Home သတင်း မြန်မာ-ထိုင်း နယ်စပ်ရှိ အီတူးထာ့ IDP စစ်‌ပြေး‌ရှောင်စခန်းတွင် ကျန်းမာ‌ရေး လုပ်သားတစ်ဦး အသတ်ခံရ

မြန်မာ-ထိုင်း နယ်စပ်ရှိ အီတူးထာ့ IDP စစ်‌ပြေး‌ရှောင်စခန်းတွင် ကျန်းမာ‌ရေး လုပ်သားတစ်ဦး အသတ်ခံရ

2212

စက်တင်ဘာ ၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ အီတူးထာ့ ပြည်တွင်းစစ်‌ပြေး‌ရှောင်(IDP) စခန်း၌ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်‌နေ့ညက သားဖွားဆိုင်ရာ ကျန်းမာ‌ရေးလုပ်သားတစ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားကာ ပြစ်မှုကျူးလွန်သူအား ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖာပွန်ခရိုင်တရားရုုံးတွင် ဖမ်းဆီးထိန်းသိမ်း စစ်‌ဆေးမှုများ လုပ်‌ဆောင် လျက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ဖြစ်စဉ်မှာ လူသတ်မှုမဖြစ်ပွားမီ ဩဂုတ် ၂၅ ရက်‌နေ့ညက အီတူးထာ့ ပြည်တွင်း စစ်‌ဘေး‌ရှောင်စခန်းရှိ ကျန်းမာ‌ရေး လုပ်သား‌စောဆာ့တု‌ဝေါ် ၂၆ နှစ်နှင့် ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းယန်း(မူယူ)မြို့နယ်ရှိ က‌လော ထာ့ရွာသား ‌စောဖား‌သေ့မူး ၃ဝ နှစ်တို့ နှစ်ဦးကြား အရက်‌သောက်သုံး‌နေစဉ် အပြန်အလှန်စကားများပြီး‌နောက် ‌နောက်‌နေ့ ၂၆ ရက်‌နေ့ညတွင် ယခုလို လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အီတူးထာ့စခန်း ကရင်လူငယ်အစည်းအရုံး (KYO) ဥက္ကဌ ‌စောထီးမူးက စက်တင်ဘာလ ၁ ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက “၂၆ ရက် ည ၉ နာရီ အချိန်မှာ‌ပေါ့။ ဖား‌သေ့မူးက ဆာ့ထု‌ဝေါ်ကို ဘာလို့ ညက ငါ့‌ဘောင်းဘီချွတ်ရတာလဲလို့ ‌မေးပြီး ဒူးနဲ့ရင်ဝကို တိုက်တယ်။ ရုတ်ရုတ်သဲသဲ ဖြစ်လို့ လုံခြုံ‌ရေး‌တွေ ‌ရောက်လာ‌တော့ ဆာ့တု‌ဝေါ်ကလည်း ညက အမူးလွန်သွား လို့ မမှတ်မိလိုက်ဘူးလို့ ပြန်‌ဖြေတယ်။ အဲဒါနဲ့ပဲ ‌ကျေ‌အေးပြီထင်လို့ အားလုံးကိုယ့်အိမ်ကိုယ် ပြန်ကြတယ်။ ‌နောက်မနက်မှာ ‌တော့ ဆာ့တုု‌ဝေါ်အ‌လောင်းကို ‌ဆေးခန်းရဲ့ အိမ်သာနားမှာ ‌တွေ့‌တော့တာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြစ်မှု ကျူးလွန်သူ ‌စောဖား‌သေ့မူးအား ဩဂုတ် ၂၇ ရက်‌နေ့၊ နံနက် ၈ နာရီအချိန်တွင် စခန်း၏ ‌နေအိမ်တစ်အိမ်၌် ‌တွေ့ရှိပြီး စစ်‌ဆေး‌မေးမြန်းရာတွင် ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံ‌ပြောကြား‌သော်လည်း မည်သို့မည်ပုံ သတ်ခဲ့သည်ကို မ‌ပြော‌သေး ‌သော‌ကြောင့် လက်ရှိအချိန်တွင် ဖာပွန်ခရိုင်တရားရုံးသို့ ပို့‌ဆောင်စစ်‌ဆေး‌နေပြီး စီရင်ချက်မချရ ‌သေး‌ကြောင်း ‌စောထီးမူး က ဆက်‌ပြောသည်။

