Home သတင်း ဘန်း‌ချောင်း‌ကျောက်မီး‌သွေးစီမံကိန်း တိုင်ကြားချက်ကို ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင် ကနဦး ကြားနာစစ်‌ဆေး

ဘန်း‌ချောင်း‌ကျောက်မီး‌သွေးစီမံကိန်း တိုင်ကြားချက်ကို ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင် ကနဦး ကြားနာစစ်‌ဆေး

2356

စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံပိုင်ကုမ္ပဏီသုံးခု ပါဝင်လုပ်ကိုင်‌နေသည့် တနသင်္ာရီတိုင်း‌ဒေသအတွင်းရှိ ဘန်း‌ချောင်း‌ကျောက်မီး‌သွေး စီမံကိန်း‌ကြောင့် ‌ဒေသခံများ၏ ထိခိုက်ခံစား‌နေရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်ထံသို့ တိုင်ကြားထားမှုအ‌ပေါ် စက်တင်ဘာလ ၁၁ရက်‌နေ့တွင် ကနဦး ကြားနာစစ်‌ဆေးမှုများပြုလုပ်‌နေပြီးဟု စီမံကိန်းကို ‌စောင့်ကြည့်‌လေ့လာ‌နေသည့် လူမှုအ ဖွဲ့အစည်းများမှ ထုတ်ပြန်‌ကြေညာလိုက်သည်။

‌ကျောက်မီး‌သွေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်‌နေသည့် ထိုင်းနိုင်ငံပိုင် ကုမ္ပဏီသုံးခုဖြစ်သည့် Energy Earth PCL၊ East Star Company နှင့် Thai Asset Mining Company တို့အပြင် ‌မြေဧက ၂၁၀၀‌ပေါ်တွင် သတ္တုလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံ အ‌ခြေစိုက် ‌မေဖလားဝါးကုမ္ပဏီတို့၏ လုပ်ငန်းလည်ပတ်မှုကို လာ‌ရောက်စစ်‌ဆေးရန် ‌ဒေသခံပြည်သူများကိုယ်စား ‌ဒေသခံအရပ် ဖက်အဖွဲ့ဖြစ်သည့် တာက‌ပေါလူငယ်အဖွဲ့၊ ထိုင်းအ‌ခြေစိုက် Spiritual Education Movement (SEM) နှင့် အားလုံးပါဝင်‌သော နိုင်ငံတကာဖွံ့ဖြိုး‌ရေးအဖွဲ့(Inclusive Development International)တို့မှ ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင်ထံကို ယခုနှစ်၊ ဇွန်လ ၂ဝရက်‌နေ့က ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တာက‌ပေါလူငယ်အဖွဲ့၏အကြံ‌ပေးဖြစ်သူ ‌နော်ပီသ‌လောက “အဲ့ကြားနာစစ်‌ဆေးမှုမှာ ‌ဒေသခံရွာသား‌တွေကို အရင်ဆုံး သူတို့ရဲ့ ထိခိုက်နစ်နာမှု‌တွေကို တင်ပြခိုင်းပြီး‌တော့မှ ကုမ္ပဏီ‌တွေကို သူတို့က သိချင်တဲ့‌မေးခွန်း‌တွေ ပြန်‌မေးတယ်။ ဆို‌တော့ ဒီကြားနာ စစ်‌ဆေးမှုပြီးတဲ့‌နောက်မှာ ထိုင်းလူ့အခွင့်အ‌ရေး‌ကော်မရှင်က မြန်မာ့လူ့အခွင့်အ‌ရေး‌ကော်မရှင်နဲ့ တွဲပြီး‌တော့မှ ကွင်းဆင်းစစ် ‌ဆေးမှု‌တွေ ပြုလုပ်သွားဖို့ရှိတယ်။ ပြီးရင် သူတို့က အစီရင်ခံစာ ပြန်ထုတ်ပြီး‌တော့မှ ထိုင်းအစိုးရကို ပြန်တင်ပြသွားမယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထိုကဲ့သို့ ကြားနာစစ်‌ဆေးမှုများ ရှိလာခြင်းအ‌ပေါ် ၎င်းစီမံကိန်းကို လုပ်ကိုင်‌နေသည့် ကုမ္ပဏီများအ‌နေဖြင့် ‌ဒေသခံများအ‌ပေါ် ထိခိုက်နစ်နာ‌စေမှုများနှင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ပို၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာလိမ့်မည်ဟု ‌မျှော်လင့်‌ကြောင်းလည်း ‌နော်ပီသ‌လောက ဆက်‌ပြောသည်။

