Home ဆောင်းပါး ‌ဒေသတွင်း အစားထိုး‌နေရာယူလာတဲ့ ယိုးဒယားစားဖွယ်စုံထက် ကရင်ရိုးရာအစားအစာကို ‌ဖော်ထုတ်ကြပါစို့လား

‌ဒေသတွင်း အစားထိုး‌နေရာယူလာတဲ့ ယိုးဒယားစားဖွယ်စုံထက် ကရင်ရိုးရာအစားအစာကို ‌ဖော်ထုတ်ကြပါစို့လား

3613

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်လူဦး‌ရေ အများစု‌နေထိုင်‌နေကြတဲ့ ကရင်ပြည်နယ်ဟာ နယ်‌မြေအ‌နေအထားအရ ထိုင်းနိုင်ငံ(ယိုးဒယား)နဲ့ ထိစပ်‌နေတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်တွင်းမှာရှိတဲ့ လူဦး‌ရေထက်ဝက်‌လောက်ဟာ စား‌ရေး၊ ဝတ်‌ရေး၊ ‌နေထိုင်‌ရေး‌တွေအတွက် ထိုင်း နိုင်ငံမှာ သွား‌ရောက်အလုပ်လုပ်ကိုင်‌နေရဆဲ ဖြစ်ပါတယ်။

အဲဒီလိုသွား‌ရောက်လုပ်ကိုင်ရာက ပြန်လာသူအချို့ဟာ သူတို့စု‌ဆောင်းမိလာတဲ့ ‌ငွေ‌ကြေးအရင်းအနှီးနဲ့ အသက်‌မွေးဝမ်း‌ကျောင်း ပညာရပ်‌တွေကို ‌နေရပ်မှာပြန်လာပြီး အသုံးချတာ‌တွေ များစွာရှိလာ‌နေပါပြီ။ အဲဒီအထဲမှာမှ အသိသာဆုံးနဲ့ အထင်ရှားဆုံး မြင် ‌တွေ့ရတာက‌တော့ တစ်ပိုင်တစ်နိုင် စား‌သောက်ဆိုင်လုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။

အခုချိန်မှာ ကရင်ပြည်နယ်မြို့‌တော်ဖြစ်တဲ့ ဖားအံမြို့ဟာ ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ နယ်‌မြေအ‌ခြေအ‌နေအရ တည်ငြိမ် မှု အနည်းငယ်ရှိလာတဲ့အတွက် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်‌တွေ ဝင်‌ရောက်လည်ပတ်မှုကလည်း (တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာသ‌ဘောတူစာချုပ်-NCA) လက်မှတ်မ‌ရေးထိုးခင်ကာလကထက် တဖြည်းဖြည်း များပြားလာ‌နေပါ တယ်။

၂၀၁၂ခုနှစ်မှာ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက် ၂၀၁၃ခုနှစ်က စတင်ပြီး ကရင်ပြည်နယ်ကို လာ‌ရောက်လည် ပတ်ကြတဲ့ နိုင်ငံခြားသား ခရီးသွားဦး‌ရေ ‌လေး‌သောင်း‌ကျော်၊ ၂၀၁၄ခုနှစ်မှာ ငါး‌သောင်း‌ကျော်၊ ၂၀၁၅ခုနှစ်မှာ ခုနှစ်‌သောင်း ‌ကျော်နဲ့ ၂၀၁၆ခုနှစ်မှာ တစ်သိန်းငါး‌သောင်း‌ကျော်အထိ လာ‌ရောက်ခဲ့ကြသလို ယခု ‌နောက်ဆုံးစာရင်း‌တွေအရ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ တစ်လလျှင် ၂‌သောင်းခွဲ‌ကျော်ထိ လည်ပတ်သူ‌တွေရှိခဲ့‌ကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနက ပြုစုထားတဲ့ စာရင်း‌တွေအရ သိရှိရပါတယ်။