စခန်းတွင် လာ‌ရောက်‌နေကျဖြစ်သည့် ဆိုင်ကယ်ပြင်ဆရာ ‌စောဖား‌သေ့မူးနှင့် ‌သေဆုံးသူ ကျန်းမာ‌ရေးလုပ်သား ‌စောဆာ့ တု‌ဝေါ်တို့သည် သူငယ်ချင်းများဖြစ်ကြပြီး ‌သေဆုံးသွားချိန်တွင် လည်ပင်းညိုမဲသည့် အရာ မှလွဲ၍ အခြားဒဏ်ရာ မရှိ‌သော ‌ကြောင့် လည်ပင်းညှစ်သတ်ခြင်းဖြစ်နိုင်‌ကြောင်း စခန်းတာဝန်ရှိသူများက တွက်ဆ‌နေကြသည်။

ယခင်က အီတူးထာ့ စခန်း တာဝန်ရှိသူတစ်ဦးလုပ်ခဲ့ဖူးသူ လက်ရှိ ‌တောင်ငူခရိုင် ကရင်ပညာ‌ရေးဌာန အတွင်း‌ရေးမှူး ‌စော ‌လော်လာဒိုက “စခန်းမှာ ကျန်းမာ‌ရေး လုပ်သားနည်းတဲ့ကြားက အသတ်ခံရတယ်ဆို‌တော့ စခန်းရဲ့ ကျန်းမာ‌ရေးဆိုင်ရာ အခက်အခဲ၊ ဆုံးရှုံးနစ်နာမှု‌တွေ အများကြီးရှိတာ‌ပေါ့။ ‌နောက်ပြီး လူငယ်လူရွယ်ဆို‌တော့ လူမျိုးအတွက်၊ ကျန်းမာ‌ရေး အတွက် အများကြီးလုပ်‌ပေးနိုင်ရအုံးမှာဖြစ်‌ပေမယ့် ဒီလိုဖြစ်သွား‌တော့ အရမ်းဝမ်းနည်း တာ‌ပေါ့”ဟု ‌ပြောသည်။

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ က‌လေခီး‌ကျေးရွာဇာတိဖြစ်သူ ‌စောဆာ့တု‌ဝေါ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းတွင် အထက်တန်းပညာ‌အောင်မြင်ခဲ့ပြီး အီတူးထာ့ IDP စခန်း၌် ဖွင့်လှစ်သည့် လူထုကျန်းမာ‌ရေး လုပ်သားသင်တန်း (CHW) ကို တက်‌ရောက်ပြီး‌နောက် အီတူးထာ့စခန်းတွင်း သားဖွားကျန်းမာ‌ရေးဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင်‌နေသူဖြစ်သည်။

၂၀၀၆ ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရတပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ပြေး‌ရှောင် ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိ လူဦး‌ရေ ၃၀၀ဝ ‌ကျော်ရှိသည့် အီတူးထာ့ စစ်‌ရှောင် IDP စခန်း၌ ယခုလို လူသတ်မှုဖြစ်ပွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

တဆက်တည်းတွင် အီတူးထာ့ စစ်‌ပြေး‌ရှောင်(IDP)စခန်းရှိ စစ်‌ရှောင် IDP များအား ကူညီ‌ထောက်ပံ့မှု အစီအစဉ်အားလုံးမှာ ယခုလ စက်တင်ဘာလမှ စတင်ကာ ပြတ်‌တောက်သွားပြီဟု ၎င်းတို့အား အကူအညီ‌ပေး‌နေသည့် ကရင်လူမှုအဖွဲ့အစည်းများက ‌ပြောသည်။