Home သတင်း တစ်ပြည်လုံး အပစ်ရပ်နိုင်‌ရေး ကြန့်ကြာ‌နေခြင်းမှာ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွင် အဓိကကျဟု DKBA စစ်ဦးစီးချုပ်ယူဆ

တစ်ပြည်လုံး အပစ်ရပ်နိုင်‌ရေး ကြန့်ကြာ‌နေခြင်းမှာ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွင် အဓိကကျဟု DKBA စစ်ဦးစီးချုပ်ယူဆ

2334

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

တစ်ပြည်လုံး အပစ်ရပ်နိုင်‌ရေးအတွက် အချိန်ကြန့်ကြာ‌နေရခြင်းမှာ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွင် အဓိကကျသည်ဟု ထင် မြင်‌ကြောင်း ကရင်ပြည်နယ်၊ မြဝတီခရိုင် စုကလိမြို့နယ်ခွဲရှိ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်တွင် ဒီဇင်ဘာ ၂၁ (ယမန် ‌နေ့)ပြုလုပ်သည့် ၂၃ နှစ်‌မြောက် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA နှစ်ပတ်လည်‌နေ့ အခမ်းအနားတွင် စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ‌ပြောကြားလိုက်သည်။

၎င်းက “ဒီလို ကြန့်ကြာ‌နေတယ်ဆိုတာ နှစ်ဦးနှစ်ဖက်ရဲ့ယုံကြည်မှုက အဓိက ကျတယ်လို့ ထင်ပါတယ်။ ယုံကြည်မှုဆိုတာ သူ့ဖက်ကိုယ့်ဖက်‌ပေါ့။ ကျ‌နော်တို့ အ‌နေအထားကျ‌တော့ ဒီ NCAအ‌နေအထားကို ယုံတယ်။ ဒီငြိမ်းချမ်း‌ရေး ခရီးလမ်းကို ယုံလို့ ထိုးခဲ့တာ။ ဒါ‌ပေမယ့် ယုံကြည်မှု ဆိုတဲ့ဟာတစ်ခုက မယုံ‌သေးတဲ့အချက်များ ရှိအုံးမလား။ အားမလိုအားမရ ‌သေးတဲ့အချက်များ ရှိအုံးမလား။ မပြည့်စုံ‌သေးတဲ့ဟာများ လိုအပ်‌သေးလား။ နှစ်ဦးနှစ်ဖက်က အ‌လျှော့အတင်းများကျန်‌နေ‌သေးလား‌ပေါ့။” ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိ အပစ်ရပ်လက်မှတ်ထိုးထားသည့် ရှစ်ဖွဲ့ဖြင့် ‌ရှေ့ဆက်သွားရန် မဖြစ်နိုင်‌သေးဘဲ အပစ်ရပ်မထိုးနိုင် ‌သေးသည့် ကျန်ရှိ‌သော တိုင်းရင်းသားလက်နက်ကိုင်များကို‌စောင့်‌နေရသည့် အ‌ခြေအ‌နေများ‌ကြောင့် ကြန့်ကြာ‌နေရခြင်း ဖြစ်‌ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနှင့် တပ်မ‌တော်အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုရလျှင် နိုင်ငံ ‌ရေး ‌ဆွေး‌နွေးအ‌ဖြေရှာမှုအတွက် ရလဒ်‌ကောင်းများ‌ပေါ်ထွက်လာမည်ဟု ယုံကြည်‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး ‌စောမို‌ရှေးက ဖြည့်စွက်‌ပြောဆိုသည်။

DKBA အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA)ကို အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ ၇ဖွဲ့နှင့်အတူ ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ် ၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် လက်မှတ်ထိုးခဲ့ သည့် ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သလို ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်း အ‌ဝေးနှင့်အတူ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုများတွင် အခြား‌သောလက်မှတ်‌ရေးထိုးထားသည့်အဖွဲ့များ နှင့် ပူး‌ပေါင်းပါဝင်မှုများ လုပ်‌ဆောင်‌နေသည့်အဖွဲ့တစ်ခုလည်း ဖြစ်သည်။

ယမန်‌နေ့က ကျင်းပသည့် ၂၃ နှစ်‌မြောက် DKBA ‌နေ့အခမ်းအနားသို့ မြဝတီခရိုင် ‌ဒေသအာဏာပိုင်များ၊ လွှတ်‌တော် ကိုယ်စားလှယ်များ၊ နယ်ခြား‌စောင့်တပ်( BGF)၊ ၈၈ မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်၊ အခြား‌သော တိုင်းရင်းသား မဟာမိတ်‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များ၊ DKBA အရာရှိ၊ အရာခံ၊ စစ်သည်များနှင့် ‌ဒေသခံပြည်သူလူထု အပါအဝင် စုစု‌ပေါင်း ၃ဝဝဝ(သုံး‌ထောင်)ခန့် တက်‌ရောက်ခဲ့ကြသည်။

ထို့အတူ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောမို‌ရှေးမှ မိန့်ခွန်း‌ပြောကြားခဲ့ပြီး အထူးဧည့်သည်‌တော်များမှ အမှာစကား‌ပြောကြားခြင်းအပြင် တိုင်းရင်းသား မဟာမိတ်နှင့် နိုင်ငံ‌ရေးပါတီ အသီးသီးမှ ‌ပေးပို့လာသည့် သဝဏ်လွှာများကို သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များမှ ဖတ်ကြားခဲ့ကာ စစ်‌ရေးပြ အခမ်းအနားနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များပါဝင်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသည့် ‌စောအန်ဒရူးက “လက်ရှိငြိမ်းချမ်း‌ရေးဖြစ်စဉ်အ‌ပေါ်‌တော့ သိပ်အားမရပါဘူး။ ကန့် သတ်ချက်များတယ်လို့လည်း မြင်ပါတယ်။ ‌ဆွေး‌နွေးရမဲ့အပိုင်းမှာ တိုးတက်မှု‌နှေး‌ကွေးတယ်လို့မြင်ပါတယ်။ လူ့အခွင့် အ‌ရေး၊ နိုင်ငံသားအခွင့်အ‌ရေး၊ ဒီမိုက‌ရေစီအ‌ရေးအ‌ပေါ်အ‌ခြေခံပြီး‌ဆွေး‌နွေးပြီးသွားရင် ငြိမ်းချမ်း‌ရေးရကိုရရမယ်။ ကျ‌နော်တို့ ‌လော‌လောဆယ်လိုအပ်တာ တိုင်းပြည်ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးဖို့ တိုးတက်ဖို့ပါ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

DKBA အဖွဲ့သည် KNU အဖွဲ့အစည်းမှ ၁၉၉၄ ခုနှစ်တွင် စတင် ခွဲထွက်ခဲ့ပြီး‌နောက် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA အဖြစ် ရပ်တည်ခဲ့ရာမှ ၂၀၁၂ခုနှစ်၊ ဧပြီလတွင် ဒီမိုက‌ရေစီအကျိုးပြုကရင် တပ်မ‌တော်-DKBA အဖြစ် နာမည်‌ပြောင်းလဲခဲ့ခြင်းဖြစ်သည်။