ထို့အတူပဲ နယ်‌မြေအ‌နေအထား‌ကြောင့် ကူးသန်း‌ရောင်းဝယ်‌ရေး လွယ်ကူလာတဲ့အတွက် လူ‌တွေရဲ့ စားဝတ်‌နေ‌ရေး ‌ပြေလည်မှု ‌တွေ ဖြစ်‌ပေါ်လာတာနဲ့အမျှ စား‌သောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်တဲ့လူ‌တွေအတွက် ‌တော်‌တော်များများ အဆင်‌ပြေမှု‌တွေ ဖြစ် လာပါတယ်။ ဖားအံမြို့မှာ‌တော့ အခွန်‌ဆောင်ထားတဲ့ စား‌သောက်ဆိုင်‌ပေါင်း (၅၆၄)ဆိုင်ရှိ‌ကြောင်း ဖားအံမြို့နယ် စည်ပင်သာ ယာ‌ရေး တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

ကရင်ပြည်နယ်မှာ ခရီးသွားဧည့်သည်‌တွေကို ဆွဲ‌ဆောင်နိုင်ပြီး ခရီးသွား‌တွေ အများဆုံး သွား‌ရောက်လည်ပတ်‌လေ့ရှိတဲ့ ဇွဲကပင် ‌တောင်၊ ‌ကျောက်ကလပ် ‌ရေလယ်ဘုရား၊ ‌ရေတံခွန်‌တွေ၊ ‌ကော့က‌သောင်ဂူ၊ ‌ကော့ဂွန်းဂူ၊ ဆဒ္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ရ‌သေ့ပျံဂူ၊ ကျုံ ‌ထော်‌ရေတံခွန်၊ ‌နော်ဘူ‌ဘော‌တောင်‌တွေအပြင် သမိုင်းဝင်ဘုရား‌တွေနဲ့ အထင်ကရ ‌နေရာ‌တွေလည်း များစွာရှိပါတယ်။

အဲဒီလို‌နေရာ‌တွေရဲ့အနီးအနားမှာ‌တော့ ကရင်ရိုးရာအထည်ဆိုင်‌တွေ၊ ရိုးရာအမှတ်တရပစ္စည်း‌လေး‌တွေသာ ‌ရောင်းချတဲ့ဆိုင် ‌တွေ များစွာရှိ‌နေ‌ပေမယ့် မြို့‌တော်ဖားအံ အပါအဝင် ဘယ်‌နေရာမှာမှ ကရင်ရိုးရာအစားအစာ‌တွေကို သီးသန့် ‌ရောင်းချတဲ့ စား ‌သောက်ဆိုင်‌တွေ တစ်ခုမှ ရှိမ‌နေပါဘူး။

မြန်မာပြည်ထဲက တိုင်းရင်းသားလူမျိုးတစ်မျိုးချင်းစီမှာ စာ‌ပေနဲ့ယဉ်‌ကျေးမှု‌တွေ၊ သူတို့ရဲ့ရိုးရာဓ‌လေ့‌တွေ ကိုယ်စီရှိကြသလို သူတို့ရဲ့စားဝတ်‌နေ‌ရေး၊ လူ‌နေမှုအဆင့်အတန်း၊ စိတ်‌နေသ‌ဘောထား၊ ရိုးရာယဉ်‌ကျေးမှု‌တွေကို ထင်ဟပ်‌စေတဲ့ ရိုးရာအစား အစာ‌တွေလည်း ကိုယ်စီရှိကြပါတယ်။

ဥပမာအ‌နေနဲ့‌ပြောရရင် ကယား(ကရင်နီ)ပြည်နယ်မှာဆို ကယား‌ခေါင်ရည်၊ ဝက်အူ‌ချောင်း‌ကြော်၊ ရခိုင်မှာဆို ထင်ရှားတဲ့ရခိုင်မုန့် တီနဲ့ ရခိုင်အစားအစာ‌တွေ၊ သျှမ်းပြည်နယ်မှာ သျှမ်း‌ခေါက်ဆွဲနဲ့ သျှမ်းပဲပုပ် စတဲ့အစားအစာ‌တွေဟာ သူတို့ကိုယ်တိုင် နှစ်သက် စွာ စားသုံး‌နေကြသလို လူသိများထင်ရှားတဲ့ ရိုးရာစာ‌တွေပဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ‌တော့ ရိုးရာစား‌သောက်ဆိုင်ထက် အများဆုံး ‌တွေ့ရတာက‌တော့ (Thai Food)ဆိုတဲ့ ထိုင်း(ယိုးဒယား)အစား အစာ ဆိုင်းဘုတ်‌တွေနဲ့ စား‌သောက်ဆိုင်‌တွေကပဲ ‌နေရာယူထားတာ ‌တွေ့မြင်ရမှာပါ။ မြန်မာထမင်းဆိုင်‌တွေအပြင် တချို့ဆိုင် ‌တွေကျ‌တော့ “ကွတ်တီယို၊ ဖက်က‌ဖောင်း”ဆိုပြီး ‌ရေးထားတာ ‌တွေ့မြင်ကြရပြီး စား‌သောက်ဆိုင်အများစုမှာ ယိုးဒယားအစားအ စာကို မှာယူသုံး‌ဆောင်နိုင်တဲ့ ဆိုင်‌တွေချည်းပဲ ဖြစ်ပါတယ်။

