတ်‌တောက်ခံရမှုတို့‌ကြောင့် ဒုက္ခသည်အချို့နှင့် IDPs အချို့တို့ သည် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်သူများရှိခဲ့ပြီး စခန်းတွင်း
အဆင့်မြင့် ပညာ‌ရေး‌ကျောင်းအချို့ကိုလည်း KNU-ကရင် အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်‌မြေများသို့ ‌ပြောင်း‌ရွှေ့ခဲ့ရ‌သော်လည်း လတ်တ‌လောတည် ‌ဆောက်‌နေဆဲ ငြိမ်းချမ်း ‌ရေးဖြစ်စဉ်တွင် အာမခံချက် တစုံတရာ မရှိ‌သေးသည့်အ‌ပေါ် ‌နေရပ်ပြန်ဒုက္ခသည်များ နှင့် IDPsတို့ မှာ စိုးရိမ်မှုများစွာ ရှိ‌နေသည်ဟုလည်း ဒုက္ခသည်များက ဆိုသည်။

ယ‌နေ့ ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ယက်-KPSNနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWOတို့ စု‌ပေါင်းဦး‌ဆောင်၍ ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့အခမ်းအနားသို့ နယ်စပ်အ‌ခြေစိုက် ကရင်ဒုက္ခသည် ‌ကော်မတီ-KRC၊ ‌ရှေ့‌ပြေးအသံ-Progressive Voice ၊ NGO အချို့နှင့် နယ်စပ်အ‌ခြေစိုက် ပညာ‌ရေး၊ ကျန်းမာ‌ရေး လူထုအ‌ခြေပြု အဖွဲ့အစည်များ လူငယ်များအပါအဝင် စုစု‌ပေါင်း (၄၀)ခန့် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်လာသူ ‌နော်လာအယ်ဒိုက “လက်ရှိ အစိုးရအ‌နေနဲ့ ဒုက္ခသည်‌တွေ IDPs‌တွေ ကိစ္စကို ‌ဖြေရှင်းဖို့ဆိုတဲ့‌နေရာမှာ သူတို့ရဲ့ အ‌ခြေအ‌နေကို ‌သေချာ‌လေ့လာပြီး လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အပစ် အခတ်မရပ်စဲနိုင်‌သေးတဲ့အချိန်မှာ နိုင်ငံတကာ အကူအညီ‌ပေး‌ရေး အဖွဲ့အစည်း‌တွေကို ဒုက္ခသည်‌တွေ အ‌ပေါ် အကူအညီ‌ပေး‌နေတာ‌တွေကို မ‌လျှော့ချဖို့ မရပ်စဲဖို့ နဲ့ ဆက်လက်ကူညီ‌ပေးဖို့တိုက်တွန်း‌ပြောဆိုသင့် တယ်” ဟု ‌ပြောသည်။

ထိုင်-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖုိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယန်း၊ ထမ်းဟင်၊ ကရင်နီအမှတ်(၁)နှင့် အမှတ်(၂) စသည့်မြန်မာဒုက္ခသည်စခန်း ၉ ခု၌ ဒုက္ခသည် လူဦး‌ရေ တစ်သိန်းခန့်နှင့် အီတူးထာပြည်တွင်းစစ်‌ရှောင်စခန်း၌ IDPs ၃,၀၀၀‌ကျော်၊ မြိင်ကြီးငူ စစ်‌ရှောင်စခန်း၌ စစ်‌ဘေး‌ရှောင် ၅,၀၀ဝ ‌ကျော် ခိုလှုံ‌နေရဆဲဖြစ်‌ကြောင်း ဒုက္ခသည်နှင့် စစ်‌ဘေး‌ရှောင်ပြည်သူများကို အကူအညီ‌ပေး‌နေသူများက ဆိုသည်။

၁၉၅၁ ခုနှစ်တွင် ပြုလုပ်သည့် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း၏ ၅ဝ ကြိမ်‌မြောက် နှစ်ပတ်လည်တွင် ချမှတ်ခဲ့ သည့် သ‌ဘောတူညီချက်အမှတ် ၅၅/၇၆ ကို ဒီဇင်ဘာလ ၄ ရက်၊ ၂၀၀ဝ ခုနှစ်၌ နှစ်စဉ်ပြုလုပ်သည့် UN အ‌ထွေ‌ထွေညီလာခံတွင် ဇွန်လ ၂ဝ ရက်‌နေ့ကို ကမ္ဘာ့ဒုက္ခသည်များ‌နေ့( World Refugee Day) အဖြစ်သတ်မှတ်ခဲ့သည်။ အလားတူ ယ‌နေ့ကျ ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို မြန်မာနိုင်ငံ အ‌ရှေ့‌တောင်ပိုင်း‌ဒေသရှိ ‌နေရာအချို့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း အသီးသီးတွင် ကျင်းပကြသည်။