Home သတင်း ဒူးပလာယာခရိုင် ‌မော‌ဒေး‌တောင်တန်းကို အများပိုင် ဘုံသစ်‌တောအဖြစ် KNU အတည်ပြု

ဒူးပလာယာခရိုင် ‌မော‌ဒေး‌တောင်တန်းကို အများပိုင် ဘုံသစ်‌တောအဖြစ် KNU အတည်ပြု

2581

‌ဖေ‌ဖော်ဝါရီ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင် အတွင်းရှိ ‌မော‌ဒေး‌တောင်တန်းတစ်‌လျှောက်ကို ‌ဒေသခံများ‌တောင်းဆိုချက်အရ ၂၀၁၇ ခုနှစ်မှစ၍ အများပိုင် ဘုံသစ်‌တောအဖြစ် ‌ကေအဲန်ယူ(ဗဟို) သစ်‌တော ဌာနက အတည်ပြုသတ်မှတ်လိုက်သည်။

အဆိုပါ ‌မော‌ဒေး‌တောင်တန်းသည် ‌ကော့ကရိတ်၊ ကျုံဒိုးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်နမိတ်အတွင်း တည်ရှိပြီး ‌တောင်‌ခြေအနီးရှိ ‌ကျေးရွာ ၂၄ ရွာမှ ‌ဒေသခံများက ‌ကျေးရွာအများပိုင်ဘုံ သစ်‌တောအဖြစ် သတ် မှတ်‌ပေးရန် ‌တောင်ဆိုခြင်း‌ကြောင့် ယခုလို ‌ကေအဲန်ယူ (ဗဟို)သစ်‌တောဌာနမှ သတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ကျုံဒိုးမြို့နယ် သစ်‌တောမှူး မန်း‌အောင်‌ကျော်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ‌တောင်‌ခြေတစ်‌လျှောက်မှာရှိတဲ့ ‌ဒေသခံ‌တွေက ‌တောင်တန်းရဲ့ စိမ်းလမ်းဆို‌ပြေမှု ထိန်းသိမ်းချင်တဲ့ အ‌နေနဲ့‌ရော ‌နောင်လာ‌နောင်သား‌တွေအတွက် အရှုပ်အရှင်းကင်း‌အောင် ဘုံသစ်‌တော သတ်မှတ်ခိုင်းတယ်။ KNU ဘက်က အတည်ပြု ‌ပေးဖို့ ‌တောင်းဆို‌တော့ KNUက သတ်မှတ်လိုက်တယ်။ ထိန်းသိမ်းတဲ့အပိုင်းက‌တော့ ‌ဒေသခံ‌တွေ ကိုယ်တိုင်ကပဲ ‌ဒေသစည်းမျဉ်း စည်းကမ်း‌တွေထုတ်မယ်။ ဥပ‌ဒေကိုင်မှာ‌တော့ KNU သစ်‌တော ဥပ‌ဒေနဲ့ပဲ သွားမယ်” ဟု ‌ဖေ‌ဖော်ဝါရီ ၅ ရက်‌နေ့တွင် ‌ပြောသည်။

ယခုလို ‌မော‌ဒေး‌တောင်တန်းကို ‌ကျေးရွာပိုင် ဘုံသစ်‌တောအဖြစ် အတည်ပြု လက်မှတ် ‌ပေးအပ်ပွဲကို ကျုံဒိုးမြို့နယ်၊ ဝင်းက‌ကျေးရွာတွင် ‌ဖေ‌ဖော်ဝါရီ ၅ ရက်‌နေ့က ပြုလုပ် ပြီးစီးသွားခဲ့သည်ဟု ‌ဒေသခံများနှင့် ‌ကေအဲန်ယူ(ဗဟို)၊ သစ်‌တောဌာနမှ သိရသည်။

‌ကျေးရွာပိုင်ဘုံသစ်‌တော အဖြစ်သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ သမိန်ဒွတ်‌ကျေးရွာ၊ ဘုန်း‌တော်ကြီး ‌ကျောင်းမှ ဆရာ‌တော် ဦးနန္ဒာဘာသက “‌တောင်‌ခြေမှာ စီးပွား‌ရေးသမား‌တွေ တဖြည်းဖြည်း‌ရောက်လာတယ်။ ဆင်‌တွေနဲ့လာပြီး သစ်ခုတ်တယ်။ သူတို့လာခုတ်တာကလည်း ခွင့်ပြုချက်‌ပေးတဲ့လူရှိလို့ပဲ။ ဒီလိုဆက် မဖြစ်‌အောင်၊ ဒီ‌တောင်ကို စီးပွား‌ရေး သမား‌တွေ လက်ထဲမ‌ရောက်သွား‌အောင်၊ ဘုန်းကြီးတို့ ‌ဒေသခံ‌တွေ‌ပေါင်းပြီး ‌တောင်တန်းကို ပြန်ထိန်းသိမ်းတဲ့အ‌နေနဲ့ ‌ကျေးရွာပိုင်ဘုံသစ်‌တော သတ်မှတ်‌ပေးဖို့ KNU ထံ တင်ပြ‌ပေးလိုက် တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ မိန့် ကြားသည်။

အဆိုပါ ‌ကျေးရွာပိုင်ဘုံ သစ်‌တောမှာ စုစု‌ပေါင်း ဧက ၃၀,၀၀ဝ ‌ကျော်ရှိပြီး ‌ကေအဲန်ယူ (ဗဟို) သစ်‌တောဌာနနှင့် ‌ကော့က ရိတ်မြို့အ‌ခြေစိုက် သွီးလူမှုအဖွဲ့အစည်း၊ ‌ဒေသခံများ ပူး‌ပေါင်းပါဝင်တိုင်းတာခဲ့ခြင်းဖြစ်‌ကြောင်းဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

လက်ရှိ ‌ဒေသခံများအ‌နေဖြင့် ‌မော‌ဒေး‌တောင်‌ခြေကို အမှီပြုကာ ဒူးရင်းခြံ၊ မင်းကွတ်ခြံ၊ ကွမ်းခြံများကို ဘိုးစဉ်‌ဘောင်ဆက် ဥယျာဉ်ခြံစိုက် အသက်‌မွေးဝမ်း‌ကြောင်းပြုခဲ့ပြီး ‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်ရပ်ပြီး‌နောက် ‌တောင်‌ခြေတစ်ဝိုက်သို့ စီးပွား ‌ရေး လုပ်ငန်းရှင်များ ဝင်‌ရောက်လာပြီး ‌ဒေသခံများထံမှ သစ်ဝယ်ယူထုတ်လုပ်ခြင်းများပြုလုပ်လာသည့်အတွက် တဖြည်း ဖြည်း သစ်‌တောပြုန်းတီးလာသလို ဥယျာဉ်ခြံများ ပျက်စီးမှုများ ဖြစ်‌ပေါ်လျှက်ရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။