သို့‌သော် ကရင်ရိုးရာအစားအစာတစ်ခုလို့ လူသိများတဲ့ တာလ‌ပေါ့ဟင်းက‌တော့ ဆိုင်တိုင်း‌တောင် မရပါဘူး။ တခြား ကရင်ရိုးရာ အစားအစာ‌တွေ မုန့်ပဲသွား‌ရေစာ‌တွေ ‌ရောင်းတဲ့ဆိုင်ဆိုတာက‌တော့ ‌ဝေး‌ပေါ့။ ရိုးရာအစားအစာ‌ရောင်းချတဲ့ စား‌သောက်ဆိုင် ထက် တရုတ်အစားအစာဆိုင်၊ ကိုရီးယားအစားအစာဆိုင်နဲ့ ဂျပန်အစားအစာဆိုင်‌တွေကို‌တော့ တစ်ဆိုင်တစ်‌လေ ‌တွေ့မြင်ရပါ ‌သေးတယ်။

ကရင်တိုင်းရင်းသား‌တွေကို ကိုယ်စားပြုတဲ့ ကရင်ပြည်နယ်ဟာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်‌တွေကို ‌ရောင်းချ‌ပေးနိုင်တဲ့ “ကရင်ရိုးရာ အစားအစာ” သီးသန့်ဆိုင် မရှိတာကို‌တော့ စိတ်မ‌ကောင်းဖြစ်ရပါတယ်။ လက်ရှိအချိန်မှာ ကရင်ရိုးရာအစားအစာနဲ့ ခရီးသွားဧည့်သည်‌တွေကို‌တော့ လုံးဝ မဆွဲ‌ဆောင်နိုင်‌သေးဘူးလို့ပဲ ‌ပြောရပါမယ်။

ဒီလို ကရင်ရိုးရာအစားအစာ‌နေရာမှာ ယိုးဒယားအစားအစာ‌တွေ အစားထိုး ဝင်‌ရောက်သွားတဲ့အတွက် ရိုးရာအစားအစာ တဖြည်းဖြည်း ‌ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာဖြစ်လာပြီလို့ ကရင်စာ‌ပေယဉ်‌ကျေးမှု ထိန်းသိမ်းသူ‌တွေက ‌ပြော‌နေကြပါ တယ်။ ဒီလိုဖြစ်လာတာကလည်း ကရင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်‌ရေးနဲ့ ကူးသန်း‌ရောင်းဝယ်‌ရေး လမ်း‌ကြောင်းပွင့်လာ တဲ့အတွက် ကရင်ရိုးရာ စား‌သောက်ကုန်ထက် ယိုးဒယားစား‌သောက်ကုန်ကြမ်းများကို ‌ဈေးနှုန်းသက်သာစွာနဲ့ အလွယ်တကူ ဝယ်ယူရရှိလို့ စီးပွား‌ရေးအရ တွက်‌ချေကိုက်နိုင်မယ်ထင်ရတဲ့ ထိုင်းအစားအ‌သောက်ဆိုင်ကိုသာ ဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ ဆိုင် ပိုင်ရှင်‌တွေက ‌ပြောပါတယ်။

