Home သတင်း ဂျပန်ဦး‌နှောက်‌ရောင်‌ရောဂါကာကွယ်‌ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွင် KDHW ပါဝင်ပူး‌ပေါင်းမည်

ဂျပန်ဦး‌နှောက်‌ရောင်‌ရောဂါကာကွယ်‌ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွင် KDHW ပါဝင်ပူး‌ပေါင်းမည်

4068

နိုဝင်ဘာလ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာလ ၁၅ ရက်‌နေ့တွင် ပထမဦး ဆုံးအကြိမ် စတင်ထိုးနှံ‌ပေးမည့် ဂျပန်ဦး‌နှောက်‌ရောင်ကာကွယ်‌ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းတွင် KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ က‌လေးငယ်များကာကွယ်‌ဆေးရရှိနိုင်‌ရေးအတွက် ကရင်ကျန်းမာ‌ရေးနှင့် ကယ် ဆယ်‌ရေးဌာန(KDHW) မှ ပူး‌ပေါင်းပါဝင်ထိုးနှံ‌ပေးမည်ဟု သိရသည်။

ကရင်ပြည်နယ်အပြင် ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများအတွင်းရှိ အစိုးရကျန်းမာ‌ရေးဌာန မလွှမ်းခြုံနိုင်သည့် KNU ထိန်းချုပ်နယ်‌မြေများတွင် KDHW ကျန်းမာ‌ရေးလုပ်သားမှ တာဝန်ယူ ထိုး‌ပေးမည်ဖြစ်ကာ လိုအပ်သည့် ကာကွယ်‌ဆေးများကို အစိုးရမှ ‌ထောက်ပံ့‌ပေးမည်ဖြစ်သည်ဟု KDHW၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါက်တာမာ တာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “KNU ထိန်းချုပ်နယ်‌မြေက ကရင်ပြည်နယ်မကဘဲ အခြားတိုင်း‌ဒေသမှာလဲပါတယ်။ အစိုးရ ကျန်းမာ‌ရေး ဌာနဘက်က ဝင်လို့မရတာလဲရှိ‌သေးတယ် ။ ကရင်ပြည်နယ်မှာဆိုရင် ပြည်နယ် အစိုးရတာဝန်ရှိသူနဲ့ ပူး‌ပေါင်း ထိုးမယ်။ ပဲခူးတိုင်းမှာဆိုရင် ပဲခူးတိုင်းအစိုးရနဲ့ ထိန်းချုပ်နယ်‌မြေထဲမှာ‌တော့ က‌လေး‌တွေ ကာကွယ်‌ဆေးရဖို့ ကျန်‌နော်တို့ဘဲ တာဝန်ယူထိုးမယ်။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုယူပြီးပူး‌ပေါင်းရတာ‌ပေါ့ ။ ကျ‌နော်တို့ KDHW ဝန်ထမ်းဘက်က‌တော့ အဆင်သင့်ဖြစ်ပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KDHW မှ တာဝန်ယူပြီး ကာကွယ်‌ဆေးထို‌ပေးမည့် မြို့နယ်များမှာ ကရင်ပြည်နယ်ရှိ ဖားအံ၊ လှှိုင်းဘွဲ၊ ‌ကော့ ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ သံ‌တောင်ကြီးရှိမြို့နယ်အပြင် ပဲခူးတိုင်း အ‌ရှေ့ခြမ်း (‌ရွှေကျင်/‌ကျောက်ကြီး)၊ တနသင်္ာရီတိုင်း (ထားဝယ်/တနသင်္ာရီ)အတွင်းရှိ စုစု‌ပေါင်း ‌ကျေးရွာ‌ပေါင်း ၃၁၆ ရွာတွင် တာဝန်ယူ ထိုး‌ပေးမည်ဖြစ်‌ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း ဂျပန်ဦး‌နှောက်‌ရောင်ကာကွယ်‌ဆေး အစု လိုက်ထိုးနှံခြင်းလုပ်ငန်းကို အသက် ၅နှစ်မှ ၁၅ နှစ်အထိ က‌လေးများအား နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်ထိုး‌ပေးမည်ဖြစ်ပြီး အသက် (၉) လမှ (၅)နှစ်အထိ က‌လေး များကို ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀) ရက်အထိ အခမဲ့ထိုး‌ပေးမည်ဖြစ်သည်ဟု ကျန်းမာ‌ရေးနှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။

