Home သတင်း ရွာခန့်နှင့် တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမ ၄၇၃ ဦးအား ကျပ်သိန်း ၈ဝဝ ‌ကျော် ‌ထောက်ပံ့‌ငွေ‌ပေးအပ်

ရွာခန့်နှင့် တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမ ၄၇၃ ဦးအား ကျပ်သိန်း ၈ဝဝ ‌ကျော် ‌ထောက်ပံ့‌ငွေ‌ပေးအပ်

2605
ဆရာ၊ ဆရာမများအား ‌ထောက်ပံ့‌ငွေ ‌ပေးအပ်‌နေစဉ် ( Photo_KIC)

နိုဝင်ဘာ ၁၃ ရက် ၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသတွင် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွင်း ‌ကျေးရွာခန့် ဆရာ/ ဆရာမနှင့် တိုင်းရင်းစာ‌ပေသင်ကြား‌နေသည့် ဆရာ/ဆရာမ ၄၇၃ ဦးအား KNU -ကရင်အမျိုးသားအစည်းအရုံး၏ ဝင်း‌ရေး မြို့နယ် ကရင်ပညာ‌ရေးဌာန-KED မှ ‌ထောက်ပံ့‌ငွေ ကျပ်‌ငွေ သိန်း ၈ဝဝ ‌ကျော် ‌ပေးအပ်ပွဲ အစီအစဉ်ကို နိုဝင်ဘာ ၁၂ ရက်‌နေ့က ခလယ်‌ကျေးရွာ ရာပြည့်ဓမ္မဗိမာန်၌ ပြုလုပ်ခဲ့သည်။

ဝင်း‌ရေးမြို့နယ် ကရင်ပညာ‌ရေးဌာန ဒုပညာ‌ရေးမှူး မန်းရှာထူ‌ဝေါ်က “အစိုးရ ‌ထောက်ပံ့‌ငွေမရ‌သေးတဲ့ ‌ကျေးရွာက ခန့် ထားတဲ့ ဆရာ‌တွေ‌ရော၊ ကရင်တိုင်းရင်းစာ‌ပေသင်ကြား‌ပေး‌နေတဲ့ ဆရာ/ဆရာမ အားလုံး ၄၇၃ ဦးအတွက် တစ်ဦးကို ၁၈၅,ဝဝဝ (တစ်သိန်းရှစ်‌သောင်းငါး‌ထောင်) ကျပ်စီ ၊ ၂ဝ၁၇-၁၈ ပညာသင်နှစ်အတွက် ‌ထောက်ပံ့‌ငွေလာ‌ပေးတာပါ။ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ယခင်နှစ်ကထက် ‌ထောက်ပံ့‌ငွေ နည်းသွားတယ်‌ပေါ့‌နော်။ ” ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်ထဲတွင် တိုင်းရင်းသား စာ‌ပေသင်ကြားခွင့်မရ‌သေး‌သော စာသင်‌ကျောင်းများ ရှိ ‌နေ‌သေးသလို တိုင်းရင်းသားစာ‌ပေသင်ကြား‌ပေးမှုကို အစိုးရအ‌နေဖြင့် အပြည့်အဝ အသိအမှတ်ပြု‌စေချင်သည်ဟု ဒုပညာ‌ရေးမှူး မန်းရှာထူ‌ဝေါ်က ဖြည့်စွက်‌ပြောဆိုသည်။

တိုင်းရင်းသားစာ‌ပေသင်ကြား‌နေသည့် ဆရာ/ဆရာမများကို အစိုးရမှ စာသင်ကြားသည့်လအတွင်း တစ်လ ကျပ်‌ငွေ ၃ဝ,ဝဝဝ (သုံး‌သောင်း) ‌ထောက်ပံ့‌ပေးမှုရှိပြီး လာမည့်နှစ် ဇွန်လမှစတင်ကာ ‌နေ့စားလ‌ပေး ဝန်ထမ်းအဖြစ် ‌ရွေးချယ်ခန့်အပ်သွားမည်ဟု အစိုးရ ပညာ‌ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။

ထီးဖိုးနိုင်းရွာ ကရင်စုမှ ဆရာမ ‌နောင်မီ‌ဖေါ့အွာက “‌နေ့လည် ၁ နာရီက‌နေ မိနစ် ၄ဝ သင်ကြားခွင့်ရတယ်။ ‌ကျောင်းသားဦး ‌ရေးများ‌တော့ ယဉ်‌ကျေးမှု၊ သမိုင်း‌တွေ သင်ကြား‌ပေးဖို့ ဘယ်လိုမှ အချိန်မလုံ‌လောက်ဘူး‌ပေါ့‌နော်။ ‌ထောက်ပံ့‌ကြေးဆို တာထက် ကိုယ့်လူမျိုး‌တွေ စာတတ်‌မြောက်‌စေလိုတဲ့ရည်ရွယ်ချက်နဲ့ ‌စေတနာနဲ့သင်‌ပေးတဲ့အ‌ပေါ်မှာ လုံ‌လောက်တဲ့အချိန် သင်ခွင့်ရ‌စေချင်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ခလယ်ရွာမှ အစိုးရ မူလတန်း‌ကျောင်းအုပ် ဆရာမနန်းစိုးခင်ကလည်း မြန်မာစာသည် အသက်‌မွေးဝမ်း‌ကျောင်းအတွက် အတန်းပညာ ဘွဲ့တစ်ခု‌ဆောင်ရွက်‌ပေးနိုင်သလို တိုင်းရင်းသားစာ‌ပေသည်လည်း မိမိလူမျိုး၊ သမိုင်းနှင့် စာ‌ပေများကို သိရှိနားလည်နိုင်ရန် အ‌ရေးကြီးသည့်အတွက် တိုင်းရင်းသားစာ‌ပေသင်ကြားမှုကို ‌ကျောင်းစာသင်အချိန်ဇယားတွင် ထည့်သွင်းပြဌာန်း‌ပေးပါက ပိုအဆင်‌ပြေမည်ဟု ‌ပြောသည်။

ယခင်နှစ် ၂ဝ၁၆-၁၇ ပညာသင်နှစ်က ကရင်ပညာ‌ရေးဌာန (KED) မှ ဆရာ/ဆရာမတစ်ဦးလျှင် ‌ကျောင်း သား ဦး‌ရေ အ‌ပေါ်မူ တည်ပြီး စာသင်နှစ်တစ်နှစ်အတွက် ကျပ်‌ငွေ ၂၄ဝ,ဝဝဝ (နှစ်သိန်း‌လေး‌သောင်း) ‌ထောက်ပံ့‌ပေးမှုအပြင် ‌ကျောင်းသုံး အားကစားပစ္စည်း၊ စာအုပ်၊ စာ‌ရေးကိရိယာနှင့် သင်‌ထောက်ကူပစ္စည်းများ နှစ်စဉ်‌ထောက်ပံ့‌ပေးသည်ဟု ‌ကျောင်းဆရာများက ‌ပြောသည်။