ထိုင်းနိုင်ငံက‌နေ ပြန်လာပြီး ထိုင်းစား‌သောက်ဆိုင် ဖွင့်လှစ်‌ရောင်းချ‌နေတဲ့ ‌စောမြင့်စိုးက‌တော့ “ကျ‌နော်တို့က ယိုးဒယားအစား အစာ ချက်တဲ့ပညာနဲ့ ဝမ်းစာအတွက် ပြန်အသုံးချရတာ‌ပေါ့၊ အရင်က ‌ဒေသအစားအစာချက်ဖို့ စိတ်ကူးရှိတယ်။ ကုန်ကြမ်း‌တွေ က တစ်ခါတစ်‌လေ ဝယ်လို့မရဘူး။ ထိုင်းအစားအစာ ကုန်ကြမ်းက ထိုင်းမှာဝင်လာပြီး အချိန်မ‌ရွေး ဝယ်လို့ရတယ်။ စီးပွား‌ရေး လုပ်‌တော့ အဆင်‌ပြေမယ့်ဟာ ဦးစား‌ပေးရတာ။”လို့ ‌ပြောပါတယ်။

‌ဒေသအတွင်း စားသုံးသူ အများစုကလည်း ‌ဒေသအစားအစာ‌တွေကို ငယ်စဉ်ကတည်းက ယဉ်ပါး‌နေပြီဖြစ်လို့ အသစ်အဆန်း ဖြစ်တဲ့ ထိုင်း(ယိုးဒယား)အစားအစာ‌တွေကို စိတ်ဝင်တစားနဲ့ ဦးစား‌ပေး စားသုံး‌နေတဲ့အတွက် ဒီလိုဆိုင်မျိုးကို ‌ရွေးချယ်ပြီး ဖွင့် လိုက်ရတာဖြစ်တယ်လို့ ‌တောင်က‌လေး‌ကျေးရွာမှာ စား‌သောက်ဆိုင်ဖွင့်‌နေတဲ့ နန်းမိနွယ်ကလည်း ‌ပြောပါတယ်။

ဖားအံမြို့‌နေ နန်းနိုနိုက‌တော့ “အိမ်ဟင်း‌တွေက ‌နေ့တိုင်း စားရတယ်။ စား‌သောက်ဆိုင်မှာသွားစားရင် အသစ်အဆန်းဖြစ်တဲ့ ယိုးဒယားအစားအစာ‌တွေကိုဘဲ ‌ရွေးချယ်ပြီး စားတယ်။ သူငယ်ချင်းနဲ့သွားစားရင်လည်း အများစုက‌တော့ ယိုးဒယားစား‌သောက် ဆိုင်ပဲ သွားချင်တယ်။ ဒါ‌ပေမယ့် ကရင်အစားအစာဆိုင်ရှိရင်‌တော့ အ‌ဝေးကလာတဲ့ ဧည့်သည်‌တွေကို သွားဧည့်ခံလို့ရတာ‌ပေါ့” လို့ ‌ပြောပါတယ်။

ဒါ့အပြင် ပြည်မက‌နေ ကရင်ပြည်နယ်မှာ လာ‌ရောက်အလုပ်လုပ်ကိုင်‌နေကြတဲ့ ‌ရွှေ့‌ပြောင်းအလုပ်သမားများနဲ့ ‌ဒေသခံ လူငယ် လူရွယ် ‌တော်‌တော်များများကလည်း ထိုင်း(ယိုးဒယား) အစားအစာကိုသာ ခုံမင်စားသုံး‌နေကြတာကို ‌တွေ့မြင်ရပြန်ပါတယ်။

ကရင်ပြည်နယ်ကို‌ရောက်ရှိလာတဲ့ ဧည့်သည်‌တော်‌တော်များများက “ကရင်ရိုးရာ အစားအစာ စားချင်တယ်။ ဆိုင်ဘယ်မှာရှိလဲ” ‌မေးတိုင်း လမ်းညွှန်စရာ ဆိုင်မရှိတဲ့အထိ ကြုံဖူးပါတယ်။ ကရင်ရိုးရာအစားအစာလို့ ‌ပြောလိုက်ရင် “တာလ‌ပေါ့” ဟင်းတစ်မျိုးကို သာ ‌ပြော‌နေကြ‌ပေမယ့် အမှန်‌တော့ ကရင်အစားအစာဆိုတာ ရာသီအလိုက် ရှိသလို မုန့်ပဲသွား‌ရေစာ‌သော်လည်း‌ကောင်း၊ ဟင်း လျာ‌သော်လည်း‌ကောင်း အမျိုးမျိုးရှိပါတယ်။

