Home သတင်း လူထုဗဟိုပြုစီမံကိန်း ပူးတွဲ အ‌ကောင်အထည်‌ဖော်ပါက လက်ခံမည်ဟု မွန်ပြည်သစ်ပါတီ‌ပြောဆို

လူထုဗဟိုပြုစီမံကိန်း ပူးတွဲ အ‌ကောင်အထည်‌ဖော်ပါက လက်ခံမည်ဟု မွန်ပြည်သစ်ပါတီ‌ပြောဆို

1323

မတ် ၁၆ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မတ်လကုန်ပိုင်း၌ အ‌ကောင်အထည်‌ဖော်‌ဆောင်မည့် ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်းကို ၎င်းတို့ နှင့် ပူးတွဲ‌ဆောင်ရွက်လျှင် လက်ခံမည်ဟု မွန်ပြည်သစ်ပါတီမှ ပြည်တွင်း‌ရေးတာဝန်ခံ နိုင်ဝင်းလှက မတ်လ ၁၅ရက်‌နေ့တွင် ‌ကေ အိုင်စီသို့ ‌ပြောသည်။

နိုင်ဝင်းလှက “ကျ‌နော်တို့ကို ‌ဘေးဖယ်ထားပြီး အ‌ကောင်ထည်‌ဖော်မယ်ဆိုရင် စဉ်းစားရမဲ့အပိုင်း ငြင်းပယ်ရမဲ့သ‌ဘောရှိတယ်။ ပူး တွဲ အ‌ကောင်ထည်‌ဖော်မယ်ဆိုရင်‌တော့ လက်ခံဖို့များတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းတို့အ‌နေဖြင့် နိုင်ငံတကာအဖွဲ့အစည်း၊ နတလ(နယ်စပ်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်း) စီမံကိန်းများတွင် ရပ်ရွာအဖွဲ့များနှင့် ပူးတွဲပြီး အ‌ကောင်အထည်‌ဖော်သွားသည့်အပိုင်းရှိ‌ကြောင်း၊ အဆိုပြုချက်ကို လက်ခံပါက ပူး‌ပေါင်းပါဝင်ရန် ရှိသည်ဟု နိုင်ဝင်းလှ က ဖြည့်စွက် ‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ဆိပ်က‌လေး‌ကျေးရွာအုပ်စု ၁၈ရွာ၊ ဝင်း‌ရော်ဆိပ်ကြီး‌ကျေးရွာအုပ်စု ၂ရွာနှင့် က‌မော့‌ကျေးရွာ အုပ်စု ၅ရွာတွင် ယခင်နှစ်က နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ၎င်းစီမံကိန်းကို ရပ်စဲထားရန် မွန်ပြည်သစ်ပါတီက ညွှန်ကြားထားသ ဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားရပြီး ယခု ဒုတိယနှစ် စီမံကိန်းကို အ‌ကောင်အထည်‌ဖော်နိုင်ရန် ညှိနှိုင်း‌နေဆဲဖြစ်သည်ဟု လူထု ဗဟိုပြုစီမံကိန်း တာဝန်ရှိသူများက ‌ပြောသည်။