၎င်းသတ္တုတွင်း စီမံကိန်း‌နေရာသည် ဆယ်စုနှစ်ချီ၍ အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ‌ဒေသဖြစ်ပြီး ‌ကျေးရွာ‌ပေါင်း ၂၂ရွာမှ ‌ဒေသခံ ၁၆၀၀၀‌ကျော် ‌နေထိုင်လျက်ရှိရာ ၎င်းတို့၏ ပြည့်စုံ လုံ‌လောက်‌သော စံချိန်စံညွန်းနှင့်ကိုက်ညီသည့် လူ‌နေမှုဘဝရရှိခွင့်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အ‌မြောက်အများ ကြုံ‌တွေ့ခံရ မှုတို့‌ကြောင့် ၎င်းစီမံကိန်းကို ငြိမ်းချမ်း‌ရေးတည်‌ဆောက်မှုကာလအတွင်း အပြီးတိုင်ရပ်နားထားရန် ‌ဒေသခံများက ဆန္ဒရှိကြသည် ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

စီမံကိန်း‌ကြောင့် ထိခိုက်ခံစား‌နေရသည့် ‌ဒေသခံရွာသူတစ်ဦးက “ကျမတို့က ‌ကျောက်မီး‌သွေးမီးထ‌လောင်‌နေလို့ ဆိုးဆိုးရွားရွား ခံစား‌နေရတယ်။ ကုမ္ပဏီကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မ‌ဖြေရှင်း‌ပေးနိုင်ဘူးဆိုတာ ကျမတို့ သိရပြီး။ အဲ့ဒါက ကျမတို့ဘဝ‌တွေ ကို ဘယ်လိုမှဆက်ပြီး သည်းမခံနိုင်‌အောင်လုပ်‌နေတာပဲ။ ဒီ‌ကျောက်မီး‌သွေးပုံကြီး ဒီလိုပဲ အမြဲတမ်း မီး‌လောင်‌နေမှာကို ကျမတို့ တကယ်ပဲ ‌ကြောက်ပါတယ်။ ထိုင်းနိုင်ငံလူ့အခွင့်အ‌ရေး‌ကော်မရှင်က ဒီစီမံကိန်းကို လာ‌ရောက်စစ်‌ဆေးပြီး ထိုင်းနိုင်ငံပိုင် ကုမ္ပဏီ ‌တွေဟာ မြန်မာနိုင်ငံက ‌ဒေသခံ‌တွေအ‌ပေါ် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ ထပ်မလုပ်ဖို့ ‌သေချာ‌အောင် လုပ်‌ဆောင်‌ပေးနိုင် မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ထုတ်ပြန်ချက်၌ ‌ပြောဆိုထားသည်။

အဆိုပါ‌ကျောက်မီး‌သွေးစီမံကိန်းမှ စွန့်ပစ်‌မြေစာများ ‌လောင်ကျွမ်းပြီး အနံ့ဆိုးများ ထွက်‌ပေါ်လာမှု‌ကြောင့် စီမံကိန်း‌ဒေသရှိ ‌ဒေသ ခံများမှာ မူး‌ဝေ‌အော့အန်ခြင်း၊ ဖျားနာခြင်းများ ခံစား‌နေရသလို စီမံကိန်း‌ကြောင့် ‌ဒေသခံများ ‌သောက်သုံးရန်၊ ချိုးရန်နှင့် ချက် ပြုတ်ရန် ‌ရေအရင်းအမြစ်မှာ ညစ်ညမ်း‌နေကာ မိုးရာသီတွင် ၎င်းညစ်ညမ်း‌ရေများ မြစ်‌ချောင်းအတွင်းသို့ စီးဝင်လာမှု‌ကြောင့် ‌ရေ‌နေသတ္တဝါများ‌သေ‌ကြေခြင်း၊ ‌ဒေသခံများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးခြင်းများဖြစ်ခဲ့ရပြီး ‌ဒေသခံများ၏ စားဝတ်‌နေ‌ရေးနှင့် လူ‌နေမှုဘဝအတွက် ထိခိုက်လျှက်ရှိ‌နေသည်ဟုလည်း ‌ဒေသခံများက ‌ပြောဆိုသည်။

