Home သတင်း ထိုင်းကရင်ရွာမှ ‌ပျောက်ဆုံးသွားသည့် ‌ရှေး‌ဟောင်းဆင်စွယ်ကို DKBA မှ ပြန်လည်‌ပေးအပ်

ထိုင်းကရင်ရွာမှ ‌ပျောက်ဆုံးသွားသည့် ‌ရှေး‌ဟောင်းဆင်စွယ်ကို DKBA မှ ပြန်လည်‌ပေးအပ်

2038

ဇွန် ၁၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းရှိ ကရင်ရွာတစ်ရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ‌ပျောက်ဆုံးသွားခဲ့သည့် ‌ရှေး‌ဟောင်း ဆင်စွယ်တစ်စုံနှင့် ဘုရားဆင်းတု‌တော်တစ်ဆူအား ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် DKBA တာဝန်ရှိ သူများမှ ထိုင်းတာဝန်ရှိသူများထံ ယမန်‌နေ့ (ဇွန်လ ၁၂ ရက်)တွင် ပြန်လည်လွှဲ‌ပြောင်း ‌ပေးအပ်လိုက်ပြီဖြစ်‌ကြောင်း သိရ သည်။

ဇွန်လ ၈ ရက်‌နေ့ညပိုင်းက ထိုင်းကရင်ရွာတစ်ရွာဖြစ်သည့် ‌လေး‌တော်ခို့‌ကျေးရွာမှ ‌ပျောက်ဆုံးသွားခဲ့သည့် ပစ္စည်းများအား သတင်း‌ပေးချက်အရ ဒီ‌ကေဘီ‌အေနယ်‌မြေအတွင်း သိမ်းဆည်းရမိသဖြင့် အဆိုပါ ပစ္စည်းများအား ပြန်လည် အပ်နှံလိုက် ခြင်းဖြစ်သည်ဟု DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စောစတီးက ယခုလို အတည်ပြု‌ပြောဆိုသည်။

၎င်းက “အဲဒီလူ‌တွေက မုလအိဘုရား‌ပေါ်‌ရောက်‌တော့ ပြန်ဆင်းလာတယ်။ ဆင်းလာပြီး‌တော့ ဒီပစ္စည်း‌တွေ လှူမယ်ဆိုပြီး အဲဒီမှာ ကျ‌နော်တို့တာဝန်‌ပေးထားတဲ့ ဗိုလ်မှူး‌စောယို‌ကေးကို လာ‌ပြောပြတယ်။ လာပြီး သတင်းပို့‌တော့ ကျ‌နော်တို့ဘက်က ထိုင်းဘက်က ‌လေး‌တော်ခို့ရွာသူကြီး‌တွေကိုမှာပြီး အခုသူတို့ ပစ္စည်းကို ပြန်‌ပေးလိုက်ပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တလာကူးဘာသာဝင် ‌လေး‌တော်ခို့ကရင်‌ကျေးရွာသားများ အထွဋ်အမြတ်ထားရာ သက်တမ်းရာချီရှိ‌နေပြီဖြစ်သည့် ဆင် စွယ်တစ်စုံနှင့်ဘုရားဆင်းတု‌တော်တစ်ဆူကို ကားတစ်စီးနှင့်အတူ ထိုင်းနိုင်ငံသား ကရင်လူမျိုးတစ်ဦးနှင့် အ‌ပေါင်းပါတစ်ဦး တို့မှ ဇွန်လ ၁ဝ ရက်‌နေ့ညက မုလအိ‌တောင်‌ပေါ်ရှိ မုလအိဆံ‌တော်ရှင်‌စေတီတွင် လာ‌ရောက်လှူဒါန်းလိုသည်ဟု ‌ပြောဆိုရာမှ သတင်း‌ပေးချက်အရ ဒီ‌ကေဘီ‌အေဘက်မှ ပြန်လည်သိမ်း ဆည်းရမိခြင်းဖြစ်သည်။

ယင်းပစ္စည်းများအား အဓိကယူ‌ဆောင်လာသူ ထိုင်းနိုင်ငံသားကရင်လူမျိုးမှာ ယခင်က ထိုင်း‌ကျေးရွာဖြစ်သည့် ‌လေး‌တော်ခို့ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်ပြီး ထိုင်း‌ကျေးရွာ တာဝန်ရှိသူများနှင့် ဒီ‌ကေဘီ‌အေတို့ နှစ်ဦးနှစ် ဖက်‌ဆွေး‌နွေးညှိနှိုင်း မှုများပြုလုပ်ပြီး‌နောက် ယူ‌ဆောင်လာသည့် ပစ္စည်းများအား ပြန်လည်‌ပေးအပ်ခဲ့‌သော်လည်း ၎င်းတို့ နှစ်ဦးမှာ မုလအိ‌တောင်‌ပေါ်တွင်သာ ကျန်ရှိ‌နေခဲ့‌ကြောင်း သိရသည်။

“အဲဒီ နှစ်‌ယောက်ကို ထိုင်းဘက်က ‌လေး‌တော်ခို့ရွာ ‌ဂေါပက လူကြီး‌တွေ မြို့နယ်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး‌တွေက ပြန်‌ခေါ် တယ်။ ‌ခေါ်လို့မရဘူး။ သူတို့မုလအိမှာပဲ‌နေတယ်။ ပြန်‌ခေါ်တာ သူတို့မှမလိုက်‌တော့ပဲ။ အဲဒီမှာပဲ သူတို့ကို ‌နေခိုင်း ‌တော့တယ်” ဟု ဒီ‌ကေဘီ‌အေ ဒုစစ်ဦးစီးချုပ်က ‌ပြောသည်။
‌ပျောက်ဆုံးပစ္စည်းများကို ဒီ‌ကေဘီ‌အေ ဒုစစ်ဦးစီးချုပ်နှင့်အတူ နယ်‌မြေခံ KNU တာဝန်ရှိသူများ၊ နယ်‌မြေခံမြန်မာ့ တပ်မ‌တော်အရာရှိများ၊ ဌာနဆိုင်ရာများမှ ထိုင်း‌ကျေးရွာတာဝန်ရှိသူများထံ လွှဲ‌ပြောင်း‌ပေးအပ်လိုက်ခြင်းဖြစ် သည်ဟု သိရသည်။