Home သတင်း နိုင်ငံခြား‌ရောက် ကရင်လူငယ်များ နယ်စပ်အ‌ခြေအ‌နေ ‌လေ့လာသင်ယူမှုနှင့် အကူအညီ‌ပေးမှုများပြုလုပ်

နိုင်ငံခြား‌ရောက် ကရင်လူငယ်များ နယ်စပ်အ‌ခြေအ‌နေ ‌လေ့လာသင်ယူမှုနှင့် အကူအညီ‌ပေးမှုများပြုလုပ်

2395

ဇန်နဝါရီ ၃ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး

အ‌မေရိကန်၊ ‌နော်‌ဝေ၊ နယ်သာလန် စသည့် ပြည်ပနိုင်ငံများသို့ ‌ပြောင်း‌ရွှေ့အ‌ခြေချ‌နေထိုင်သည့် ကရင်လူငယ်များနှင့် ‌ဒေသခံကရင်လူငယ်တို့ ပူး‌ပေါင်း၍ ယခင်လ ဒီဇင်ဘာ ၂၇ ရက်မှစတင်ကာ နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းအတွင်း အ‌ခြေအ‌နေများအား ‌လေ့လာသင်ယူမှုများနှင့် အကူအညီ‌ပေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

Power Mentor အဖွဲ့၏ ဦး‌ဆောင်စီစဉ်မှုအရ ပြည်ပသို့‌ပြောင်း‌ရွှေ့‌ရောက်ရှိသွားသည့် ကရင်လူငယ်များအ‌နေဖြင့် နယ်စပ် ‌ဒေသတွင်းရှိ မိမိကရင်လူမျိုးတို့၏ အ‌ခြေအ‌နေမှန်များကို ကိုယ်တိုင်‌လေ့လာသင်ယူပြီး ‌ဒေသတွင်း ကရင်လူငယ်များနှင့်ပူး ‌ပေါင်းကာ အပြန်အလှန်‌လေ့လာသင်ယူမှုများပြုလုပ်၍ လိုအပ်သည့် အကူအညီများကို ဇန်နဝါရီ ၁၅ရက်‌နေ့အထိပြုလုပ် သွားမည်ဟု ‌ပေး‌နေခြင်းဖြစ်သည်ဟု အဖွဲ့၏ ဦး ‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သူ ‌နော်သဒါးဆဲက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “နိုင်ငံခြားက ပြန်လာတဲ့ကရင်လူငယ်‌တွေက ဒီနယ်စပ်မှာရှိတဲ့ကရင်လူငယ်‌တွေဆီက‌နေ ‌လေ့လာသင် ယူပြီး‌တော့ နယ်စပ်က လူငယ်‌တွေကလည်း ကျမတို့ဆီက‌နေ အပြန်အလှန်‌လေ့လာသင်ယူမှု‌တွေ ပြုလုပ်ပြီးတဲ့ ‌နောက်အပြန်အလှန် ‌လေ့လာသင်ယူမှု၊ လှုပ်ရှား‌ဆောင်ရွက်မှုက‌နေတစ်ဆင့် သူတို့အ‌နေနဲ့ ကျမတို့ ပြန်သွားတဲ့‌နောက်ပိုင်းမှာ ကိုယ်တိုင်ဦး ‌ဆောင်လှုပ်ရှား‌ဆောင်ရွက်သွားနိုင်ဖို့အတွက်ကို ကျမတို့ အဓိက ရည်ရွယ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ၎င်းတို့လူငယ်များအ‌နေဖြင့် ‌ဒေသတွင်းလိုအပ်သည့်အကူအညီများကို ပြည်ပနိုင်ငံများမှ ‌ဒေသတွင်း အဖွဲ့အ စည်း‌ခေါင်း‌ဆောင်များမှတစ်ဆင့် လူထုများသို့ ‌ပေးပို့ကူညီနိုင်‌သော်လည်း လူထုများကို တိုက်ရိုက် ပြန်လည် ကူညီ‌ပေးရန်ဆန္ဒရှိခြင်း‌ကြောင့် ကိုယ်တိုင်‌ဒေသတွင်းသို့ ကွင်းဆင်း၍ ပြန်လာကူညီ ‌ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ‌နော်သဒါးဆဲက ဆက်‌ပြောသည်။