ကရင်ဟင်းလျာ‌တွေက‌တော့ များ‌သောအားဖြင့် ဆီမပါတဲ့ ဟင်း‌တွေသာဖြစ်ပြီး တာလ‌ပေါ့၊ ငါးဆုပ်၊ ငါးစိမ်း‌ကော၊ ငါးကင်၊ ဖား ကင်၊ ဝက်မျှစ်ချဉ်ဟင်း၊ ပိန်းဥမျှစ်ချဉ်၊ ကဒတ်ဥဟင်း၊ မှှိုဟင်း၊ ‌တောင်ယာဟင်း၊ ‌မျောက်ဥဟင်း၊ ပိန်းရိုးဟင်း၊ ကရင်ငါး‌ပေါင်းထုပ်၊ ကရင်ငါးပိ‌ထောင်း စတဲ့ဟင်းလျာ‌တွေကို ရာသီအလိုက် ထွက်ရှိတဲ့ အသီးအရွက်‌တွေနဲ့ အမျိုးမျိုး ချက်ပြုတ်စားသုံးကြပါတယ်။ မုန့်ပဲသွား‌ရေစာဆိုရင် ‌ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်ရှိသလို၊ ဆန်နဲ့လုပ်ထားတဲ့ မုန့်‌တွေလည်း ရှိတဲ့အပြင် အသီးအဥ‌တွေနဲ့ လုပ်ထားတဲ့ မုန့်‌တွေလည်း ရှိပါတယ်။

အခြားတိုင်းရင်းသား‌တွေရဲ့ ရိုးရာအစားအစာဆိုတာ သူတို့‌ဒေသမှာထွက်ရှိတဲ့ သီးနှံ‌တွေ၊ ကုန်ပစ္စည်း‌တွေကိုပဲ အ‌ခြေခံပြီး ချက် ပြုတ်စား‌သောက်‌နေကြတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်ရှိ ‌နေထိုင်စား‌သောက်ပုံ‌တွေဟာ အခြားနိုင်ငံ၊ အခြား‌ဒေသ‌တွေနဲ့ တူညီ မှာမဟုတ်တဲ့အတွက် မိမိ‌ဒေသထွက် အသီးအရွက်၊ အသား၊ ငါး၊ သစ်ဥများနဲ့ စီမံဖန်တီးချက်ပြုတ်တဲ့ အစားအစာ‌တွေကို အများ စိတ်ဝင်စား‌အောင် ပုံ‌ဖော် ချက်ပြုတ်နိုင်ပါမှ ကိုယ့်ရိုးရာအစားအစာ‌တွေကို အများက အား‌ပေးသုံး‌ဆောင်ကြမှာပါ။

ရန်ကုန်မြို့ကြီးမှာ ကရင်တိုင်းရင်းသားများစွာရှိ‌ပေမယ့် တိုင်းရင်းသားအစားအစာ‌တွေအဖြစ် ရှမ်း(သျှမ်း)ရိုးရာ စား‌သောက်ဆိုင်၊ ရခိုင်ရိုးရာစား‌သောက်ဆိုင်၊ ကချင်ရိုးရာ စား‌သောက်ဆိုင်‌တွေပဲ ရှိ‌နေပါ‌သေးတယ်။ ရန်ကုန်မြို့မှာ နိုင်ငံခြားဧည့်သည်‌တွေ လာ ‌ရောက်မှုများတဲ့အတွက် အဓိက ကိုယ့်ကရင်အစားအစာ‌တွေနဲ့ စားသုံးသူ‌တွေကို ဘယ်လိုဆွဲ‌ဆောင်နိုင်မလဲ ဖန်တီးဖို့‌တော့ လိုပါ တယ်။

ကရင့်ရိုးရာစား‌သောက်ဆိုင်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်း ဝင်းဦးက‌တော့ “ရန်ကုန်မှာ နိုင်ငံခြားဧည့်သည် ‌တွေကို ဆွဲ‌ဆောင်နိုင်မယ့် ကရင်ရိုးရာစား‌သောက်ဆိုင်တစ်ခုဖွင့်ဖို့ စီစဉ်‌နေပါ တယ်။ ကရင်ရိုးရာစား‌သောက်ဆိုင်‌တွေက ‌တော်‌တော်ကိုမရှိတာ။ ကရင်ပြည်နယ်ကိုသွားရင် ရိုးရာအစားအစာ လုံးဝ မရှိပါဘူး။ ကရင်က ‌နေရာအစုံမှာ ရှိပါတယ်။ ရိုးရာအစားအစာ ‌ဖော်ထုတ်တာ‌တော့ နည်းတယ်။”လို့ ‌ပြောပါတယ်။

