Home သတင်း ပြည်နယ်လွှတ်‌တော်သို့ တိုင်ကြားစာ‌ရောက်ရှိမှုတွင် ‌မြေယာပြဿနာ ၉ဝ ရာခိုင်နှုန်းခန့်ဖြစ်‌နေ

ပြည်နယ်လွှတ်‌တော်သို့ တိုင်ကြားစာ‌ရောက်ရှိမှုတွင် ‌မြေယာပြဿနာ ၉ဝ ရာခိုင်နှုန်းခန့်ဖြစ်‌နေ

2119
Photo_Ko Myo

နိုဝင်ဘာ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်လွှတ်‌တော်သို့ ယခုနှစ် ဇန်နဝါရီမှ ‌အောက်တိုဘာလအထိ အများပြည်သူတိုင်းကြားစာ ‌ရောက်ရှိ လာမှုတွင် အများစုမှာ ‌မြေယာပြဿနာဖြစ်ပြီး ၉ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ပြည်နယ်လွှတ်‌တော်၊ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိကဝတ်များ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသ နားခံစာဆိုင်ရာစိစစ်‌ရေး ‌ကော်မတီ ဥက္ကဌ၊ သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောလှမြင့်က ‌ပြောသည်။

၎င်းက “ တိုင်ကြားစာ ၅၄ ‌စောင်မှာ ‌မြေယာနဲ့ပတ်သက်တဲ့တိုင်စာ ၉ဝ ရာခိုင်နှုန်းရှိတယ်။ လျှပ်စစ်မီးကိစ္စနဲ့ အခြား တိုင်ကြားတဲ့စာက ၁ဝ ရာခိုင်နှုန်းပါတယ်။ အစိုးရဌာနက သိမ်းတဲ့‌မြေကိစ္စ‌တွေ၊ ‌မွေးမြူ‌ရေးဇုန် ပုံစံလိုမျိုး‌ပေါ့။ တပ်က သိမ်းထားတဲ့ပုံစံမျိုး‌တွေကို ပြည်နယ်အစိုးရအဖွဲ့ကို လွှဲ‌ပေးတယ်။ ကျန်တဲ့အမှု‌တွေကို စိစစ်‌ဆောင်ရွက်ဆဲပါ” ဟု ‌ကေအိုင်စီသို့ နိုဝင်ဘာ ၁ဝ ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် တိုင်ကြားစာ ၂၈ မှုကို အစိုးရအဖွဲ့ထံလွှဲအပ်လိုက်ထားပြီး ‌ကော်မတီအ‌နေဖြင့် ၁၂ မှုကို စစ်‌ဆေး ‌ဆောင်ရွက် ‌နေ‌ကြောင်း၊ ကျန် ၁၄ မှုကို စိစစ်‌နေဆဲဖြစ်ပြီး အစိုးရအဖွဲ့အ‌နေဖြင့် စိစစ်‌ဆောင်ရွက်‌နေသည့် အမှုများကို ‌ကော်မတီသို့ အ‌ကြောင်းပြန်မှုမရှိ‌သေးသဖြင့် ‌ဆောင်ရွက်‌ပေးနိုင်မှု အ‌ခြေအ‌နေ မသိရ‌သေး‌ကြောင်း၊ ပြည်သူများ၏ တိုင်ကြားမှုများကို စိတ်‌ကျေနပ်တဲ့အထိ မျှမျှတတ ‌ဆောင်ရွက်‌ပေးသွားမည်ဟု ဥက္ကဌ ‌စောလှမြင့်က ဆက်‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်း‌ကျေးရွာမှ ‌မြေသိမ်းခံရသူ ‌နော်‌ခေါ်နစ်က “ နယ်‌မြေမ‌အေးချမ်းတုန်းက ဟို‌ပြေးလိုက် ဒီ‌ပြေးလိုက်နဲ့ ‌ရှောက်၊ သံပုရာ၊ သရက်၊ ဘိန္နဲပင်‌တွေ စိုက်ခဲ့တယ်။ အခု ‌မြေ ၁၂ ဧကမှာ ရာဘာ ပင်စိုက်ထားတာ ၁ဝ နှစ်‌လောက်ရှိပြီး။ လုပ်ကိုင်လို့‌တော့ ရတယ်။ တပ်‌မြေလို့‌ပြောပြီး လက်မှတ်ထိုးခိုင်တာ မထိုး‌ပေးခဲ့ဘူး။ အားအင်စိုက် လုပ်ထားတယ်ဆို‌တော့ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် လိုချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ‌မြေယာ သိမ်းဆည်းခံရမှု အများစုမှာ အစိုးရ၊ တပ်နှင့် ကုမ္ပဏီများက သိမ်းယူမှုှ များဖြစ်သလို ‌ပြေလည်‌အောင်မ‌ဖြေရှင်းနိုင်‌သေးသည်ကို ‌တွေ့ရ‌ကြောင်း၊ တပ်သိမ်း‌မြေများ ပြန်စွန့်လွှတ်‌သော် လည်း မူလပိုင်ရှင်များထံ လက်ဝယ်မရရှိမှုများလည်းရှိကာ ‌မြေယာ အသိမ်းခံရမှုများကို ပွင့်လင်းမြင်သာမှုရှိရှိ ‌ဖြေရှင်း‌ပေးရန် လိုသည်ဟု ‌မြေယာနှင့် အလုပ်သမားအ‌ရေး လှုပ်ရှား‌နေသည့် မြန်မာနိုင်ငံ တိုင်းရင်းလူထုတိုးတက်‌ရေး မိတ်ဖက်အဖွဲ့ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးထွန်းမြင့်‌အောင်က ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

ပြည်နယ်အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်၊ ဇွန် ၁၇ ရက်‌နေ့တွင် ကရင်ပြည်နယ် အစိုးရ၊ လယ်ယာစီမံခန့်ခွဲ မှု‌ကော်မ တီက ပြည်နယ်အတွင်း တပ်မ‌တော်၊ အမှတ်(၃၃၈) နှင့် (၃၃၉) ‌ခြေမြန်တပ်ရင်း၊ ပြည်နယ် အကျဉ်းဦးစီးဌာနနှင့် ယခင် အမှတ်-၂ စက်မှု ဝန်ကြီးဌာနတို့ သိမ်းယူထားသည့် ‌မြေများမှ ‌မြေ ၂၃၂ ဒသမ ၄ ဧကကို လယ်သမားများထံ ယာယီ လုပ်ပိုင်ခွင့် ပြန်‌ပေးခဲ့ဖူး‌သော်လည်း အချို့လယ်‌မြေများမှာ တစ်နှစ်‌ကျော်ကြာထိ လုပ်ပိုင်ခွင့်မရရှိမှုများ ကြုံ‌တွေ့‌နေရ သည်ဟု လယ်သမားများက ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။