Home သတင်း အပစ်ရပ်ကာလ နှစ်ဖက်တပ် နယ်‌မြေသတ်မှတ်‌ရေး ‌ကော်မတီအချင်းချင်း သီးခြား‌ဆွေး‌နွေးမည်

အပစ်ရပ်ကာလ နှစ်ဖက်တပ် နယ်‌မြေသတ်မှတ်‌ရေး ‌ကော်မတီအချင်းချင်း သီးခြား‌ဆွေး‌နွေးမည်

1640

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား အပစ်ရပ်ကာလအတွင်း နှစ်ဖက်တပ်နယ်‌မြေသတ်မှတ် နိုင်‌ရေးအတွက် ‌ကော်မတီ အသီးသီးဖွဲ့စည်းကာ သီးခြား‌ဆွေး‌နွေးသွားမည်ဟု ပြည်‌ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌ကော်မတီ အတွင်း‌ရေးမှူး-၁ ‌ဒေါက်တာ‌ရွှေခါးက ‌ပြောသည်။

အဆိုပါ ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌ကော်မတီ-JMC ၏ နဝမ အကြိမ် ‌မြောက်အစည်းအ‌ဝေးကို ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန -NRPC ၌ ‌ဖေ‌ဖော်ဝါရီ ၆ ရက်မှ ၉ ရက်‌နေ့ထိ ပြုလုပ်ခဲ့ပြီး အစည်းအ‌ဝေးအပြီး သတင်းမီဒီယာများနှင့်‌တွေ့ဆုံစဉ် ‌ဒေါက်တာ‌ရွှေခါးက အခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “ နှစ်ဖက်တပ်နယ်‌မြေ သတ်မှတ်နိုင်‌ရေး ကိစ္စ‌ဆွေး‌နွေးနိုင်ဖို့က သက်ဆိုင်ရာနယ်‌မြေ‌တွေမှာ ရှိတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ခံ‌တွေနဲ့ ညှိနှိုင်းနိုင်တယ်။ အဲ့ဒါ‌ကြောင့် ဒီကိစ္စကို အမြန်ဆုံးလုပ်ဖို့ ‌ဆွေး‌နွေးထား ပါတယ်။ ‌နောက်တခုက‌တော့ ဥပမာ-‌ကေအဲန်ယူမှာဆိုရင် ဒီကိစ္စကို သီးသန့်‌ဆွေး‌နွေးဖို့ ‌ကော်မတီ‌တွေဖွဲ့ ထား ပြီးပါပြီး။ မကြာခင်မှာ အစိုးရဘက်ကလည်း အမြန်ဆုံး‌ကော်မတီဖွဲ့ပြီး‌တော့ ‌ကော်မတီနှစ်ရပ်က အချင်းချင်း ‌တွေ့ကြမှာ ဖြစ်ပါတယ်။ ကျ‌နော်တို့ JMC က‌တော့ နှစ်ဖက်‌ကော်မတီ‌တွေ့နိုင်ဖို့ အကျိုး‌ဆောင် လုပ်‌ပေးရမှာဖြစ်ပါ တယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့တွင် ‌ပြောသည်။

ထို့အပြင် ၄ ရက်ကြာပြုလုပ်ခဲ့သည် JMC အစည်းအ‌ဝေးတွင် နှစ်ဖက်တပ်‌နေရာချထား‌ရေးကိစ္စ၊ တပ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းဆိုင်ရာများ၊ မှိုင်းရှင်းလင်း‌ရေးကိစ္စရပ်များ၊ ‌ဒေသန္တရဆိုင်ရာ အပစ်ရပ် ပူးတွဲ ‌စောင့်ကြည့်‌ရေး JMC-S များဖွဲ့စည်း‌ရေးနှင့် ရံပုံ‌ငွေ (ဘတ်ဂျက်) ကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့သည်ဟု JMC အတွင်း‌ရေးမှူး အဖွဲ့ဝင် များထံမှ သိရသည်။

JMC အတွင်း‌ရေးမှူး-၂ ဗိုလ်မှူးကြီးဝဏ္ဏ‌အောင်က “ နယ်‌မြေသတ်မှတ်‌ရေးနဲ ့ပတ်သက်ပြီး‌တော့ JMC-S ‌တွေမှာ ညှိနှိုင်း‌ဆောင်ရွက်သွားဖို့ ဒါ‌လေး‌တွေ ဆုံးဖြတ်ခဲ့ ကြပါတယ်။ မှိုင်းနဲ့ပတ်သက်ပြီး‌တော့လည်း အများပြည်သူ သွားလာတဲ့‌နေရာ‌တွေ‌ပေါ့ အဓိကမှိုင်းရှင်းလင်း‌ရေးကို ဦးစား‌ပေး‌ဆောင်ရွက်သွားဖို့ ‌ဆွေး‌နွေးခဲ့ပါတယ်။ အ‌သေး စိတ်က‌တော့ ထပ်မံပြီး‌တော့ ‌ဆွေး‌နွေးသွားဖို့ ရှိပါတယ်” ဟု မီဒီယာများနှင့် ‌တွေ့ဆုံစဉ် ‌ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ -JMC ကိုဖွဲ့စည်းထား‌သော်လည်း JMC တွင် စိန်‌ခေါ်မှုများ ရှိ‌နေပြီး အချို့ကိစ္စများတွင် နယ်‌မြေပိုင်းခြား သတ်မှတ်ထား‌သော်လည်း သ‌ဘောထားကွဲလွဲမှုများ ရှိ‌နေ‌သေး သည်ဟု ယူဆရ‌ကြောင်း JMC ဒုဥက္ကဌ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက ‌ပြောဆိုထားသည်။

NCA စာချုပ်အရ ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ အ‌နေဖြင့် နှစ်လ တစ်ကြိမ် အစည်းအ‌ဝေးပြုလုပ်‌လေ့ရှိပြီး ၁ဝ ကြိမ်‌မြောက် အစည်းအ‌ဝေးကို လာမည့် ဧပြီလ ၃ ရက်မှ ၅ ရက်‌နေ့ထိ ‌နေပြည်‌တော် NRPC ရုံးသစ်တွင် ပြုလုပ်ရန် လျာထား‌ကြောင်း သိရသည်။