Home သတင်း ပြည်‌ထောင်စုသား အားလုံးနှင့်အတူ ကဏ္ဍစုံတွင် ပါဝင်ကြရန် ပအိုဝ်းတိုင်းရင်းသားများအား PNLO ဥက္ကဌ တိုက်တွန်း

ပြည်‌ထောင်စုသား အားလုံးနှင့်အတူ ကဏ္ဍစုံတွင် ပါဝင်ကြရန် ပအိုဝ်းတိုင်းရင်းသားများအား PNLO ဥက္ကဌ တိုက်တွန်း

2001

ဇန်နဝါရီ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ က‌ဆောဝါး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးထားသည့် ပအိုဝ်းအမျိုး သားလွတ် ‌မြောက်‌ရေးအဖွဲ့ချုပ် -PNLO အ‌နေဖြင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲတွင် ပါဝင်ခွင့်ရရှိလာပြီဖြစ်သည့်အတွက် ပြည်‌ထောင်စုသား အားလုံးနှင့်အတူ ပအိုဝ်းတိုင်းရင်းသားများအ‌နေဖြင့် ကဏ္ဍစုံတွင် ပါဝင်‌ဆွေး‌နွေး‌ပေးကြရန် PNLO ဥက္ကဌ ခွန်မြင့်ထွန်းက တိုက်တွန်း‌ပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၂၂ ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ခန်းမတွင် တစ်ရက်တာ ပြုလုပ်သည့် ပအိုဝ်းအမျိုး သားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(အကြို ) အခမ်းအနားတွင် ယခုလို တိုက်တွန်း ‌ပြောဆို လိုက်ခြင်းဖြစ်သည်။

၎င်းက “ကျ‌နော်တို့ ပအိုဝ်း အမျိုးသား‌တွေ နိုင်ငံ‌ရေး‌ဆွေး‌နွေးခွင့်ဆိုတာ တစ်ခါမှ မရရှိခဲ့ဘူးပါဘူး။ အခုပါဝင်ခွင့် ရပြီ။ အ‌ကောင်းဆုံးကြားဝင် ‌စေ့စပ်နိုင်သူ‌တွေဟာ ပြည်သူ‌တွေဖြစ်သလို ငြိမ်းချမ်း‌ရေးအတွက် အာမခံနိုင်သူ‌တွေဟာလည်း ပြည်သူ‌တွေပဲဖြစ်ပါတယ်။ ပြည်‌ထောင်စုတိုင်းရင်းသားအားလုံးနဲ့အတူ ပအိုဝ်းတိုင်းရင်းသား‌တွေ အားလုံး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်မှာ ပါဝင်‌ဆွေး‌နွေး‌ပေးကြပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် လူထုပါဝင်မှုမရှိသည့် ယခင်က ငြိမ်းချမ်း‌ရေးဖြစ်စဉ်များမှာ ‌အောင်မြင်ခြင်းမရှိခဲ့သည့်အတွက် ယခု ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူထုအားလုံးပါဝင်‌ပေးရန်‌မေတ္တာရပ်ခံလို‌ကြောင်းနှင့် ပြည်တွင်းစစ် ရပ်စဲ‌ရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်‌ရေးများကို အဓိကထားပြီး ‌ဆွေး‌နွေးလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ခွန်မြင့်ထွန်းက ဆက်‌ပြောသည်။

အဆိုပါ ပအိုဝ်း အမျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(အကြို ) တွင် ‌ဒေသတွင်း ပအိုဝ်း လူမျိုးများ‌နေထိုင်ရာ ‌ကျေးရွာများမှ လူထုကိုယ်စားလှယ်များ၊ အစိုးရ တိုင်းရင်းသား‌ရေးရာဝန်ကြီးများ၊ ပြည် နယ်လွှတ်‌တော်တာဝန်ရှိသူများ၊ ပအိုဝ်း အမျိုးသား‌ခေါင်း‌ဆောင်များ၊ ပအိုဝ်းပါတီများမှ တာဝန်ရှိသူများ လူငယ် အဖွဲ့အစည်းများနှင့်တာဝန်ခံများ၊ ရှမ်းပြည်နယ်မှပအိုဝ်းကိုယ်စားလှယ်အဖွဲ့များ၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ မှ ကိုယ်စားလှယ်များစုစု‌ပေါင်း ၁၅ဝ ဦးခန့် တက်‌ရောက်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲတွင် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝသယံဇာတစသည့် ကဏ္ဍကြီး ၄ ရပ်ထဲမှ ပအိုဝ်း အမျိုးသားနိုင်ငံ‌ရေးဆိုင်ရာ ကဏ္ဍကိုအထူးပြု‌ဆွေး‌နွေးကြသည့်အပြင် ပအိုဝ်းအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ‌ရေးဆိုင်ရာ စာတမ်းများဖတ်ကြားခဲ့ကြပြီး သဘာပတိအဖွဲ့နှင့် တက်‌ရောက်လာ သူကိုယ်စား လှယ်များမှ အပြန်အလှန် ‌ဆွေး‌နွေးခြင်းများပြုလုပ်ခဲ့ကြသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် ကရင်ပြည်နယ် ဝန်ကြီးချုပ်‌ဟောင်း ဦး‌ဇော်မင်းက “ ဒီလို‌ဆွေး‌နွေးပွဲ‌တွေက‌နေ တိုင်းရင်းသား‌တွေရဲ့ ဆန္ဒ္ဒ‌တွေ လိုအပ်ချက်‌တွေကို ပြည်‌ထောင်စုအဆင့်မှာ ‌ဆွေး‌နွေးတင်ပြကြပြီး ကျ‌နော်တို့ လိုလား ‌တောင်းတတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကြီးမှာ သားစဉ်‌မြေးဆက် ငြိမ်းချမ်းတဲ့ အရသာကိုခံစား ‌စေရုံမျှမက စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်တဲ့ အရာ‌တွေကို ဆက်လက်‌ဆောင်ရွက်သွားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ‌ပြောသည်။

ပအိုဝ်းအမျိုးသားအဆင့် ကဏ္ဍအလိုက်‌ဆွေး‌နွေးပွဲများကို ဇန်နဝါရီလဆန်းပိုင်းက သထုံမြို့တွင် ကျင်းပခဲ့ပြီး လာမည့် ဇန်နဝါရီလ ၂၄ရက်တွင် ပဲခူးတိုင်း‌ဒေသကြီး ထန်းတပင်မြို့နယ် ဇရက်ကြီး‌ကျေးရွာတွင် ကျင်းပသွား မည်ဖြစ်ကာ ‌တောင်ကြီးမြို့နှင့်‌မောက်မယ်မြို့တို့တွင်လည်း ‌ဆွေး‌နွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

ပအိုဝ်းအမျိုး သားလွတ် ‌မြောက်‌ရေးအဖွဲ့ချုပ် -PNLO သည် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၈ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။