Home သတင်း တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ကျန်းမာ‌ရေးလုပ်သား ၃၂ ဦးအား ‌အောင်လက်မှတ်‌ပေးအပ်

တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ ကျန်းမာ‌ရေးလုပ်သား ၃၂ ဦးအား ‌အောင်လက်မှတ်‌ပေးအပ်

2257

ဇူလိုင် ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

တိုင်းရင်းသား ‌ဒေသအသီးသီးမှ ကျန်းမာ‌ရေးအဖွဲ့အစည်းများ၏ ကျန်းမာ‌ရေးလုပ်သား ၃၂ ဦးအား ကျန်းမာ‌ရေး ကြီးကြပ် အဆင့်(၂) ပြည်သူ့ ကျန်းမာ‌ရေး ‌အောင်လက်မှတ်(Certificate in Public Health) ‌ပေးအပ်ပွဲအစီအစဉ်ကို ယ‌နေ့ (ဇူလိုင်လ ၁၈ ရက်‌နေ့)တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ Queen Palace ဟိုတယ်၌ ကျင်းပခဲ့သည်။

မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း-MTCအပါအဝင် USAID၊ PLE၊ RESCUE စသည့် အစိုးရ မဟုတ်‌သော (NGOs) အဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခု ဖြစ်သည့် (ထန်မဆက်) Thammasat University ၊ တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းတို့ ပူး‌ပေါင်းပါဝင်မှုဖြင့် စက်တင်ဘာလမှ စတင်ကာ မယ်‌တော်‌ဆေးခန်းတွင် ဆယ်လကြာဖွင့်လှစ် သင်ကြားပို့ချ‌ပေးခဲ့ပြီး‌နောက် ယခုလို ‌အောင်လက်မှတ်များ ‌ပေးအပ်ခြင်းဖြစ်သည်။

၎င်းသင်တန်း ‌ကော်မတီဝင်တစ်ဦးဖြစ်သူ မြန်မာနိုင်ငံ ‌ရွှေ့‌ပြောင်း ကျန်းမာ‌ရေးစနစ် တိုးတက်‌ကောင်းမွန်‌ရေး စီမံကိန်း ဒါရိုက်တာ ‌စောသာဝင်းက “ ‌အောင်လက်မှတ်က ၂၀၁၂ ခုနှစ်‌နောက်ပိုင်း နိုင်ငံ‌ရေးအ‌ပြောင်းအလဲအ‌ပေါ်မှာ နယ်စပ်နဲ့ တိုင်းရင်းသား‌ဒေသမှာရှိတဲ့ ဒုက္ခသည်‌တွေအပါအဝင် ပြည်သူ့ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌တွေ အဓိက‌ပေး‌နေတဲ့ ကျန်းမာ‌ရေး လုပ်သား‌တွေရဲ့ ‌ရေရှည်အတွက် နိုင်ငံ‌တော်အစိုးရ အသိအမှတ်ပြုမှုရှိ‌အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည် ။

ထို့အပြင် မ‌ကွေး‌ဆေးတက္ကသိုလ်မှ သင်ရိုးညွှန်းတမ်းကိုယူပြီး ထန်မဆက်တက္ကသိုလ်နှင့် ပူး‌ပေါင်းကာ တိုင်းရင်း သား‌ဒေသများသာမက ‌ခေတ်နှင့် လိုက်‌လျောညီ‌ထွေ‌သော နိုင်ငံတကာ စံချိန်မီသည့် သင်ရိုးဖြစ်ရန် မွမ်းမံသင်ကြားခဲ့၍ နိုင်ငံတကာ အသိအမှတ်ပြုမှုရှိလာရန်လည်း ရည်ရွယ်‌မျှော်လင့်‌ကြောင်း ‌စောသာဝင်းက ဆက်‌ပြောသည်။

ယင်းသင်တန်းကို ကရင်၊ ကချင်၊ ကရင်နီ၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း စသည့် တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းများနှင့် မယ်‌တော်‌ဆေးခန်းမှ ကျန်းမာ‌ရေးလုပ်သားများ တက်‌ရောက်ခဲ့ကြပြီး Thammasat University မှ သင်တန်းနည်းပြ ဆရာ ဝန် ၁ဝ ဦး‌ကျော်က လူထုကျန်းမာ‌ရေးနှင့် သက်ဆိုင်‌သောပညာရပ် ၂၂ ဘာသာကို ရက်သတ္တတစ်ပတ်လျှင် ၃ရက်ဖြင့် နာရီ‌ပေါင်း ၄၀ဝ ကြာ ဖွင့်လှစ် သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သင်တန်းသားတစ်ဦးဖြစ်သူ မယ်‌တော်‌ဆေးခန်းမှ ‌စောမင်းသန့်စင်က “အနည်းဆုံး Medic သင်တန်းပြီးမှ ဒီသင် တန်းကိုတက်ခွင့်ရှိတာပါ။ ဒီသင်တန်းမှာ လူတစ်ဦးချင်းသာမက လူထုတစ်ရပ်လုံးရဲ့ ကျန်းမာ‌ရေး အ‌ခြေအ‌နေ‌တွေအတွက် ပြည်သူကို အသိ‌ပေး‌စောင့်‌ရှောက်တာ‌တွေ သင်ခဲ့ရတယ်။ ဒီသင်တန်းပြီး‌တော့
ပြည်သူ့ကျန်းမာ‌ရေးအတွက် မယ်‌တော် ‌ဆေးခန်းမှာ ပြန်လုပ်မယ်။ ပြည်တွင်းမှာ လိုအပ်လာရင်လည်း ပြန်ကူညီဖို့ အသင့်ပါပဲ” ဟု ‌ပြောသည်။

ပြည်သူ့ ကျန်းမာ‌ရေးသင်တန်း(Public Health) များကို ၂၀၁၃ ခုနှစ်‌နှောင်းပိုင်းကာလမှ စတင်၍ မယ်‌တော်‌ဆေးခန်းအပြင် တိုင်းရင်းသား ‌ဒေသနှင့် နယ်စပ်အ‌ခြေစိုက်သည့် တိုင်းရင်းသား ကျန်းမာ‌ရေး အဖွဲ့အစည်းများ၏ ‌ဆေးခန်းများ၊ ‌နေရာဌာနများ၊ ဒုက္ခသည်စခန်းများအသီးသီးတို့တွင် ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ယခုသင်တန်းမှာ ရှစ်ကြိမ်‌မြောက်ဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား‌ပေါင်း ၅၀ဝ ဦးခန့် တက်‌ရောက်‌အောင်မြင်ခဲ့ပြီးဟု သိရသည်။