Home သတင်း အပစ်ရပ်ပြီး ကြားကာလအတွင်း ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်မှု မရှိ‌သေး

အပစ်ရပ်ပြီး ကြားကာလအတွင်း ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အ‌ကောင်အထည်‌ဖော်မှု မရှိ‌သေး

1863

‌ဖေ‌ဖော်ဝါရီ ၂၃ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောညွန့်‌သောင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA တွင် လက်မှတ်‌ရေးထိုးထားပြီး‌နောက် အ‌ကောင်အ ထည်‌ဖော်မည့် ကြားကာလလုပ်ငန်းစဉ်များ‌ဆောင်ရွက်ရန် လက်ရှိအချိန်အထိ ‌ကော်မတီဖွဲ့စည်း ‌ဆောင်ရွက်ခြင်းမရှိ‌သေး ‌ကြောင်း ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ‌ပြောကြားလိုက်သည်။

၎င်းက “ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေတဲ့အခါမှာ ကြားကာလဆိုတာ NCA မှ သတ်မှတ်ထားတယ်။ နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီပွား ‌ရေး‌တွေ၊ ‌မြေယာနဲ့သဘာဝသယံဇာတ‌တွေမှာ ဒါမလုပ်ရ၊ ဒါလုပ်လို့ရတယ်ဆိုတဲ့ အချက်‌တွေပါရှိ တယ်။ ဥပမာ-အကြီးစား စီမံကိန်းလုပ်ငန်းတို့ လုပ်ချင်သလိုလုပ်လို့မရဘူး၊ လာလုပ်ခဲ့ရင်လည်း ဘယ်သူက တာဝန်ယူ‌ဖြေရှင်းမလဲ‌ပေါ့။ ‌ဒေသခံပြည် သူ‌တွေပဲနစ်နာကြမယ်။ ဒါ‌ကြောင့် ဒီကြားကာလမှာ ဖြစ်လာမယ့် ပြဿနာ‌တွေကို ‌ဖြေရှင်းနိုင်ဖို့ ‌ကော်မတီဖွဲ့စည်းဖို့ လိုအပ် တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့တို့နှင့် အစိုးရအကြား ၂၀၁၅ ခုနှစ် ‌အောက်တိုဘာလ ၁၅ ရက်တွင် NCA ၌ လက်မှတ်‌ရေးထိုးပြီး‌နောက် NCA စာချုပ်ပါ ကြားကာလ အတွင်း အ‌ကောင် အ ထည်‌ဖော်ရန် လုပ်ငန်းစဉ်များအတွက် ‌ကော်မတီဖွဲ့ ‌ဆောင်ရွက်နိုင်ခြင်းမရှိ‌သေးဟု သိရ သည်။

ကြားကာလဆိုသည်မှာ NCA စာချုပ် လက်မှတ်‌ရေးထိုးပြီး‌နောက် ပြည်‌ထောင်စု သ‌ဘောတူစာချုပ် ချုပ်ဆိုမည့် အချိန်နှင့် ပြည်‌ထောင်စု သ‌ဘောတူစာချုပ်ပါ အချက်အလက်‌တွေအတိုင်း လုပ်ငန်းစဉ်များအ‌ကောင် အထည်‌ဖော်မှု ပြီးဆုံးသည့်အ ချိန်ကို ဆိုလိုုခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် NCA စာချုပ်အရ အပစ်ရပ်လက်မှတ်ထိုးပြီး အဖွဲ့များနှင့် အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ပြုလုပ်သည့် လုပ်ငန်းစဉ်များ‌ဆောင်ရွက်‌နေဆဲကာလလည်း ဖြစ်သည်။

ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေး‌နေစဉ် ကြားကာလအတွင်း ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကရင်အမျိုးသား အဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ၌ ထည့်သွင်း‌ရေးဆွဲထားပြီး လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံငြိမ်းချမ်း‌ရေးညီလာခံတွင် တင်ပြသွား မည်ဟု ‌စောကြည်လင်းက ထံမှ သိရသည်။

