Home သတင်း မြို့နယ်ရဲမှူးဟု ဖုန်း‌ခေါ်ဆို ‌ငွေလိမ်‌တောင်းမှု ကြာအင်းဆိပ်ကြီးတွင် ဖြစ်ပွား

မြို့နယ်ရဲမှူးဟု ဖုန်း‌ခေါ်ဆို ‌ငွေလိမ်‌တောင်းမှု ကြာအင်းဆိပ်ကြီးတွင် ဖြစ်ပွား

2079

ဧပြီ ၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့‌ပေါ်တွင် မြို့နယ်ရဲမှူးနာမည်ကို အသုံးပြု၍ ဖုန်းဆက်‌ခေါ်‌ငွေလိမ်‌တောင်းမှု ဖြစ်ပွား‌နေ သည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ခဲ့သူ မြို့ခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့‌ပေါ်ရှိ ငယ်ငယ်စာ‌ရေးကိရိယာဆိုင်မှ မညိုက “ညီမကိုဖုန်းဆက်‌တော့ သူက ကြာအင်းဆိပ်ကြီးမြို့ နယ်ရဲမှူးဆိုပြီး ‌ပြောတယ်။ ရာထူးတိုးလို့ လူကြီး‌တွေကို ‌ငွေ‌ပေးတာ ‌ငွေမယူဘူး။ ဖုန်းကဒ်‌တွေ ထည့်‌ပေးချင်တယ်‌ပြောတယ်။ ဖုန်းနံပါတ် ၁၁လုံးပို့‌ပေးပြီး‌တော သူ့ဖုန်း အပါအဝင် တကဒ်ကို ၅‌သောင်းခွဲ ထည့်‌ပေးလိုက်တယ်။ သတိဝင်လာတဲ့အချိန်မှာ ‌ငွေ ဖြည့်‌ပေးလိုက်တာ ၁၄သိန်း‌ကျော်သွားပြီ။ ရပ်ကွက်လူကြီးကို ဖုန်းဆက်‌မေးမှ ရဲမှူးမဟုတ်ဘူးဆိုပြီး သိရတယ်”ဟု ဧပြီ ၆ရက် ‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ကြာအင်းဆိပ်ကြီး အမှတ် ၃ရပ်ကွက် အုပ်ချုပ်‌ရေးမှူး‌ဟောင်း ဦးမြင့်ဦးထံသို့လည်း မြို့နယ်ရဲမှူးဝင်းနိုင်ဟုဆိုကာ ဖုန်း ဆက်လာပြီး ရာထူးတိုးကိစ္စဖြင့် ခရိုင်ရုံးသို့ ‌ရောက်ရှိ‌နေပြီး ဦးမြင့်ဦးအားတိုင်ကြား စာ ၃‌စောင်‌ရောက်ရှိ‌နေ‌ကြောင်း လူကြီးများရှိ ၍ ဖုန်း‌ငွေဖြည့်ရန် အခက်အခဲရှိသဖြင့် ဖုန်းဆိုင်တစ်ခုခုနှင့် ချိတ်ဆက်‌ပေးရန်‌ပြောဆိုပြီး ချိတ်ဆက်‌ပေးလိုက်စဉ် ဖုန်းဆိုင်မှ ကျပ် ၁၁သိန်း‌ကျော် ‌ငွေဖြည့်‌ပေးလိုက်ရကာ ဖုန်းဆက်‌ပြောဆိုလာမှ အလိမ်ခံရသည်ကို သိရှိရခြင်းဖြစ်‌ကြောင်း ‌ပြောသည်။

ယခုဖြစ်စဉ်များအ‌ပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးဝင်းနိုင်က “ကျ‌နော်‌တောင် မသိဘူး။ ကျ‌နော် အစည်းအ‌ဝေးသွား‌နေတာ။ ဂဃနဏ မသိဘူး။ အဲ့လူ‌တွေက ဘယ်သူ‌တွေမှန်း မသိဘူဗျာ။ ‌မေးကြည့်လိုက်အုံးမယ် သိရင်‌ပြောပြမယ်”ဟု ဧပြီလ ၆ရက်‌နေ့ က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ဖုန်းဆက်‌ငွေလိမ်‌တောင်းသည့် ဖုန်းနံပါတ်မှာ ဝ၉-၄၄၅ ၁၇၄ ၃၁၅ ဖုန်းဖြင့် ‌ခေါ်ဆိုလာခြင်းဖြစ်သည်ဟု ကိုယ်တိုင် ကြုံ ‌တွေ့ခဲ့သူများက ‌ပြောဆိုသလို ဖြစ်စဉ်အ‌ပေါ် သက်ဆိုင်ရာက စုံစမ်းမှုများ ပြုလုပ်‌နေပြီးဖြစ်သည်။ ကရင်ပြည်နယ် ဖားအံမြို့‌ပေါ် တွင်လည်း လွန်ခဲ့သည့်နှစ်များက ယခုကဲ့သို့ ဖုန်းဆက်‌ငွေလိမ်‌တောင်းမှုများ ဖြစ်‌ပေါ်ခဲ့ဖူးသည်ဟု မြို့ခံများထံမှ သိရသည်။