အဆိုပါ လူငယ်အဖွဲ့အ‌နေဖြင့် နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းများ၌ ကျန်းမာ‌ရေးအသိပညာ‌ပေးနှင့် ‌ဆေးဝါး အချို့ကို ကူညီ‌ပေးရန်၊ ‌ဒေသတွင်း လူငယ်များ ‌ခေါင်း‌ဆောင်မှုပိုင်းဆိုင်ရာဖွံ့ဖြိုး‌ရေးနှင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုအတွက်‌ဆေးအဖွဲ့၊ ‌ခေါင်း‌ဆောင်မှုဖွံ့ဖြိုး‌ရေးအဖွဲ့၊ လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းအဖွဲ့ စသည်ဖြင့် သုံးဖွဲ့ခွဲကာ ‌ဒေသတွင်းသို့ ကွင်းဆင်း၍ လိုအပ် သည့် ‌တွေ့ဆုံမှုများ၊ အပြန်အလှန်‌ဆွေး‌နွေးဖလှယ်မှုများကို ပြုလုပ်သွားမည်ဟု သိရသည်။

၎င်းလူငယ်အဖွဲ့တွင် ပြည်ပနိုင်ငံများသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်သည့် ကရင်လူငယ်များ၊ ဒုက္ခသည်စခန်း နှင့် နယ်စပ်‌ဒေသမှ ကရင်လူငယ်များစုစု‌ပေါင်း (၇၀)ဦး ပူး‌ပေါင်း၍ နယ်စပ်‌ဒေသရှိ ကရင်လူငယ်အဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအ ရုံး-KNU ‌ခေါင်း‌ဆောင်များ၊ KNU ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင် များနှင့်‌တွေ့ဆုံမှုများပြုလုပ်ခြင်းနှင့် ‌ဒေသတွင်း ကွင်းဆင်း‌လေ့လာမှုများပြုလုပ်သွားမည်ဟု ၎င်းလူငယ် အဖွဲ့က‌ပြောသည်။

နယ်စပ်လူငယ်အ‌နေဖြင့်ပါဝင်သူ ‌စောမူး‌တောက “ကျ‌နော်တို့အ‌နေနဲ့ ‌ခေါင်း‌ဆောင်မှုနဲ့ပတ်သက်တာ ‌ဆေးပညာနဲ့ ပတ် သက်တာ ‌နောက်ပြီး လူမှုဆက်ဆံ‌ရေးနဲ့ပတ်သက်တာ‌တွေ သူတို့ဆီက‌နေ ‌လေ့လာသင်ယူ ခွင့်ရတာ‌ပေါ့။ ဒါ‌တွေက အနာ ဂါတ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပဲ ဖြစ်တယ်‌လေ။ ‌နောက်ပြီး ဒီလို‌လေ့လာ သင်ယူရင်းနဲ့ ကိုယ့်ပြည်သူလူထုကိုလည်း တတ် နိုင်တဲ့ဘက်က‌နေ ကူညီခွင့်လည်းရသွားတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

Power Mentor အဖွဲ့၏ ဦး‌ဆောင်မှုဖြင့် နိုင်ငံခြား‌ရောက် ကရင်လူငယ်များ၏ ပြန်လည် ‌လေ့လာသင်ယူ ခြင်း အကူအညီ ‌ပေးသည့် အစီအစဉ်သည် ယခုတစ်ကြိမ်တွင် တတိယအကြိမ်‌မြောက် အစီအစဉ်ဖြစ်ပြီး ‌နောက် လာမည့် စတုတ္ထအကြိမ် ‌မြောက်အစီအစဉ်အတွက် ကရင်လူငယ်ဦး‌ရေ ၁ဝဝ ‌ကျော် နာမည် စာရင်း‌ပေးထားသည်ဟု သိရသည်။