အဆိုပါ ကြားကာလအတွင်း ပြည်သူလူထုများအ‌နေဖြင့် ရင်ဆိုင်ကြုံ‌တွေ့ရမည့် ‌မြေယာသိမ်းဆည်းမှုများ၊ ဒုက္ခသည်အ‌ရေးကိစ္စ ရပ်များနှင့် လူမှုပြဿနာအခက်အခဲများကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် ကူညီ‌ဖြေရှင်းရမည့် တာ ဝန်ရှိသည်ဟုလည်း ကရင်ပြည်နယ်(Women Initiatives Network) အဖွဲ့ဝင် နန်းတင်တင်လှိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမက “အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌နေချိန် ဒီကြားကာလအတွင်းမှာ ဖြစ်‌ပေါ် ‌နေကြ တဲ့ ပြဿနာ‌တွေကိုအစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အ‌နေနဲ့ဖြစ်‌စေလုပ်‌ဆောင်‌ပေးမယ့် တာဝန်ရှိတယ်။ အထူး သဖြင့် နယ်စပ်‌ဒေသမှ ဒုက္ခသည်‌တွေ ပြန်လည်‌နေထိုင်ဖို့အတွက် ‌နေရာချထားဖို့တို့၊ ကုမ္ပဏီတို့ အခြားအဖွဲ့အစည်းတို့က သိမ်းယူထားတဲ့ ‌ဒေသခံများရဲ့‌မြေယာကိစ္စ‌တွေကို ပြန်လည်ရရှိ‌ရေးအတွက် ဒီကြားကာလမှာ ‌ဖြေရှင်း‌ပေးဖို့လိုတယ်”ဟု‌ပြောသည်။

ကြားကာလ အ‌ခြေအ‌နေနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲမှု ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ -JMC ၏ အမှု‌ဆောင်အရာရှိ၊ ငြိမ်းချမ်း‌ရေးအကြံ‌ပေး အဖွဲ့ဝင် ‌ဒေါက်တာမင်း‌ဇော်ဦးက “အဲဒီဟာ‌တွေကိုပဲ NCA က ညှိလို့ မရဖြစ်‌နေတယ်။ ဒီကြား ကာလဆိုတဲ့ အချက်ကို ကျ‌နော်တို့ နှစ်ဘက်ယုံကြည်မှု ပိုမိုမြင့်တက်လာမှပဲ ဆက်လက်‌ဆွေး‌နွေးသွားကြမယ်။ ယုံကြည်မှု တည်‌ဆောက်တဲ့အခါမှာ ဒီကြားကာလကိစ္စ‌တွေရှင်းလို့မရလို့ ဒီ NCA ကိုရပ်လိုက်တာမျိုးဖြစ်လို့ မရဘူးဆိုပြီး ‌နောင်လာမယ့်ကာလ‌တွေမှာ ဒီပြဿ နာ‌တွေကိုရှင်းနိုင်‌အောင်ဆိုပြီး ကြားကာလဆိုတာကို ထား‌ပေးခြင်းဖြစ်တယ်” ‌ပြော သည်။

NCA အရ ကြားကာလအတွင်း‌ဆောင်ရွက်ရမည့် အစီအစဉ်များမှာ လက်မှတ်‌ရေးထိုးကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့နှင့်သက်ဆိုင်သည့် အပစ်ရပ်နယ်‌မြေများအတွင်း ဖွံ့ဖြိုးတိုးတက်‌ရေး၊ လုံခြုံ‌ရေးဆိုင်ရာကိစ္စရပ်၊ လူမှု‌ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာ‌ပေနှင့်ယဉ်‌ကျေးမှု ထိန်းသိမ်းမြှင့်တင်‌ရေးဆိုင်ရာလုပ်ငန်းများ၊ တည်ငြိမ်‌အေးချမ်း‌ရေးနှင့် တရားဥပ‌ဒေစိုးမိုး‌ရေးဆိုင်ရာကိစ္စရပ်များ၊ ‌ဒေသဆိုင်ရာ ဖွံ့ ဖြိုး‌ရေးနှင့် စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်အဖွဲ့အစည်းများ၏ အကူအညီ ရယူခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး စသည့်လုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်းပြီး ‌ဆောင်ရွက်သွားရန် သ‌ဘောတူထား သည်။

ထို့အပြင် အပစ်ရပ်‌ဒေသအတွင်း ‌ဒေသခံပြည်သူလူထုအ‌ပေါ် အကျိုးသက်‌ရောက်မှု ကြီမား‌သောစီမံကိန်းများကို လုပ် ‌ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ‌ဖော်‌ဆောင်‌ရေးအဖွဲ့ -EITI ၏ လုပ်ထုံးလုပ် နည်းများ အတိုင်း ‌ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်း‌ဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတို့နှင့် ညှိနှိုင်း၍ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားရန် စာချုပ်တွင် ‌ဖော်ပြထားသည်။