Home သတင်း ကရင်ပြည်နယ် လူငယ်‌ရေးရာမူဝါဒပါ အချက်(၁၇)ချက် အတည်ပြု ဆုံးဖြတ်ပြီးစီး

ကရင်ပြည်နယ် လူငယ်‌ရေးရာမူဝါဒပါ အချက်(၁၇)ချက် အတည်ပြု ဆုံးဖြတ်ပြီးစီး

1739

ဇန်နဝါရီ ၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ဖားအံမြို့ လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ယမန်‌နေ့ (ဇန်နဝါရီ ၈ရက်)က ကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ လူငယ် ‌ရေးရာ မူဝါဒအတွက် ကရင်ပြည်နယ်လူငယ်များ၏ မူဝါဒအကြံပြု ချက် အခမ်းအနားတွင် အချက်(၁၇)ချက်ပါ လူငယ်‌ရေးရာ မူဝါဒအကြံပြု ချက်ကို အတည်ပြုဆုံးဖြတ်လိုက်သည်ဟု တာဝန်ရှိသူထံမှ သိရသည်။

ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်တို့ ပူး‌ပေါင်းပြီး မြို့နယ်(၇)မြို့နယ်မှ လူငယ်ကိုယ်စားလှယ် (၅၀)‌ကျော်တို့မှ ဇန်နဝါရီ ၇ရက်မှ ၈ရက်‌နေ့အထိ ကျင်းပခဲ့သည့် မူဝါဒအကြံပြု ချက် အတည်ပြုခြင်း အခမ်းအနားတွင် အတူတ ကွ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်မှ လူငယ်ကိုယ်စားလှယ် နန်းထက်ထက်လင်းစိုးက ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ကရင်ပြည်နယ်အ‌နေနဲ့ စစ်တမ်း‌တွေ‌ကောက်ထားတယ်။ သု‌တေသန‌တွေလုပ်ထားတဲ့ စာတမ်းအ‌ပေါ်မှာ ပြန်ပြီး ချပြ ‌ဆွေး‌နွေးတာ‌ပေါ့။ လိုအပ်ချက်‌တွေကို ပြန်လည်ပြင်ဆင်ပြီး‌တော့ အတည်ပြုဆုံးဖြတ်တာပါ”ဟု ဇန်နဝါရီလ ၈ရက်‌နေ့တွင် ‌ပြော သည်။

မြို့နယ်(၇)ခုမှ ‌ကောက်ခံရရှိသည့် ငြိမ်းချမ်း‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် အလုပ်အကိုင် အခွင့်အ‌ရေး အစရှိသည့် အစီရင်ခံ စာ အတည်ပြု ချက် (၁၇)ချက်ကို လာမည့် ‌ဖေ‌ဖော်ဝါရီ ဒုတိယလပတ်တွင် ပြည်‌ထောင်စုအဆင့်သို့ တင်ပို့သွားမည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက “ကျ‌နော်တို့နိုင်ငံက လူငယ်‌တွေရဲ့ အနာဂတ်နဲ့ တိုင်း ပြည်ရဲ့အနာဂတ်က ဆက်စပ်‌နေတယ်‌လေ။ အရည်အချင်းရှိတဲ့ လူငယ်‌တွေရဲ့လက်ထဲမှာပဲ တိုင်းပြည်ရဲ့အနာဂတ်က ရှိတာဖြစ် တာ‌ကြောင့်မို့ ဒီလူငယ်‌တွေက နိုင်ငံအ‌ပေါ်မှာ ဘာ‌တွေဖြည့်ဆည်းထားရမလဲ။ နိုင်ငံ‌တော်ကလည်း လူငယ်‌တွေအ‌ပေါ်မှာ ဘာ ‌တွေလုပ်‌ပေးရမလဲ ဆိုပြီး‌ခေါင်းစဉ်‌တွေနဲ့ အဓိက‌ဆွေး‌နွေးပြီး ဦးစား‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံ လူငယ်‌ရေးရာမူဝါဒ‌ရေးဆွဲ အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ခုနှစ်၊ ဇွန်လတွင် မုံရွာမြို့၌၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ လူငယ်‌တွေ့ဆုံပွဲ စတင်ကျင်းပခဲ့ပြီး ကရင်ပြည်နယ်အ‌နေဖြင့် လူငယ်‌ရေးရာမူဝါဒ အကြံပြု ချက်ကို ပြည်‌ထောင်စု အဆင့်သို့ တင်ပြနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်တမ်းများ‌ကောက်ခံကာ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပြီး‌နောက် ယခု ကဲ့သို့ အတည်ပြု ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။