Home သတင်း အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်‌ပေါက်လာ‌ရေး ညီညွတ်စွာကြိုးပမ်းရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စု‌ပေါ်‌ပေါက်လာ‌ရေး ညီညွတ်စွာကြိုးပမ်းရန် မွန်ပြည်သစ်ပါတီ တိုက်တွန်း

1842

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၇၊ ‌စောမြတ်ဦးသာ။

အမျိုးသား ကိုယ်ပိုင်ပြန်ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်လာ‌စေရန်အတွက် မွန်အမျိုးသားများအားလုံး နည်းနာ‌ပေါင်းစုံနှင့် စုစည်းညီညွတ်စွာ လက်တွဲကြိုးပမ်းသွားကြရန် ‌ဖေ‌ဖော်ဝါရီ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇ဝ ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့တွင် မွန်ပြည်သစ်ပါတီ-NMSP က သ‌ဘောထားထုတ်ပြန်ကာ တိုက်တွန်း‌ပြောဆိုလိုက် သည်။

အဆိုပါ သ‌ဘောထားထုတ်ပြန်ချက်တွင် “မွန်အမျိုးသားများအ‌နေဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို စီမံခန့်ခွဲနိုင်ရန်အ တွက် မိမိတို့အမျိုးသားထုအတွင်း စုစည်းညီညွတ်‌စေရန် ဥပ‌ဒေ‌ဘောင်အတွင်း လှုပ်ရှား‌နေ‌သော မွန်နိုင်ငံ‌ရေးပါတီများ၊ သံဃာ‌တော်များ၊ ပြည်သူများနှင့် မွန်လူမှု‌ရေးရာ အဖွဲ့အစည်းများမှ တတ်နိုင်သည့် နည်းလမ်းများဖြင့် ဝိုင်းဝန်းကြိုးပမ်း ကူညီကြပါရန်”ဟူ၍ ပါရှိသည်။

ထို့အပြင် မွန်ပြည်သစ်ပါတီအ‌နေဖြင့် နိုင်ငံ‌ရေးပြဿနာများ‌ဖြေရှင်းနိုင်‌ရေးအတွက် ပြည်နယ်အဆင့်၊ ပြည် ‌ထောင်စုအ ဆင့် အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်-NCA တွင် လက်မှတ်‌ရေးထိုးနိုင်‌ရေးကြိုးပမ်း ‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ၎င်းတို့ သ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ပြော ဆိုထားသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်‌နေ့မှစတင်ကာ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးကာလ အနှစ် ၂ဝ ‌ကျော်ကြာ သ‌ဘောတူညီမှုရရှိထား‌သော်လည်း ၂၀၁ဝ ခုနှစ် ဧပြီလတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ်ဖွဲ့စည်းခြင်းကို လက်မခံခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင်‌တော်လှန်‌ရေးအ ဖွဲ့ ဖြစ်သည်။

ထို့‌နောက် ၂၀၁၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် ဦးသိန်းစိန်အစိုးရတို့ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများထပ်မံ ပြုလုပ်ခဲ့ရာ တွင် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်အဆင့်၊ ပြည်‌ထောင်စုအဆင့်စသည့် သ‌ဘောတူညီမှုများရရှိခဲ့ပြီး လက်ရှိ NCA အရ အ‌ကောင်အထည်‌ဖော်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်နိုင်ရန်ကြိုပမ်း‌နေဆဲဖြစ်သည်။

ယင်းအ‌ခြေအ‌နေများ‌ကြောင့် မွန်ပြည်သစ်ပါတီဌာနချုပ်ရှိရာ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ဂျပန်‌ရေတွင်းတွင် ပြုလုပ် မည့်အကြိမ် (၇၀)‌မြောက် မွန်အမျိုးသား‌နေ့ အခမ်းအနားတွင် စစ်‌ရေးပြအခမ်းအနားထည့်သွင်း ကျင်းပခြင်းမပြုရန် မွန်ပြည်နယ်နယ်စပ်‌ရေးရာနှင့်လုံခြုံ‌ရေးဝန်ကြီးမှ ‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့ရက်စွဲဖြင့် တားမြစ်စာ‌ပေးပို့ မှုများရှိခဲ့ ‌ကြောင်း သိရသည်။

အဆိုပါ တားမြစ်မှုများရှိခဲ့သည့်အတွက် မွန်လူထုအတွင်း ‌ဝေဖန်‌ပြောဆိုမှုများရှိခဲ့ရာမှ မွန်ပြည်သစ်ပါတီမှ ဦး‌ဆောင် ကာ ၎င်းတို့ဌာနချုပ်ဖြစ်သည့် ဂျပန်‌ရေတွင်းသာမက ထိန်းချုပ်နယ်‌မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌တောင် ‌ပေါက်‌ကျေးရွာတွင် စစ်‌ရေးပြအခမ်းအနားဖြင့် ကျင်းပနိုင်ခဲ့ကြပြီး ထိုသို့ ကျင်းပနိုင်သည့်အ‌ပေါ် မွန်ပြည်နယ် အရပ်သား အပစ်ရပ်‌စောင့်ကြည့်‌လေ့လာ‌ရေး‌ကော်မတီ ဒုဥက္ကဌ ဦးမင်းမင်းနွယ်က ယခုလို‌ပြောသည်။

၎င်းက “တိုင်းရင်းသား‌ပေါင်းစုံမှ မွန်အမျိုးသား‌နေ့မှာ တက်‌ရောက်ဂုဏ်ပြု သဝဏ်လွှာ‌ပေးပို့တဲ့အတွက် ဝမ်းသာပါ တယ်။ ကျ‌နော်တို့စိုးရိမ်‌နေတဲ့ ဂျပန်‌ရေတွင်းက စစ်‌ရေးပြကိစ္စမှာလည်း သူတို့အချင်းချင်း ညှိနှိုင်းပြီးအဆင် ‌ပြေသွား ‌တော့ အားလုံး‌ပျော်ရွှင်‌နေကြပါတယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၁၂ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်အမျိုးသား‌နေ့ကို သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ ပထမအကြိမ် ဟံသာဝတီ မွန်‌နေပြည်နိုင်ငံ‌တော်ကြီးကို စတင် တည်‌ထောင်သည့်‌နေ့ရက်ကို အစွဲပြု သတ်မှတ်ထားခြင်းဖြစ်ပြီး အလားတူ ယ‌နေ့ကျ‌ရောက်သည့် မွန်အမျိုးသား‌နေ့ကို ဗဟိုအခမ်းအနားအ‌နေဖြင့် ကျိုက်မ‌ရောမြို့နှင့် အခြားမြို့နယ်အသီးသီးတွင် ကျင်း ပခဲ့ကြ‌ကြောင်း သိရသည်။