Home သတင်း အဖွဲ့အစည်းအမည်ခံ မသမာမှုကျူးလွန်ထားသူအား KNU မှ ဖမ်းဝရမ်းထုတ်ပြန်

အဖွဲ့အစည်းအမည်ခံ မသမာမှုကျူးလွန်ထားသူအား KNU မှ ဖမ်းဝရမ်းထုတ်ပြန်

3621

ဇွန်လ ၁၄ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင် အဖွဲ့အစည်းအမည်ခံပြီး မသမာမှုများ ကျူးလွန်ထားသူတစ်ဦးအား အ‌ရေးယူ ‌ဆောင်ရွက်နိုင်ရန် KNU ‌ဒေါ်ဖာ့ခိုမြို့နယ်(သံ‌တောင်) တာဝန်ရှိသူများက ဇွန်လ ၁၃ရက်‌နေ့တွင် ဖမ်းဝရမ်း အသိ‌ပေးထုတ်ပြန် ‌ကြေညာလိုက်သည်။

အဆိုပါ ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းခံရသူမှာ ‌ကျော်‌ကျော်လွင် (ခ) ဆူးရစ် (ခ) ‌ကျော်နိုင်ဆိုသူ ဖြစ်သည်ဟုသိရပြီး ထိုသို့ထုတ် ပြန်ရခြင်းနှင့်ပတ်သက်၍ KNU ‌တောင်ငူခရိုင်၊ သံ‌တောင်မြို့နယ် ဥက္ကဌ ပဒို‌စောထွန်းကဲက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “သူက အဖွဲ့အစည်းကပါဆိုပြီး‌တော့ တပ်နဲ့အချင်းများခဲ့ဖူးတာလည်း ရှိတယ်။ ပြီး‌တော့ ခရီးသွားပြည်သူ‌တွေအ‌ပေါ် အဖွဲ့ အစည်းက မဟုတ်ဘဲနဲ့ ခြိမ်း‌ခြောက်‌ငွေညှစ်တာမျိုး‌တွေ‌ရော‌ပေါ့။ ‌နောက်ပြီး တခြားသူ‌တွေဆီက ‌ငွေလိမ်လည်သွားတဲ့အဖြစ်‌တွေ လည်း ရှိခဲ့တယ်။ သူ့ကို အ‌ရေးယူနိုင်ဖို့ အခု ကျ‌နော့်နယ်‌မြေထဲမှာ‌တော့ လိုက်ရှာ‌နေတုန်းပဲ”ဟု ‌ပြောဆိုသည်။

၎င်းအပြင် အဖွဲ့အစည်းအမည်ခံ ယူနီ‌ဖောင်းဝတ်ကာ မသမာမှုများ ကျူးလွန်ထားသည့်အတွက် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့်ပါ အ‌ရေးယူသွားရမည်ဖြစ်သည့်အပြင် ခရိုင်တာဝန်ရှိသူများထံမှ ညွန်ကြားချက်များရယူကာ ထိုသူအား အ‌ရေးယူ နိုင်‌ရေး ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ပဒို‌စောထွန်းကဲက ဆက်‌ပြောသည်။

ဖမ်းဝရမ်း ထုတ်ပြန်ထားခြင်းခံရသူ ‌ကျော်‌ကျော်လွင်အ‌နေဖြင့် အဖွဲ့အစည်းအမည်ခံပြီး လူမှု‌ရေး၊ စီးပွား‌ရေးပြဿနာများ ဖန်တီး လုပ်‌ဆောင်‌နေသည့်အပြင် ၎င်းမှာ ‌တောင်ငူခရိုင်၊ မြို့နယ်အဖွဲ့အစည်းများနှင့် လုံးဝ သက်ဆိုင်မှုမရှိ‌ကြောင်း KNU သံ‌တောင်မြို့ နယ်မှ ထုတ်ပြန်ထားသည်။

ထို့အတူ KNU ၏ ခရိုင်တစ်ခုဖြစ်သည့် ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်နှင့် ‌ဒေါ်ဖခို(သံ‌တောင်)မြို့နယ်တွင် ယခင်က အလား တူဖြစ်ရပ်များ ‌ပေါ်‌ပေါက်ခဲ့သည့်အတွက် အ‌ရေးယူ ‌ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရ‌ကြောင်းလည်း ခရိုင်တာဝန်ရှိသူများက ‌ပြောဆို သည်။

“ဒီဘက်‌ခေတ်မှာ အဲလို ပိုများလာတယ်‌လေ။ အရင်ကလည်း ခရိုင်အတွင်းမှာ ဒီလိုဖြစ်ခဲ့ဖူးတယ်။ အ‌ယောင်‌ဆောင်မှု‌တွေ‌ပေါ့ ‌လေ။ ဟိုလူကို နည်းနည်းလိမ်စားတာ၊ ဟိုလူကြီးနာမည် အလွဲသုံးစားလုပ်တာ‌ပေါ့။ ဒီ‌လောက်‌တော့ မကြီးဘူး။ အဖွဲ့အစည်းမှာ လည်း ဥပ‌ဒေ‌တွေရှိတယ်။ စစ်‌ဆေး‌မေးမြန်းမှု‌တွေ ပြုလုပ်ပြီး ငြိစွန်းတဲ့အချက်အ‌ပေါ်မူတည်ပြီး လိုအပ်တဲ့ အ‌ရေးယူ ပြစ်ဒဏ်‌ပေး မှု‌တွေ လုပ်‌ဆောင်သွားရမှာ ဖြစ်တယ်”ဟု KNU ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌နေစဉ်ကာလတွင် KNU အပါအဝင် အခြားကရင်လက်နက်ကိုင် အဖွဲ့အစည်း များတွင်လည်း မသမာသူများက အလားတူ အဖွဲ့အစည်းအမည်ခံကာ အလွဲသုံးစား ပြုလုပ်‌နေမှုများ မကြာခဏ ဖြစ်ပွား‌လေ့ရှိ ‌ကြောင်းလည်း သိရသည်။