ဂျပန်ဦး‌နှောက်‌ရောင်‌ရောဂါဗိုင်းရပ်ပိုးသည် ငှက်၊ ခြင်၊ ဝက်၊ နွားနှင့် အိမ်‌မွေးတိရိစာ္ဆန်များတွင် ‌ရောဂါဝင် ‌ရောက်နိုင်ပြီး ထိုမှတစ်ဆင့်လူသို့ ပြန်ကူးဆက်နိုင်ကာ ‌ရောဂါဖြစ်ပါက ရုတ်တရက် အပြင်းဖျားခြင်း၊ ချမ်းတုံခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ‌မောပန်းနွမ်းနယ်ခြင်း၊ ပျို့ခြင်းအန်ခြင်းဖြစ်တတ်ပြီး ‌ရောဂါဆိုးရွားလာပါက တက်ခြင်း၊ အ‌ကြောဆွဲခြင်း၊ သတိလစ်‌မေ့‌မြောခြင်းနှင့် အသက်ဆုံးရှှုံးသည်အထိ ဖြစ်နိုင်သလို အသက်ရှင် ကျန်ရစ်သူ ထဲမှ (၃၀)ရာခိုင်နှုန်းခန့်သည် ကိုယ်လက်မသန်စွမ်းခြင်း၊ အသိဉာဏ်ဆိုင်ရာချို့ယွင်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုမူဆိုင်ရာချို့ယွင်းမှုများ ခံစားရနိုင်သည်ဟု သိရသည်။

ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာထွန်းမင်းက “ဒီ‌ရောဂါဖြစ်ပြီး ကုသရင် ဒီ‌ရောဂါကို တိုက်ရိုက်‌ပျောက်‌အောင် ကုသတဲ့‌ဆေးမရှိ‌သေးဘူး ။ သက်သာ‌အောင် ကုသ‌ပေးတာ မျိုးဘဲရှိတယ်။ ကုသတာလည်းခက်ခဲတယ်။ အဓိက ကာကွယ်တဲ့ နည်းလမ်းက‌တော့ ကာကွယ်‌ဆေး ထိုးတာဘဲဖြစ်တယ်၊ အပြင်မှာဝယ်ထိုးရင် ‌သောင်းချီ‌ပေးရတယ် ။ အခုက နိုင်ငံ‌တော်အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ ကာကွယ်‌ဆေး ထိုးတဲ့အဖွဲ့က‌နေတစ်ဆင့်‌ထောက်ပံ့‌ပေးတယ်၊ ကရင်ပြည်နယ်မှာ‌တော့ INGO ‌တွေ‌ရော၊ ပြီး‌တော့ တိုင်းရင်း သား ကျန်းမာ‌ရေးအဖွဲ့‌တွေနဲ့‌ရော ပူး‌ပေါင်းပြီး ၉ လမှ ၁၅ နှစ်ကြား က‌လေးအားလုံး တတ်နိုင်သမျှ မကျန်‌အောင် ထိုး‌ပေးမှာဖြစ်တယ်” ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ က‌လေးများအားလုံးထိုးနှံ‌ပေးနိုင်‌ရေးအတွက် နိုင်ငံအတွင်းရှိ စာသင်‌ကျောင်း၊ ဘုန်းကြီး‌ကျောင်း၊ သီလရှင်‌ကျောင်းများ၊ ဘုန်း‌တော်ကြီး သင်ပညာ‌ရေး ‌ကျောင်း(ဘက) ‌ကျောင်းစသည့်‌ကျောင်းများတွင် ၁၅ နှစ်‌အောက် က‌လေးငယ်များမကျန် ကာကွယ်‌ဆေးသွား ‌ရောက်ထိုးနှံ‌ပေး ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်အားလုံးလိုလိုတွင် ဂျပန်ဦး‌နှောက်‌ရောင်‌ရောဂါ ဖြစ်ပွားခဲ့သည်ကို ‌တွေ့ရှိရပြီး ကရင်ပြည်နယ်အပြင် ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ ရှမ်း(‌မြောက်)နှင့် ရန်ကုန်တိုင်း ‌ဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့သည်ကို‌တွေ့ရှိရ‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ထား ချက် အရသိရသည်။