ကရင်လူမျိုး‌တွေအ‌နေနဲ့ ကရင်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနသင်္ာရီ၊ မွန်ပြည်နယ်‌တွေမှာ လူဦး‌ရေ များစွာ ပြန့်နှံ့‌နေထိုင်ကြပါတယ်။ လူမျိုးတစ်မျိုးမှာ စာ‌ပေ၊ ယဉ်‌ကျေးမှုသာမကဘဲ ‌နေထိုင်မှုပုံစံ၊ အမှတ်အသား သ‌ကေင်္တ‌တွေကို ထိန်းသိမ်းဖို့လိုအပ်သလို၊ ချက်ပြုတ်စား‌သောက်တဲ့ အစားအစာ‌တွေဟာလည်း ထိုလူမျိုးရဲ့ ဂုဏ်အဂင်္ါရပ်တစ်ခုဖြစ်ပါတယ်။ ဒီအ တွက်‌ကြောင့် မိမိတို့ကရင်လူမျိုး‌တွေရဲ့ ဘိုးဘွားစဉ်ဆက် ချက်ပြုတ်စား‌သောက်ခဲ့ကြတဲ့ ရိုးရာအစားအစာ‌တွေ တဖြည်းဖြည်းနဲ့ ‌ပျောက်ကွယ်သွားတာမျိုး မဖြစ်ရ‌အောင် ထိန်းသိမ်း‌ဖော်ထုတ်သွားနိုင်ကြဖို့ အ‌ရေးကြီးပါတယ်။

၂၀၁၄ခုနှစ် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်းကိုအ‌ခြေခံပြီး အလုပ်သမား လူဝင်မှုကြီးကြပ်‌ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ၂၀၁၇ခုနှစ်၊ ‌အောက်တိုဘာလမှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ ကရင်ပြည်နယ်မှာ လူဦး‌ရေ ၁,၅၉၃,၀၅၃ဦးရှိပြီး လူဦး‌ရေ အများဆုံးဖြစ်တဲ့ ဖားအံမြို့နယ်ထဲ‌တောင်မှ ၄၂၁,၅၇၅ဦး ရှိ‌နေပါတယ်။

ပြည်နယ်ထဲက တရားဝင် အခွန်‌ဆောင်ထားတဲ့ စား‌သောက်ဆိုင်‌ပေါင်း ၅၆၄ဆိုင်မှာ ကရင်ရိုးရာ စား‌သောက်ဆိုင် မရှိ‌သေးတဲ့အ ချက်၊ ဖားအံမြို့နယ်တွင်း လူဦး‌ရေ ၄၂၁,၅၇၅ဦးရှိတဲ့အချက်၊ ကရင်ပြည်နယ်ကို ခရီးသွားဧည့်သည်‌တွေ လည်ပတ်မှုများလာတဲ့ အချက်များဟာ အားသာချက်များဖြစ်ပြီး ကရင်ရိုးရာစား‌သောက်ဆိုင် သီးသန့် ဖွင့်လိုသူများအတွက် စီးပွား‌ရေး အခွင့်အလမ်း ‌ကောင်းတစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

လက်ရှိအချိန်မှာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို အ‌ကောင်အထည်‌ဖော်‌နေတာနဲ့အတူ ကရင်ပြည်နယ်ကြီးဟာ လည်ပတ်စရာ‌နေရာ ‌တွေ ခရီးသွားဧည့်သည်‌တွေ ဝင်ထွက်သွားလာမှုများလာတဲ့အတွက် ကရင်ရိုးရာစား‌သောက်ဆိုင်များများ ဖွင့်လှစ်‌ပေးနိုင်မယ်ဆို ရင် ‌ဈေးကွက်စီးပွား‌ရေးအရသာမကဘဲ ကရင်ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ အမှတ်သ‌ကေင်္တတစ်ခုကို ထိန်းသိမ်းမြှင့်တင်ရာလည်း ‌ရောက်‌ကြောင်း တိုက်တွန်း‌ရေးသားလိုက်ရပါတယ်။