Home သတင်း ကရင်ပြည်နယ် လူငယ်‌ရေးရာမူဝါဒ အ‌ကောင်အထည်‌ဖော်နိုင်ရန် ၁၆ ဦးပါ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

ကရင်ပြည်နယ် လူငယ်‌ရေးရာမူဝါဒ အ‌ကောင်အထည်‌ဖော်နိုင်ရန် ၁၆ ဦးပါ‌ကော်မတီတစ်ရပ် ဖွဲ့စည်း

2242

‌ဖေ‌ဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မြန်မာနိုင်ငံ လူငယ်‌ရေးရာမူဝါဒကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အဆင့် လူငယ်‌ရေးရာ ‌ကော်မတီတစ်ရပ်ကို ဖားအံမြို့၊ ကန်သာဦးခန်းမ၌ ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်‌နေ့တွင် အပြီးသတ် ဖွဲ့စည်းခဲ့သည်။

‌ဖေ‌ဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ လူငယ်‌ရေးရာမူဝါဒ မိတ်ဆက် ရှင်းလင်းခြင်းနှင့် ‌ရှေ့လုပ်ငန်းစဉ်များ‌ဆွေး‌နွေးခြင်း အခမ်းအနား၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ် လူငယ်‌ရေးရာ ‌ကော်မတီ အတွင်း‌ရေးမှူး နန်းထက်ထက်လင်းစိုးက ယ‌နေ့တွင် ‌ပြောဆိုသည်။

“အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် ‌ရေးဆွဲအ‌ကောင်အထည်‌ဖော်တဲ့‌နေရာမှာ ဦးစား‌ပေးကဏ္ဍ‌တွေ ချမှတ် နိုင်‌အောင်လို့ ကရင်ပြည်နယ်လူငယ်‌ရေးရာ‌ကော်မတီမှာပါမယ့် လူငယ်ကိုယ်စားလှယ်‌တွေကို ‌ရွေးချယ်ခဲ့ကြ တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ‌ဆွေး‌နွေးမှုတွင် လူငယ်‌ရေးရာမူဝါဒ၌ ပါဝင်မည့် ကဏ္ဍများ၊ မဟာဗျူဟာ စီမံချက်များအတွက် ဦးစား‌ပေးသတ် မှတ်ချက်များပို၍ ထွက်ရှိလာသည့်အပြင် ‌ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပြည်နယ်အဆင့်နှင့် ပြည်‌ထောင် စုအဆင့် ဟူ၍ လူငယ်‌ရေးရာ ‌ကော်မတီများ ဖွဲ့စည်းပြီး ၆ လအတွင်း မဟာဗျူဟာစီမံချက်ကို အပြီးသတ်‌ရေး ဆွဲရမည်ဖြစ်‌ကြောင်း လည်း နန်းထက်ထက်လင်းစိုးက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အဆင့် လူငယ်‌ရေးရာ‌ကော်မတီကို ပြည်နယ်အတွင်းရှိ မြို့နယ်၊ လူမျိုး၊ မသန်စွမ်း၊ အလုပ် သမား၊ ပါတီအရပ်ဘက်အဖွဲ့အစည်း၊ တက္ကသိုလ်လူငယ် စသည့် အလွှာအသီးသီးကိုယ်စားပြုလူငယ် ၁၆ ဦး ဖြင့်ဖွဲ့စည်းထားသည့်အပြင် အရံကိုယ်စားလှယ် ၁၆ ဦးကိုပါထည့်သွင်းဖွဲ့စည်းထားသည်ဟု လည်းသိရသည်။

လူငယ်‌ရေးရာ မူဝါဒဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ လူငယ်များ၏ နိုင်ငံ‌ရေး၊ ပညာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ယဉ်‌ကျေးမှု အနာဂတ် အလားအလာ‌ကောင်းများကို ဖြည့်ဆည်းနိုင်မည့် မဟာဗျူဟာလမ်းညွှန်ချက်များကို စနစ်တကျ‌ဖော်ညွှန်းထား‌သော မူ‌ဘောင်တစ်ခုဖြစ်သည်ဟု သိရသည်။

နှစ်ရက်တာ ပြုလုပ်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ လူငယ်‌ရေးရာ မူဝါဒကို ကရင်ပြည်နယ်ရှိ လူငယ်များ ကျယ်ပြန့်စွာသိရှိနိုင်ရန် ရှင်းလင်းမိတ်ဆက်ခြင်း၊ လူငယ်ကိုယ်စားလှယ်အသစ်များ ‌ရွေး‌ကောက်ခြင်းများ ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ မြို့နယ်အသီးသီးရှိ လူငယ်ကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀ဝ ဦး တက်‌ရောက်ခဲ့ကြသည်။

မသန်စွမ်းလူငယ်‌ရေးရာ အရံကိုယ်စားလှယ်အဖြစ်‌ရွေးချယ်ခံရသူ သံ‌တောင်မြို့နယ်ဇာတိ ‌နော်‌စေးလ်ဗီယာက“ ကျမတို့ ဝန်းကျင်မှာ မသန်စွမ်း‌တွေအများကြီးရှိပါတယ်။ မသန်စွမ်းလူငယ်‌တွေနဲ့ ပတ်သက်ပြီး သူတို့ရသင့် ရထိုက်တဲ့အရာ၊ ဖြစ်ချင်တဲ့ ဆန္ဒ‌တွေကို ဖြစ်ခွင့်ရခွင့် မရှိခဲ့ရာက‌နေ ဖြစ်ခွင့်ရရှိ‌အောင် အ‌ကောင်အထည် ‌ဖော်‌ပေးချင်တဲ့ စိတ်ကူးနဲ့ အ‌ရွေးခံရခြင်းဖြစ်တယ်။ လုပ်ဖို့လည်း အစီအစဉ်ရှိတယ်‌ပေါ့‌နော်” ဟု‌ပြောသည်။

မြန်မာနိုင်ငံလူငယ်မူဝါဒ ‌ရေးဆွဲ‌ရေးဆိုင်ရာ မူကြမ်း‌ရေးဆွဲ‌ရေးအဖွဲ့ အစည်းအ‌ဝေး (၃)ကြိမ်၊ လုပ်ငန်း‌ကော်မတီ အစည်းအ‌ဝေး (၂) ကြိမ်နှင့် ဗဟို‌ကော်မတီ အစည်းအ‌ဝေး (၁) ကြိမ်တို့ ကျင်းပ‌ဆောင်ရွက်ခဲ့ပြီး လူငယ်မူဝါဒ ‌ရေးဆွဲ‌ရေးဆိုင်ရာ ‌ကော်မတီ (၃) ရပ် ‌တွေ့ဆုံပွဲကို ၂ဝ၁၇ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်‌နေ့တွင် ဗဟို‌ကော်မတီဝင် ပြည်‌ထောင် စုဝန်ကြီး (၃) ဦးနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ လူငယ်‌ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်‌နေ့တွင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။