“ဒီစီမံကိန်း‌ကြောင့် ထိခိုက်ခံရတဲ့‌ဒေသခံ‌တွေက စီမံကိန်း‌ကြောင့် သူတို့အ‌ပေါ်ဖြစ်‌ပေါ်ခဲ့တဲ့ ထိခိုက်ခံစားရမှု‌တွေ ဆိုးကျိုး‌တွေအ တွက်ကို ပြန်လည်‌ပေး‌လျော်ဖို့ ကုမ္ပဏီကို‌တောင်းဆို‌နေခဲ့တာ နှစ်‌တွေကြာခဲ့ပြီးဖြစ်‌ပေမဲ့ အ‌ဖြေက‌တော့ ခုထိ မရ‌သေးပါဘူး။ အခု ကုမ္ပဏီ‌တွေဘက်က ထိခိုက်ခံစား‌နေရတဲ့ ‌ဒေသခံ‌တွေရဲ့အသံကို ကြားရပါပြီ။ ဒီအ‌ပေါ်မှာအ‌ခြေခံပြီး ဒီထိခိုက်ခံစားရမှု‌တွေ အတွက် လိုအပ်တဲ့ အ‌ရေးယူ ‌ဆောင်ရွက်ချက်‌တွေကို လုပ်‌ဆောင်လိမ့်မယ်လို့ ကျ‌နော်တို့ ‌မျှော်လင့်ပါတယ်”ဟု Inclusive Development International ၏ မန်း‌နေဂျင်းဒါရိုက်တာ David Pred က ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

အဆိုပါစီမံကိန်းအတွက် ‌မေဖလားဝါးကုမ္ပဏီမှ ၂၀၁၀-၂၀၁၁နှစ်တွင် ခွင့်ပြုမိန့်ရရှိခဲ့‌သော်လည်း အ‌ကောင်အထည်‌ဖော် လုပ် ‌ဆောင်မှုကို ထိုင်းနိုင်ငံ၊ ရပ်ချ်ဘူရီအ‌ခြေစိုက် East Star ကုမ္ပဏီနှင့် ကန်ချနဘူရီအ‌ခြေစိုက် Thai Asset ကုမ္ပဏီတို့က အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်ပြီး ဘန်‌ကောက်အ‌ခြေစိုက်သည့် Corporation Energy Earth ကုမ္ပဏီမှ အဆိုပါသတ္တုတူး ‌ဖော်မှုလုပ်ငန်းအတွက် ရန်ပုံ‌ငွေ‌ထောက်ပံ့ရန်နှင့် ‌ကျောက်မီး‌သွေးဝယ်ယူသူများကို ကွန်ယက်ချိတ်ဆက် ဖြန့်‌ဝေရန်အတွက် သ‌ဘောတူညီချက်ကို ၂၀၁၂ခုနှစ်တွင် လက်မှတ်‌ရေးထိုးခဲ့သည်။

စက်တင်ဘာ ၁၁ရက်‌နေ့က ပြုလုပ်သည့် ကနဦး ကြားနာစစ်‌ဆေးမှုသို့ အဆိုပါထိုင်းကုမ္ပဏီသုံးခုမှ ကိုယ်စားလှယ်များ တက် ‌ရောက်ခဲ့ကြသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ဘန်း‌ချောင်း‌ကျောက်မီး‌သွေးစီမံကိန်းကို လုပ်‌ဆောင်‌နေသည့် သက်ဆိုင်ရာ ကုမ္ပဏီ တို့အား အခက်အခဲ အမျိုးမျိုး‌ကြောင့် ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေးမြန်း၍ မရရှိခဲ့‌ပေ။