Home သတင်း ဘုရားသုံးဆူနယ်စပ်ဂိတ် ပြန်လည်ဖွင့်‌ပေးရန် ထိုင်းအစိုးရ ထပ်မံ‌တောင်းဆို

ဘုရားသုံးဆူနယ်စပ်ဂိတ် ပြန်လည်ဖွင့်‌ပေးရန် ထိုင်းအစိုးရ ထပ်မံ‌တောင်းဆို

2509

‌ဖေ‌ဖော်ဝါရီ ၈ရက် ၊၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်‌ပေးရန် ထိုင်းအစိုးရ တာဝန်ရှိသူများက ထပ်မံ‌တောင်းဆိုထားသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်‌နေ့တွင် ဘုရားသုံးဆူမြို့၊ အုပ်ချုပ်‌ရေးမှူးခန်းမ၌ မြန်မာ-ထိုင်း နယ် ခြား‌ကော်မတီဝင် တာဝန်ရှိသူများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ထိုင်းနိုင်ငံ၊ ဝင်းကမြို့ အမှတ် ၂၉ တပ်မ ဗျူဟာမှူး ဗိုလ်မှူးကြီး စလဝပ်ချိုင်ရာဆစ် ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယခုလို နယ်စပ်ဂိတ်ပြန်ဖွင့်‌ပေးရန် မြန်မာ အစိုးရတာဝန်ရှိသူများထံ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင်က “သူတို့က နယ်စပ်ဂိတ် ဖွင့်‌ပေးဖို့ ‌တောင်းဆိုတာ‌ပေါ့။ နှစ်နိုင်ငံ နယ်နိမိတ် ကိစ္စမပြတ်‌သေး‌တော့ ဂိတ်ပြန်ဖွင့်ဖို့ အခက်အခဲရှိတယ်။ သူတို့ဘက်က ဒီဘက်ကုန်သွယ်အဖွဲ့ ‌တွေနဲ့ အဆင် သင့် ရှိ‌နေတာဖြစ်တဲ့အတွက် ကုန်သွယ်‌ရေးလုပ်‌စေချင်တယ်။ ပြည်‌ထောင်စုအဆင့် နှစ်နိုင်ငံသ‌ဘောတူလက်မှတ်ထိုးနိုင်ဖို့ နှစ်ဖက်နည်းလမ်း ရှာ‌နေကြတယ်” ဟု ‌ဖေ‌ဖော်ဝါရီလ ဆန်းပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နှစ်ဖက်ကိုယ်စားလှယ်များ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ယခင်ကထိုင်းဘက်ခြမ်းတွင် ‌ရေ‌မြောင်း‌ဖောက်လုပ် သည့်ကိစ္စကို နည်းလမ်းရှာပြီး‌ဆောင်ရွက်ရန်၊ နယ်နိမိတ် ကျူး‌ကျော်သည့်ကိစ္စနှင့် ပတ်သက်၍ တရားဝင်တိုင်းတာမှု မရှိ‌သေးသည့်အ‌ပေါ် ‌နေမြဲအတိုင်း‌နေရန် မြန်မာဘက်မှ‌ပြောဆိုထားပြီး မူးယစ်‌ဆေးဝါးများ ဝင်‌ရောက် ‌နေမှုကို နှစ်ဖက် ဝိုင်း‌ဆောင်ရွက်ရန်၊ မြန်မာအလုပ်သမားများ အလုပ်သမားအခွင့်အ‌ရေး အပြည့်အဝခံစားလိုလျှင် ဥပ‌ဒေနှင့်အညီ အ‌ထောက်အထားလက်မှတ်ရှိရန်ကိစ္စနှင့် လူကုန်ကူးမှုကိစ္စ ပူး‌ပေါင်း‌ဆောင်ရွက်‌ပေးရန် စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

ကြာအင်းဆိပ်ကြီး‌ဒေသခံ ဦး‌အောင်နိုင်က “နယ်စပ်ဂိတ် ပိတ်လိုက်ကတည်းက ကုန်စည်စီးဆင်းမှု နည်းသွားတယ်။ ထိုင်းဘက်က ကုန်စည်ဒိုင်‌တွေလည်း တရားဝင် ဖွင့်တဲ့လမ်းက‌နေ ‌ပြောင်းသွားကြတယ်။ ‌ဒေသခံ‌တွေ အလုပ်အကိုင်နည်း ပါးလာ‌တော့ စားဝတ်‌နေ‌ရေး ခက်ခဲသွားတယ်။ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ရင် အစိုးရက အခွန်‌တွေရလာမယ်။ ကျ‌နော်တို့‌ဒေသခံ‌တွေလည်း အလုပ်အကိုင်ရလာမယ်။ နယ်စပ်ဂိတ်ကို ပြန်ဖွင့်‌ပေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ပရိ‌ဘောဂလုပ်ငန်း၊ ရာဘာ၊ စိုက်ပျိုး‌ရေးထုတ်ကုန်များ မြန်မာဘက်အခြမ်းမှ တရားမဝင် တင်ပို့ မှုများရှိပြီ ထိုင်းဘက်ခြမ်းမှ ဆိုင်ကယ်၊ ကား၊ အဝတ်အထည်၊ စား‌သောက်ကုန်များ တရားမဝင် တင်သွင်းမှုများ ရှိ‌ကြောင်း ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ-ထိုင်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ၂၀၀၇ ခုနှစ်တွင် မြန်မာဘက်က ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ နယ်စပ်ဂိတ် ပြန်ဖွင့်ရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ ၂၀၁၆ ပြည်သူ့လွှတ်‌တော် အစည်းအ‌ဝေးတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ လွှတ်‌တော်ကိုယ်စားလှယ်‌စောတင်ဝင်းက ‌မေးခွန်း‌မေးမြန်းခဲ့ဖူးပြီး နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှု ပြန်တိုင်းတာပြီးမှသာ နယ်စပ်ဂိတ်ပြန်ဖွင့်မည်ဟု စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာန၊ ပြန်‌ထောင်စုဝန်ကြီး ‌ဒေါက်တာသန်းမြင့်က ပြန်လည်‌ဖြေကြားခဲ့သည်။