“စီမံကိန်းက အစိုးရက အ‌ကောင်အထည်‌ဖော်တာ မဟုတ်ဘူး။ ရံပုံ‌ငွေလည်း ကမ္ဘာ့ဘဏ်က ‌ထောက်ပံ့‌ပေးတယ်။ သူတို့နဲ့‌ဆွေး ‌နွေးတုန်းကလည်း ‌ပြောပြထားပါတယ်။ မွန်ပြည်သစ်ပါတီအ‌နေနဲ့ ‌ကော်မတီဝင်‌သော်လည်း‌ကောင်း အကြံ‌ပေးတာတို့ ဝိုင်းဝန်း ကူညီ‌ဆောင်ရွက်‌ပေးမယ်ဆိုရင် ပိုပြီး ‌အောင်မြင်မှာ‌ပေါ့”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီး ဌာနမှ ဦးစီးမှူး ‌စော‌အောင်မျိုးမြင့်က မတ်လ ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ‌ကျေးရွာ ၅၁အုပ်စုမှ ၄၇အုပ်စုသာ စီမံကိန်းအ‌ကောင်ထည်‌ဖော်‌ဆောင်နိုင်ခဲ့ပြီး ရွာ‌ပေါင်း ၃၂၉ရွာကို လုပ်ငန်းခွဲ‌ပေါင်း ၁၉၅ခုမှ ကျပ်သိန်း‌ပေါင်း ၂၁,၄၀၀(နှစ်‌သောင်းတစ်‌ထောင့်‌လေးရာ)ကို ပထမနှစ် လူထုဗဟိုပြုစီမံ ကိန်းအတွက် သုံးစွဲထားပြီး ဒုတိယနှစ်စီမံကိန်းအတွက် ကျပ်သိန်း‌ပေါင်း ၂၀,၀၀ဝ (နှစ်‌သောင်း)‌ကျော် လျာထားကာ မတ်လ ‌နောက်ဆုံးပတ်တွင် လုပ်ငန်း စတင်သွားမည်ဟု ‌ကျေးလက်တာဝန်ရှိသူထံမှ သိရသည်။

“ဒီနှစ်ပါဆို ၂နှစ်ရှိပြီး ကျ‌နော်တို့နစ်နာတာ၊ လူထုဗဟိုပြုက ‌ထောက်ပံ့‌ကြေးရရင် စာသင်‌ကျောင်း၊ ရွာလမ်း‌တွေပြင်ချင်တယ်။ လှာခဒါနဲ့ ဆိပ်က‌လေးရွာ ‌ပေါင်းပြီးလုပ်မယ်ဆိုလည်း ကမ္ဘ့ာဘဏ်ကလည်း ရွာခွဲပြီး ‌ထောက်ပံ့‌ကြေးမ‌ပေးဘူးလို့ ‌ပြောတယ်။ အခြားရွာ‌တွေကလည်း သူတို့ပါတီကို မလွန်ဆန်ရဲဘူးဆို‌တော့ ကျ‌နော်တို့လုပ်ရတာ အခက်အခဲရှိတယ်”ဟု လှာခဒါ‌ကျေးရွာ အတွင်း‌ရေးမှူး ‌စော‌ထွေးသိန်းက ‌ကေအိုင်စီသို့‌ပြောသည်။

လူထုဗဟိုပြုစီမံကိန်းသည် ကမ္ဘာ့ဘဏ်မှ ‌ငွေ‌ကြေး‌ထောက်ပံ့ကာ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းနှင့် ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုး တက်‌ရေး ဦးစီးဌာနတို့ ပူး‌ပေါင်း၍ ‌ကျေးရွာအုပ်စုမှ လူထုဗဟိုပြုစီမံကိန်း‌ကော်မတီဝင်များက ‌ကျေးရွာ၏ လိုအပ်ချက်‌ပေါ် မူတည်ပြီး စာသင်‌ကျောင်း၊ လမ်း၊ တံတား၊ ‌ရေတွင်းနှင့် အခြားလုပ်ငန်း‌ပေါင်းများစွာကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌ပေး သည့် လုပ်ငန်းဖြစ်သည်။

အဆိုပါစီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်က တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၃မြို့နယ်သာ စတင်‌ဆောင်ရွက်ရာမှ ၂၀၁၆ခုနှစ်အတွင်း ၂၇မြို့နယ်ရှိပြီး ထိုနှစ်အတွက် မြန်မာတစ်နိုင်ငံလုံး၌ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးမြို့နယ်များအနက် ကြာအင်းဆိပ်ကြီးမြို့နယ် ပါဝင်ရာ ပြန်လည်‌ပေးဆပ်ရန် မလိုအပ်သည့် ‌လေးနှစ်တာ ‌ငွေ‌ကြေး‌ထောက်ပံ့‌ပေးမှုရရှိမည်ဟု ၎င်းမြို့နယ်၏ ‌ကျေးလက်တာဝန် ရှိသူထံမှ သိရသည်။