Home သတင်း ‌ကျောင်းဖွင့်ချိန် ‌လေးလ ‌ကျော်ထိ ကရင်ဖတ်စာအုပ် အပြည့်မရ‌သေး

‌ကျောင်းဖွင့်ချိန် ‌လေးလ ‌ကျော်ထိ ကရင်ဖတ်စာအုပ် အပြည့်မရ‌သေး

2251

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး အတွင်းရှိ အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် ‌ကျောင်းဖွင့်ချိန် ‌လေးလ‌ကျော်ထိ ကရင် ဖတ်စာအုပ် အပြည့်အစုံမရရှိ‌သေး‌ကြောင်း ‌မြောင်းမြမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူးမန်းထွန်း လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ‌မြောင်းမြမြို့နယ်မှာ စ‌ကောကရင်စာသင်တဲ့ ‌ကျောင်းက ၁၂ ‌ကျောင်း၊ ပိုးကရင်‌ကျောင်းက ၁၃၅ ‌ကျောင်းရှိတယ်။ အခုထိဖတ် စာအုပ်အပြည့်အစုံမရဘူး။ ပထမတုန်းက ဝန်ကြီးက ပုံနှိပ်စာအုပ်‌တွေရိုက်‌ပေးပြီး ‌ဝေထားတာ‌တော့ရှိတယ်။ တစ်တန်းမှာ သုံး‌လေးအုပ်ဘဲရ‌တော့ ဘယ်‌လောက်မလဲ။ ပညာ‌ရေးဝန်ကြီးဌာနက ‌တော့ရိုက်‌ပေးမယ်‌ပြောတာဘဲ” ဟု ‌အောက်တိုဘာ ၁၇ ရက်‌နေ့တွင် ‌ပြောသည်။

အလားတူ မအူပင်မြို့နယ်အတွင်းရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများ၌ ကရင်စာသင်ကြားမှုပြုလုပ်‌နေပြီး အချို့‌ကျောင်းများတွင် ကရင်ဖတ်စာအုပ် အပြည့်အစုံ မရရှိ‌သေးမှုများရှိသည်ဟု မအူပင်မြို့နယ်၊ ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပြန်ကြား‌ရေးတာဝန်ခံ မန်း‌အောင်ထွန်းသန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ကျောင်း‌တွေမှာ ကရင်ဖတ်စာအုပ်‌တွေ အပြည့်မရ‌သေးတာ‌တော့ ဟုတ်တယ်။ တစ်ကြိမ်‌တော့ ရထားတယ်။ ကရင်‌ရေးရာဝန်ကြီးက ‌ပေးတာ။ ခြုံ‌ပြောရရင် အနည်းစုမရ‌သေးဘူးလို့ ‌ပြောလို့ရတယ် ” မန်း‌အောင်ထွန်းသန်း က‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “ အစိုးရက မ‌ပေး‌သေးတာ။ အခု ‌တောင်းထားတယ်။ ‌နောက်ပြီး ဒီနှစ်က ‌ကျောင်းသား အ‌ရေအတွက် တိုးလာတယ်။ ဒီ‌တော့မ‌လောက်ဘူး ဖြစ်သွားတယ်။ အမြန်ဆုံးရ‌အောင်‌တော့ လုပ်သွားပါ့မယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မြို့နယ် ၂ဝ ‌ကျော်ရှိ အ‌ခြေခံပညာသင်‌ကျောင်းများ၌ မူလတန်း‌အောက်အဆင့် သူငယ်တန်းမှ နှစ်တန်းထိ ကရင်စာသင်ကြား‌ပေးလျှက်ရှိပြီး ယခင်ပညာသင်နှစ်တွင် ‌ကျောင်းသား ၁၂,၀၀ဝ ‌ကျော်သာရှိ‌သော်လည်း ယခုပညာသင်နှစ်တွင် ‌ကျောင်းသား ၉၀,၀၀ဝ ‌ကျော်ထိ ကရင်စာသင်‌ကျောင်းသားများ တိုးလာ‌ကြောင်း ကရင်‌ရေးရာဝန်ကြီးထံမှ သိရသည်။