Home သတင်း မိုင်းအသိပညာ‌ပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများ နိုင်ငံတကာ‌နေ့ အခမ်းအနား ဖားအံတွင် ပြုလုပ်

မိုင်းအသိပညာ‌ပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများ နိုင်ငံတကာ‌နေ့ အခမ်းအနား ဖားအံတွင် ပြုလုပ်

1669

ဧပြီ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

မိုင်းအသိပညာ‌ပေးခြင်းနှင့် မိုင်းဆိုင်ရာ အကူအညီများ နိုင်ငံတကာ‌နေ့ အခမ်းအနားကို ဖားအံမြို့၊ သီရိဘားအံ ဟိုတယ်၌ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ INGO, NGO များပူး‌ပေါင်းကာ ဧပြီ ၄ ရက်‌နေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားနှင့် ပတ်သက်၍ The Halo Trust အဖွဲ့ ‌အော်ပ‌ရေးရှင်း မန်‌နေဂျာကို ဆန်းဝင်း‌မောင်က “ မိုင်း အန္တရာယ်‌လျော့ကျဖို့ အရပ်သားပြည်သူ‌တွေကို ‌လေ့ကျင့်‌ပေးပြီးလို့ရှိရင် နိုင်ငံတကာအကူအညီယူပြီး‌တော့ မိုင်း ရှင်းလင်း‌ရေးလုပ်ငန်း‌တွေမှာ ပါဝင်လို့ရပါတယ်ဆိုတဲ့ သတင်းစကား‌ပေးချင်တယ်။ ‌နောက်တပိုင်းက မိုင်းနဲ့ဆိုင်တဲ့ဖြစ်စဉ်က ဘယ်လိုလဲ ဆိုတာကို သိ‌စေချင်တဲ့ ရည်ရွယ်ချက်‌တွေ‌ကြောင့် ဒီအခမ်းအနားကို ကျင်းပ တာပါ” ဟု ‌ပြောသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ INGO, NGO အဖွဲ့များ ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း ၆ဝ ဦးခန့် တက်‌ရောက်ခဲ့ပြီး အခမ်းအနားတွင် မိုင်းနှင့်ပတ်သက်သည့် အသိပညာများ ‌ပေးခြင်းအပါ အဝင် မိုင်းရှင်းလင်း‌ရေး သရုပ်ပြအခမ်းအနားလည်း ပြုလုပ်ပြသခဲ့သည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ ညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “ ပြည်သူလူထု‌တွေဟာ သူတို့ရဲ့ လယ်ယာ‌မြေ‌တွေမှာ အန္တရာယ်ကင်းကင်းနဲ့ ‌နေထိုင်လုပ်ကိုင်ဖို့အတွက် မိုင်းရှင်းလင်း‌ရေးလုပ်ငန်း‌တွေက လိုအပ်ပါတယ်။ ဒါ‌ကြောင့် အားလုံးပူး‌ပေါင်း‌ဆောင်ရွက်ရင် ဒီလုပ်ငန်းက မြန်မြန်ဆန်ဆန်‌အောင်မြင်မှာပါ” ‌ပြော သည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း ကုလသမဂ္ဂ ယူနီဆက်၏ ကူညီပံ့ပိုးမှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦး‌ဆောင်ကာ မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင်‌ဆောင်ရွက်‌နေပြီး ‌ရှေ့‌ပြေး အစီအစဉ်များ အဖြစ် မိုင်းအန္တရာယ် အသိပညာ‌ပေးခြင်းလုပ်ငန်းကို ‌ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်း၊ ငြိမ်းချမ်း‌ရေး အပစ်ရပ် လက်နက်ကိုင်အဖွဲ့၊ NGO၊ INGO၊ ‌ဒေသခံများပါဝင်သည့် မြို့နယ်အလိုက် မိုင်းရှင်းလင်း‌ရေးအဖွဲ့များ ဖွဲ့စည်း ထူ‌ထောင်ပြီး‌ကျေးရွာများအထိ အသိပညာ‌ပေးလုပ်ငန်းများ ကွင်းဆင်း ‌ဆောင်ရွက်‌နေ‌ကြောင်း မိုင်းအန္တာရယ် အသိပညာ‌ပေး လုပ်‌ဆောင်‌နေသူများက ‌ပြောသည်။