Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ် ပြင်ဆင်သွားမည်ဟု PPST ‌ပြော

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ် ပြင်ဆင်သွားမည်ဟု PPST ‌ပြော

1407

ဇူလိုင် ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား


ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် သုံးသပ်ပြင်ဆင်သွားမည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် – NCA လက်မှတ်ထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ -PPST ၏ အစည်းအ‌ဝေးအပြီး ဇူလိုင်လ ၂ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်။‬‬‬

‪ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂၈ရက်မှ ဇူလိုင်လ ၂ရက်‌နေ့အထိ ကျင်းပခဲ့သည့် အဆိုပါ PPST အစည်းအ‌ဝေး ၌ ‬ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို သုံးသပ်ပြင်ဆင်သွားရန် ထိုသို့ သ‌ဘောတူညီခဲ့ခြင်းဖြစ်သည်ဟု PPSTအဖွဲ့၏ ‌ပြောခွင့်ရသူ ဗမာပြည်လုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF ဥက္ကဌ ရဲ‌ဘော်သံခဲက ယ‌နေ့ (ဇူလိုင် ၃ ရက်‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။‬‬

၎င်းက “NCA ‌ရေးထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ကြားမှာ ပြန်လည်သုံးသပ်ဖို့ အစုအဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ်။ ဇူလိုင်လ ၂ဝ ရက်‌လောက် ‌ကေအဲန်ယူဌာနချုပ်ဖြစ်တဲ့ ‌လော်ခီးလာမှာ စပြီး‌ဆွေး‌နွေးမယ်။ ‌ဆွေး‌နွေးပြီးရင် ရရှိချက်အမြင်‌တွေကို အစိုးရ၊ တပ်မ‌တော်၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း‌တွေ၊ နိုင်ငံ‌ရေးပါတီအဖွဲ့အစည်း‌တွေနဲ့ ဩဂုတ်လမှာ ဆက် လက်‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

NCA လက်မှတ် ‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအတွင်း၌ပင် အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများ အားလုံး မလုပ်‌ဆောင်နိုင်မှု၊ တိကျ‌သောနိုင်ငံ‌ရေး မှု‌ဘောင်များရရှိရန် ဆက်လက်လုပ်‌ဆောင်‌နေရ‌သော ကာလဖြစ်၍ ဆုံးဖြတ်ချက်ချ‌သောအခါ ရှုပ်‌ထွေးမှုများ ရှိ‌နေခြင်း‌ကြောင့် နိုင်ငံ‌ရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်ခြင်းဖြစ်‌ကြောင်း ရဲ‌ဘော်သံခဲမှ ဖြည့်စွက်‌ပြောဆိုသည်။

PPST အစည်းအ‌ဝေး ထုတ်ပြန်ချက်ထဲတွင် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ၊ လုပ်ငန်း‌ကော်မတီအစည်းအ‌ဝေး များ၊ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအ‌ဝေး၏ စိန်‌ခေါ်မှုများအား သုံးသပ်ရာတွင် ဖက်ဒရယ်၏ လက္ခဏာဖြစ်‌သော ပြည် နယ်များ၏ အာဏာခွဲ‌ဝေမှု၊ ပြည်နယ်အ‌ခြေခံဥပ‌ဒေနှင့် ငြိမ်းချမ်း‌ရေးသ‌ဘောတူညီချက်များ ပူးတွဲအ‌ကောင်အထည် ‌ဖော်ခြင်း စသည်တို့ကို ဆက်လက်‌ဆွေး‌နွေးရမည်ဟု ပါရှိသည်။

ထို့အပြင် အစိုးရနှင့် NCA လက်မှတ် ‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းတို့အကြား NCA အဓိပ္ပာယ်နားလည်မှု မတူညီ‌သော‌ကြောင့် NCA ဆိုင်ရာ အ‌ခြေခံမူ၊ ခံယူချက် သ‌ဘောထားများနှင့် ကတိပြုချက်များ အား လိုက်နာခြင်း၊ အ‌ကောင်အထည်‌ဖော်ခြင်း သက်‌ရောက်မှုရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အ‌ခြေခံတို့နှင့် ပတ်သက်၍ အားနည်းမှုများ ဖြစ်‌ပေါ်ခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ‌ဖော်ပြထားသည်။

အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများကို NCA လက်မှတ်‌ရေးထိုးထားသည့် အဖွဲ့အချို့သာ ပြုလုပ်ကျင်းပခွင့်ရရှိပြီး ရခိုင်နှင့် ရှမ်း(သျှမ်း)အဖွဲ့များက မကျင်းပနိုင်‌သေးသဖြင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် မှန်ကန်‌သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်‌ရေးအတွက် သံသယဖြစ်မိ‌ကြောင်း PPST တာဝန်ရှိသူများက ‌ထောက်ပြ‌ပြောဆိုမှုများရှိခဲ့သည်။

ငြိမ်းချမ်း‌ရေး လုုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (Peace Process Steering Team-PPST) အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၄ ရက်‌နေ့က ထိုင်းနုိုင်ငံ၊ ချင်းမိုင် မြို့တွင် ကျင်းပခဲ့သည့် NCA လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအ‌ဝေးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့ကို အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဒုအဖွဲ့ ‌ခေါင်း‌ဆောင်အဖြစ် ရှမ်း(သျှမ်း)ပြည် ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်မှ ဦး‌ဆောင်ပြီး အပစ်ရပ် အဖွဲ့ ၈ ဖွဲ့အား ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှု‌ပေးနုိုင်ရန် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။