Home သတင်း လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာ ၁၃ ရွာမှ ‌ဒေသခံ မျက်စိ‌ဝေဒနာရှင်များအား KNLA ဗဟို‌ဆေးဋ္ဌာနမှ အခမဲ့ ကုသမှုများ စတင် လုပ်‌ဆောင်

လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာ ၁၃ ရွာမှ ‌ဒေသခံ မျက်စိ‌ဝေဒနာရှင်များအား KNLA ဗဟို‌ဆေးဋ္ဌာနမှ အခမဲ့ ကုသမှုများ စတင် လုပ်‌ဆောင်

2004

ဩဂုတ် ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဋ္ဌာနမှ ဦး‌ဆောင်ပြီး နယ်‌မြေခံ‌ဆေးလုပ်သားများဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ‌ကျေးရွာ ၁၃ ရွာမှ ‌ဒေသခံမျက်စိ‌ဝေဒနာ ရှင်များအား ယမန်‌နေ့(ဩဂုတ် ၂၈)မှစတင်ကာ အခမဲ့မျက်စိစမ်းသပ်၊ ခွဲစိတ်၊ ကုသမှုများပြုလုပ်‌ပေး‌နေ‌ကြောင်း သိရသည်။

အဆိုပါ မျက်စိကျန်းမာ‌ရေးဆိုင်ရာ ကုသ‌ပေးမှုများကို လှိုင်းဘွဲမြို့နယ် ဝါ့ဆုခို့‌ကျေးရွာအတွင်းရှိ ကရင်ကျန်းမာ ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန KDHW မှဖွင့်လှစ်ထားသည့် Maw Per Kho Clinic ‌ဆေးခန်းတွင် ဩဂုတ်လ ၂၈ ရက် ‌နေ့မှစတင်ကာ စက်တင်ဘာလ ၂ ရက်‌နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်ဟု KNLA ဗဟို‌ဆေးဋ္ဌာနမှ မျက်စိအထူးကုဆရာဝန်‌ဒေါက်တာ ‌စော‌နေဆဲက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုက တပ်မဟာရဲ့အစီအစဉ်‌ပေါ့။ ကျ‌နော်တို့တပ်မဟာမှူး‌တွေ၊ တပ်မဟာ‌ဆေးအဖွဲ့‌တွေအပြင် KDHW တို့နဲ့တိုင်ပင်ပြီး လုပ်‌ဆောင်တာပါ။ အဓိကက‌တော့ သက်ကြီးရွယ်အို‌တွေအတွက် မျက်စိ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုအတွက် ရည်ရွယ်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

မျက်စိကျန်းမာ‌ရေးကုသမှုများကို KNLA ဗဟို‌ဆေးဋ္ဌာနအ‌နေဖြင့် အခြား‌သော KNU တပ်မဟာများတွင် ပြုလုပ် ‌ပေးခဲ့ဖူးပြီဖြစ်ပြီး ယခုမျက်စိတိမ်စွဲ‌ဝေဒနာရှင်များအား လူမျိုး၊ ဘာသာမ‌ရွေး စမ်းသပ်၊ ခွဲစိပ်၊ ကုသ‌ပေးမှုများ အပြင် ‌ဆေးမျက်မှန်များ ကိုပါ အခမဲ့ပြုလုပ်‌ပေး‌နေခြင်းဖြစ်သည်ဟု ‌ဒေါက်တာ ‌စော‌နေဆဲက ‌ပြောသည်။

“ကျ‌နော်တို့ ‌ဆေးခန်းမှာ‌တော့ ဒါပထမဆုံး‌ပေါ့။ လက်ရှိအထိ‌တော့ လာပြတဲ့သူ တစ်ရာ‌ကျော်ရှိတယ်။ ရွာ‌တော် ‌တော်များများက လာကြတာဆို‌တော့ တစ်ချို့ဆို ခွဲစိတ်ဖို့လိုအပ်တဲ့သူ၊ မျက်မှန်ပြုလုပ်‌ပေးဖို့ပဲ လိုအပ် သူစ သ ဖြင့် လူနာအသီးသီး‌တော့ရှိတယ်။ ခွဲစိတ်ရမယ့်မျက်စိလူနာက ‌လော‌လောဆယ် ၁၈ ‌ယောက် ‌လောက်ရှိပါတယ်”ဟု Maw Per Kho Clinic ‌ဆေးခန်းမှ တာဝန်ခံ ‌စောဟဲ‌လေ‌စေး က‌ပြောသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဋ္ဌာနမှ ဦး‌ဆောင်သည့် မျက်စိကျန်းမာ‌ရေးဆိုင် ရာကုသမှုများကို ‌ဒေါက်တာ‌စော‌နေဆဲမှ ဦး‌ဆောင်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်ပြီး ယ‌နေ့အထိ ‌ကေအဲန်ယူ တပ်မဟာ ၇ ခုလုံးတွင်ရှိသည့် မျက်စိ လူနာ‌ပေါင်း ‌ထောင်နှင့်ချီကာ ကုသမှု‌ပေးခဲ့ပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် ယခုပြုလုပ်သည့် မျက်စိကျန်းမာ‌ရေး ကုသမှုနည်းတူ ‌နောက်လများမှစတင်ကာ ‌ကေ အဲန် ယူနယ် ‌မြေများဖြစ် သည့် တပ်မဟာ ၁၊ ၂၊ ၃ တို့တွင် ဆက်လက်ပြီး မျက်စိဆိုင်ရာ ကုသမှုများ လုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း ‌ဒေါက်တာ‌စော‌နေဆဲ၏ ‌ပြောပြချက်အရ သိရသည်။