Home သတင်း ပြည်နယ် အရပ်ဖက်အဖွဲ့ကွန်ရက် သတင်းဂျာနယ်နှင့် စပ်လျဉ်း‌သောအ‌ကြောင်းအရာများ မိတ်ဆက်‌ဆွေး‌နွေး

ပြည်နယ် အရပ်ဖက်အဖွဲ့ကွန်ရက် သတင်းဂျာနယ်နှင့် စပ်လျဉ်း‌သောအ‌ကြောင်းအရာများ မိတ်ဆက်‌ဆွေး‌နွေး

1845

မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဖက် လူမှုအ‌ထောက်အကူပြု အဖွဲ့အစည်းများကွန်ရက်-KSCN ၏ လုပ်ငန်းညှိနှိုင်းအစည်းအ ‌ဝေးကို မတ်လ ၁၆ရက်‌နေ့က ဖားအံမြို့ ၊ ရတနာဒီပရပ်ကွက် ပအိုဝ်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ‌ရှေ့လုပ်ငန်းစဉ်များနှင့် ပြည်နယ် အ‌ခြေပြုဖွံ့ဖြိုး‌ရေးအတွက် သတင်းဂျာနယ်မီဒီယာကဏ္ဍနှင့် စပ်လျဉ်း‌သောအ‌ကြောင်းအရာများအား မိတ်ဆက်‌ဆွေး‌နွေးခဲ့သည်။

ကရင်ပြည်နယ်၏ မြို့နယ် ၇မြို့နယ်အတွင်းရှိ KSCN ကွန်ရက် အဖွဲ့ဝင် ၄ဝ ‌ကျော်မှ အဆိုပါ အ‌ကြောင်းအရာများကို မနက် ၉ နာရီမှ ည‌နေ ၄နာရီခွဲအထိ စု‌ပေါင်း‌ဆွေး‌နွေးကြသည်ဟု အဆိုပါကွန်ရက် ဦး‌ဆောင်အဖွဲ့ဝင် ဆရာ‌စော‌ဇော်လင်းက ယခုလို ‌ပြောသည်။

၎င်းက “KSCN အ‌နေနဲ့ ပြည်နယ်တွင်း သတင်းအချက်အလက်‌တွေ အချိန်နဲ့တစ်‌ပြေးညီ ဖြန့်‌ဝေဖို့ လုပ်‌ဆောင်နိုင်‌အောင် ကဏ္ဍ တစ်ခုအ‌နေနဲ့ မိတ်ဆက်‌ဆွေး‌နွေးတာပါ။ ထုတ်‌ဝေဖို့ ဆက်လက် လုပ်‌ဆောင်ဖို့က သီးသန့်အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌တွေ ထပ်လုပ်ရ အုံးမှာပါ။ ပြီးမှ အစီအစဉ်တကျ ထုတ်လုပ်နိုင်မှု‌တွေနဲ့အတူ ကဏ္ဍအလိုက် သတင်းအချက်အလက် ဖွံ့ဖြိုးလာပြီး ကျ‌နော်တို့ကွန် ရက်အဖွဲ့‌တွေ ထိထိ‌ရောက်‌ရောက် ပိုမိုအားဖြည့် လုပ်‌ဆောင်နိုင်‌အောင် ရည်ရွယ်ပြီး မိတ်ဆက်‌ဆွေး‌နွေးကြတာပါ”ဟု‌ပြောသည်။

ထို့အပြင် ၂၁ပင်လုံညီလာခံ အတွက် ကရင် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်အတွက် လုပ်ငန်းစဉ်များ ၊ ‌ဒေသတွင်း ကွန်ရက်အဖွဲ့များ ချိတ်ဆက်မှုနှင့် ပူး‌ပေါင်းပါဝင်မှု အား‌ကောင်းလာ‌စေရန် ၊ KSCN ၏ လုပ်ငန်း စဉ်ဆိုင်ရာများအား ‌ပေါင်းစပ် သုံးသပ်‌ဆွေး‌နွေးမှုများကို ယင်းညှိနှိုင်း အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသည်ဟု တက်‌ရောက်လာသည့် ကွန်ရက်အဖွဲ့ဝင်များက ‌ပြောသည်။

မြဝတီမြို့နယ် KSCN ကွန်ရက်အဖွဲ့ဝင် မန်းစိုးသီဟက “အခု‌ဆွေး‌နွေး‌တော့လည်း အားလုံးက စိတ်ဝင်စားကြပါတယ်။ အဓိက ‌တော့ ‌ဒေသခံလူထုကို အကျိုးပြု သတင်းအချက်အလက်‌တွေ မျှ‌ဝေနိုင်ဖို့ အဓိက‌ပေါ့။ ကဏ္ဍအလိုက်က‌တော့ အစုံ ပါ‌စေချင် တယ်။ ‌ဒေသတွင်း ‌နေထိုင်တဲ့လူမျိုးအလိုက် ဘာသာစကားနဲ့ ထုတ်‌ဝေတာ ဟစ်တိုင်ကဏ္ဍ အယ်ဒီတာထံ‌ပေးစာ ဒါ‌တွေ ပါ‌စေချင်တယ်။ ဒါမှ ‌ဒေသခံ‌တွေရဲ့ ခံစား‌တွေ့ကြုံ‌နေရတာ‌တွေ အချိန်နဲ့တစ်‌ပြေးညီ သိရှိ‌ဖြေရှင်းနိုင်မှာပါ”ဟု ‌ပြောဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ မြို့နယ် ၇မြို့နယ်တွင် ယခုလအတွင်း ရက်အပိုင်းအခြားအလိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ၏ အလုပ်ရုံ‌ဆွေး‌နွေးပွဲများ ဆက်လက် ပြုလုပ်‌ဆောင်သွားကြမည်ဟုလည်း KSCN ဦး‌ဆောင်သူများထံမှ သိရှိရသည်။

ကရင်ပြည်နယ်လုံးဆိုင်ရာ KSCN ကို ၂၀၁၅ ‌ရွေး‌ကောက်ပွဲပြီး‌နောက်ပိုင်း မြို့နယ် ၇မြို့နယ်မှ နာ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လယ်ယာ‌မြေအ‌ရေး၊ မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များ အပါအဝင် အဖွဲ့အစည်း‌ပေါင်း ၄၀‌ကျော်ဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။