Home သတင်း နိုင်ငံခြား သစ်ပင်မျိုး‌စေ့ အပင် ၂၀ဝ ‌ကျော် ‌ကော့လုံကျွန်း‌ဒေသခံများ စိုက်ပျိုး

နိုင်ငံခြား သစ်ပင်မျိုး‌စေ့ အပင် ၂၀ဝ ‌ကျော် ‌ကော့လုံကျွန်း‌ဒေသခံများ စိုက်ပျိုး

2782

ဇူလိုင် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စု ငှက်‌ပျော‌တော (တကွီးကလား)ရွာမှ ‌ကျေးရွာတာဝန်ရှိသူများနှင့် ‌ဒေသခံများ ဦးစီး၍ “ဂျပန်ကျွန်း” ‌ခေါ် ဗီယင်နမ်နိုင်ငံမှ သစ်ပင်မျိုး‌စေ့ တမျိုးကို ‌ဒေသခံပိုင် ‌မြေ‌နေရာတွင် ဇူလိုင် ၁၂ ရက်‌နေ့က အပင်‌ပေါင်း ၂၀ဝ ‌ကျော် စိုက်ပျိုးခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် အ‌ဆောက်အဦးတည်‌ဆောက်‌ရေးအတွက် ပြန်အသုံးပြုရန်အတွက် ယင်းသစ်ပင်မျိုး‌စေ့ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ‌ကျေးရွာတာဝန်ရှိသူနှင့် ရပ်မိရပ်ဖများ၊ သံဃာ‌တော်များ၊ ‌ဒေသခံများနှင့် မြို့နယ် အစိုးရ ဌာနဆိုင်ရာအချို့မှ တာဝန်ရှိသူများ စုစု‌ပေါင်း ၇ဝ ခန့်တို့ စု‌ပေါင်းပြီး စိုက်ပျိုးခဲ့သည်ဟု ငှက်‌ပျော‌တော‌ကျေးရွာ ရာအိမ်မှူးဖြစ်သူ ‌စောသန်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီသစ်ပင်မျိုး‌စေ့က ဖားအံမြို့က မိတ်‌ဆွေတစ်‌ယောက်ဆီက‌နေ ရပါတယ်။ ဗီယင်နမ်နိုင်ငံက‌နေ ယူလာတ‌ပေါ့‌နော်။ သစ်က အ‌ဆောက်အဦး ‌ဆောက်ရင် ‌ကောင်းတယ်‌ပေါ့။ ဆယ်နှစ်‌ကျော်‌လောက်ဆိုရင် အပင်ရဲ့ ပတ်လုံးက နှစ်‌ပေ‌လောက်အထိ ကြီးမယ်လို့ သိရတယ်။ အကျိုးအ‌ကြောင်း‌တွေ ‌ပြောပြ‌တော့ နိုင်ငံခြားက မျိုး‌စေ့လည်းဖြစ်‌တော့ စိတ်ဝင်စားတယ်။ ‌ကျေးရွာအကျိုးလည်း ရှိမယ်လို့ ယုံတဲ့အတွက် ပြန်စိုက်တာဖြစ်ပါတယ်”ဟု သူက ‌ပြောသည်။

ယခု သစ်ပင်စိုက်ပျိုးသည့် ‌နေရာသည် ‌ကျေးလက် ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦး တည်‌ဆောက်ရန် ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စုနှင့် ရှမ်းစု‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများက စု‌ပေါင်းဝယ်ယူထား သည့် ‌နေရာဖြစ်ပြီး ‌နောက်ပိုင်း အ‌ဆောက်အဦးတည်‌ဆောက်‌ရေး မဖြစ်‌မြောက်သဖြင့် ယခုလို သစ်ပင်စိုက်ပျိုးခြင်းလည်း ဖြစ်သည်။

ထိုသို့ စိုက်ပျိုးရာ၌ “ဂျပန်ကျွန်း”သစ်ပင်အပြင် ပန်းပင်များဖြစ်သည့် တရုတ်စကားပင်၊ ဆံပန်၊ နှင်းဆီနှင့် အခြားရွက်လှပန်း အမျိုးမျိုးတို့ နံနက် ၉ နာရီခွဲမှ ၁၁ နာရီ‌ကျော်အထိ စိုက်ခဲ့ကြသည်ဟု ‌ဒေသခံများက ဆိုသည်။

ယင်းအပင်စိုက်ပွဲတွင် ပါဝင်သူ ‌ဒေသခံ ‌စော‌မောင်‌လေးငယ်က “သစ်ပင်စိုက်တာ ပါဝင်ခွင့်ရ‌တော့ ဝမ်းသာတယ်။ အခု‌ခေတ်မှာ အပင်‌တွေ ခုတ်ပြီး ပြန်စိုက်တာ မရှိဘူး။ ဒီသစ်ပင်စိုက်ပွဲမှာ အထူးသဖြင့် ဂျပန်ကျွန်းပင်ကို ကျ‌နော်တို့စိုက်တာက ကြီးမြန်တယ်။ မြန်မြန် အသုံးပြုနိုင်တာ‌ပေါ့။ ဒီသစ်ပင်စိုက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအတွက်လည်း စံနမူနာ‌ကောင်းတစ်ခု ဖြစ်မယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့လုံကျွန်းသည် လှိုင်းဘွဲမြို့နယ်ရှိ သံလွင်မြစ်လယ်တွင် တည်ရှိ‌သော ကျွန်းတစ်ကျွန်းဖြစ်ပြီး ယင်းကျွန်း‌ပေါ်တွင် မြ‌လေး‌ကျေးရွာအုပ်စုနှင့် ကို‌မောင်‌ကျေးရွာအုပ်စုဟူ၍ တည်ရှိကာ ‌ကျေးရွာ ၁ဝ ‌ကျော် အ‌ခြေစိုက်လျှက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လကလည်း အဆိုပါ ‌နေရာတွင် သစ်ပင်နှင့် ပန်းပင်စိုက်ပွဲ တစ်ကြိမ်ပြုလုပ်ခဲ့ပြီဖြစ်သည်။