Home သတင်း ‌စောဘဦးကြီး ‌ကြေးရုပ်ထုအစား ပုံတူပန်းချီရုပ်ထုကို ကရင်အမျိုးသား‌နေ့ အကြိုအဖြစ် ‌ကေအဲန်ယူ ဂုဏ်ပြုစိုက်ထူ

‌စောဘဦးကြီး ‌ကြေးရုပ်ထုအစား ပုံတူပန်းချီရုပ်ထုကို ကရင်အမျိုးသား‌နေ့ အကြိုအဖြစ် ‌ကေအဲန်ယူ ဂုဏ်ပြုစိုက်ထူ

4599

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

နှစ် ၇ဝပြည့် ကရင်အမျိုးသား‌နေ့ အထိမ်းအမှတ် ‌စောဘဦးကြီး ပုံတူကွန်ကရစ်ပန်းချီရုပ်ထုကို ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ ဝင်း‌ရေးမြို့နယ်ရုံး၌ ‌ဖေ‌ဖော်ဝါရီ ၁ဝရက်၊ ည ၇နာရီအချိန်တွင် စိုက်ထူ ဖွင့်လှစ်ခဲ့သည်။

‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံးတွင် ကရင်အမျိုးသား‌နေ့ အထိမ်းအမှတ်အဖြင့် မူလက ‌စောဘဦးကြီးပုံတူ ‌ကြေးရုပ်ထု စိုက်ထူ ရန် စီစဉ်ခဲ့‌သော်လည်း တပ်မ‌တော်ဖက်က ကန့်ကွက်သည့်အတွက် စိုက်ထူခွင့် မရဖြစ်ခဲ့ပြီး မူလ ‌ကြေးရုပ်ထု စိုက်ထူရန် စီစဉ် ထားသည့်‌နေရာတွင် ယခုလို ‌စောဘဦးကြီးကွန်ကရစ် ပန်းချီ ရုပ်ထုကို စိုက်ထူခဲ့ ခြင်းဖြစ်သည်။

နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ရုံးတွင် ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ‌စောဘဦးကြီးပုံတူ ရုပ်ထုစိုက်မည့်အ‌ပေါ် ကန့်ကွက်ခြင်းသည် ရန်မူသည့် အပြုအမှု ဖြစ်သည်ဟု အခမ်းအနား မိန့် ခွန်းတွင် ဝင်း‌ရေးမြို့နယ် ဥက္ကဌ ပဒို‌စော‌မောင်‌ရွှေက ‌ပြောသည်။

၎င်းက “NCA သ‌ဘောတူစာချုပ် အပိုဒ်ခွဲ (၈) အပိုဒ်ခွဲ (ခ) အရ တဖက်နှင့်တစ်ဖက် ရန်မူသည့် (သို့) ‌စော်ကားမှုဖြစ်‌စေသည့် တိုက်ရိုက် (သို့) သွယ်ဝိုက်သည့် လုပ်ရပ်များကို မပြုလုပ်ရ ဟူ‌သော အချက်ပါရှိတယ်။ ရုပ်ထုကို လာ‌ရောက်တားဆီးပိတ်ပင် ခြင်းဟာ ရန်မူ၊ ‌စော်ကားမှု ဖြစ်‌စေပါတယ်”ဟု မိန့်ခွန်းတွင် ‌ပြောဆိုခဲ့သည်။

‌သေနတ်သံမ‌ပေါက်ဘဲ ငြိမ်းချမ်း‌ရေးလို့ ယူဆ‌တွေး‌ခေါ်တဲ့သူများ အမျိုးသားနိုင်ငံ‌ရေးအရ တုပ်‌နှောင်၊ ချည်‌နှောင်ထားခြင်း ခံရသ လို သိရှိလာပြီး ကရင်တစ်မျိုးသားလုံး တန်ဘိုးထား‌လေးစားသည့် အမျိုးသား‌ခေါင်း‌ဆောင်ရုပ်ထု စိုက်ထူခွင့်မရခြင်းသည် နှလုံး သားကို ဆူးထိုးမိသလို ခံစားရသည်ဟု ၎င်းက ဆက်‌ပြောသည်။

အဆိုပါ နှစ် ၇ဝ ပြည့် ကရင်အမျိုးသား‌နေ့ အခမ်းအနားသို့ ‌ဒေသခံများ၊ ‌ကျေးရွာအသီးသီးမှ စာ‌ပေ၊ ယဉ်‌ကျေးမှု ဒုံးအဖွဲ့ဝင်များ စုစု‌ပေါင်း လူ ၃၀ဝနီးပါး တက်‌ရောက်ခဲ့သည်။

‌မော်လမြိုင်နည်းပညာတက္ကသိုလ် ယဉ်‌ကျေးမှုအဖွဲ့ဝင် ‌စောစိုးသန်းက “ ကရင်‌တေးသရုပ်‌ဖော်အကနဲ့ ကျ‌နော်တို့အဖွဲ့ လာ ‌ရောက်‌ဖျော်‌ဖြေတာပါ။ အခက်အခဲကြားက‌နေ ‌နေ့ထူး‌နေ့မြတ်‌လေးကို လာတက်‌ရောက်ခြင်းဖြစ်တယ်။ ကရင်လူမျိုး‌တွေရှိတဲ့ ‌ဒေသမှာ ကရင်‌ခေါင်း‌ဆောင်ရုပ်ထု စိုက်ထူခွင့်မရတာ ဝမ်းနည်းမှုက‌နေ မခံချင်စိတ်‌တွေ ဖြစ်လာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခုလို မူလစီစဉ်ထားသည့် ‌စောဘဦးကြီး ‌ကြေးရုပ်ထုအစား ‌စောဘဦးကြီး ကွန်ကရစ် ပန်းချီရုပ်ထုကို စိုက်ထူခဲ့‌သော်လည်း ‌ဒေသခံများအ‌နေဖြင့် အားရ‌ကျေနပ်မှု မရှိ‌သေးဘဲ ‌စောဘဦးကြီး ‌ကြေးရုပ်ထုကို အခိုင်အမာ ပြန်စိုက်ထူနိုင်ရန် ဆက်ကြိုးစား လုပ်‌ဆောင်‌စေလိုသည်ဟု ‌ဒေသခံများနှင့် အခြား‌ဒေသများရှိ ကရင်လူမျိုးများက ‌ပြောဆို‌နေကြသည်။