Home သတင်း BPHWT၊ PEDU နှင့် ပြည်နယ်ကျန်းမာ‌ရေးဌာနတို့ ဖွင့်လှစ်သည့် ‌ဒေသအကျိုးပြု အရံသားဖွား သင်တန်းပြီးစီး

BPHWT၊ PEDU နှင့် ပြည်နယ်ကျန်းမာ‌ရေးဌာနတို့ ဖွင့်လှစ်သည့် ‌ဒေသအကျိုးပြု အရံသားဖွား သင်တန်းပြီးစီး

2067

စက်တင်ဘာ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ် -PEDUနှင့် ပြည် နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူး‌ပေါင်းဖွင့်လှစ်သည့် ၆ ကြိမ်‌မြောက် ‌ဒေသအကျိုးပြုအရံသားဖွား သင်တန်း ဆင်းပွဲ ကို ယ‌နေ့ (စက်တင်ဘာလ ၆ ရက်)တွင် ဖားအံမြို့နယ် ‌တောင်က‌လေး ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၂-၁၃ ခုနှစ်မှ စတင်ကာ ယင်း‌ဒေသအကျိုးပြုအရံသား ဖွားသင်တန်းကို ဖွင့်လှစ်‌ပေးခဲ့ရာ ယခု ၆ ကြိမ်‌မြောက်အထိဖြစ်ပြီး အဆိုပါ သင်တန်းများ ဖွင့်လှစ်ဖြစ်ရခြင်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေး ဦးစီးမှူး ‌ဒေါက်တာ‌ကျော်စွာမြင့်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဒီသင်တန်း အဓိက ဖြစ်ဖို့လုပ်‌ဆောင်တာက PEDU နဲ့ BPHWT ဖြစ်ပါတယ်။ သင်တန်းပထမ စဖြစ်တာက‌တော့ BPHWT အဖွဲ့နဲ့ ကျ‌နော်တို့ပြည်နယ်ကျန်းမာတို့နဲ့လာ‌ရောက်ညှိနှိုင်းတယ်။ ကျ‌နော်တို့ဘက်ကလည်း ဒီမှာ ပြည်နယ်အရံသားဖွား‌မွေး ထုတ်တာ‌တွေရှိတယ်။ ကျ‌နော်တို့ ‌နေပြည်‌တော်ကို အ‌ကြောင်းကြားတယ်။ သူတို့ ဘက်ကလည်း ပြည်နယ်အဆင့်မှာ ဒီက အဖွဲ့‌တွေနဲ့ညှိနှိုင်းပြီးလုပ်‌ဆောင်ပါဆိုတဲ့အခါကျ‌တော့ ဒီသင်တန်း‌တွေ ဖွင့်လှစ်နိုင်ခဲ့တာပါ” ဟု ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် ၆ ကြိမ်‌မြောက် ‌ဒေသအကျိုးပြု အရံသားဖွားသင်တန်းဆင်းပွဲတွင် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာ‌ရေး ဦးစီးမှူး ‌ဒေါက်တာ ‌ကျော်စွာမြင့်၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ညွှန်ကြား‌ရေးမှူး ‌စော ဝင်း‌ကျော်၊ ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန -KDHW အကြီးတန်း အတိုင်ပင်ခံ ပုဂ္ဂိုလ်‌ဒေါက်တာမာတာ အပါအဝင် သင်တန်းဆရာမများတက်‌ရောက်ခဲ့ကြပြီး သင်တန်းသူ ၁၉ ဦးအား သင်တန်းဆင်း လက်မှတ်များ‌ပေးအပ်ခဲ့ သည်။

သင်တန်း တက်‌ရောက်သူများမှာ BPHWT အဖွဲ့မှ ကျန်းမာ‌ရေးလုပ်ငန်းများလုပ်‌ဆောင်သည့် ဧရိယာအတွင်းရှိ သင်တန်း သားများဖြစ်ပြီး ၎င်းတို့ကို ကိုယ်ဝန်‌ဆောင်မိခင်များ ကျန်းမာ‌ရေးဆိုင်ရာကြိုတင်ကာကွယ်မှုလုပ်ငန်း၊ မ‌မွေးဖွားခင်နှင့် ‌မွေး ဖွားပြီး မိခင်နှင့်က‌လေး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းစသည်တို့ကို အဓိကထားကာ ၂ဝ၁၆ နိုဝင်ဘာ ၁ ရက်‌နေ့မှ ၂ဝ၁၇ ဩဂုတ် ၃၁ ရက်‌နေ့အထိ စာ‌တွေ့ ၃ လနှင့် လက်‌တွေ့ ၄ လစုစု‌ပေါင်း ၇ လကြာ သင်ကြား‌ပေးခြင်းဖြစ်သည်။

ထိုသို့သင်ကြား‌ပေးရာတွင် BPHWTမှ ဆရာမများ၊ အစိုးရ ကျန်းမာ‌ရေးအငြိမ်းစား ဆရာမများ၊ ပြည်နယ်ပြည် သူ့ ကျန်း မာ‌ရေးဦးစီးဌာနမှ ဆရာမများက စာ‌တွေ့သင်ကြား‌ပေးပြီး လက်‌တွေ့သင်ခန်းစာများကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် သင်ကြား‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

BPHWT အဖွဲ့ညွှန်ကြား‌ရေးမှူး ‌စောဝင်း‌ကျော်က “ ဒီသင်တန်းသား‌တွေ အ‌နေနဲ့က လက်‌တွေ့ သင်ယူမှုအပိုင်းမှာ အနည်း ဆုံးက‌လေး ၅ ‌ယောက်ကို ကိုယ်တိုင် ‌မွေးဖွား‌ပေးနိုင်ရမယ်။ မိခင်‌မွေးဖွားမှု ၁၅ ‌ယောက်ကို ကြည့်ရှု‌စောင့်‌ရှောက်‌ပေးတဲ့ အ‌တွေ့အကြုံရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ အလုပ်လုပ်တဲ့ ‌ဒေသ‌တွေမှာ ခရီးအ လှမ်း‌ဝေးတယ်။ ‌ဆေးရုံ၊ ‌ဆေးခန်းပို့ဖို့ခက်တယ်။ ကျ‌နော်တို့ အ‌ခြေအ‌နေနဲ့ကျ‌တော့ ဒီ‌လောက်အထိ လုပ်‌ပေးနိုင်ဖို့ကို ရည် မှန်းထားတယ်” ဟု ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ် -PEDU နှင့် ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနတို့ပူး‌ပေါင်းပြီး ၂၀၁၂-၁၃ ခုနှစ်မှစတင်ကာ အဆိုပါ ‌ဒေသအကျိုးပြု အရံသား ဖွားသင်တန်းကို ဖွင့်လှစ်‌ပေးခဲ့ရာ ယခု ၆ ကြိမ်‌မြောက်အထိ သင်တန်းသား ၁၁ဝ ‌ကျော် ‌မွေးထုတ်‌ပေးနိုင်ခဲ့ပြီဖြစ်‌ကြောင်း ၎င်းအဖွဲ့များ၏ တာဝန်ရှိသူများက ‌ပြောသည်။