Home သတင်း KSNG၏ ‌ကျောင်းသားစုံညီပွဲ‌တော် ‌ဒေသခံ ၁၀၀၀‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့

KSNG၏ ‌ကျောင်းသားစုံညီပွဲ‌တော် ‌ဒေသခံ ၁၀၀၀‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့

1967

ဒီဇင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ကရင်‌ကျောင်းသားကွန်ရက်(KSNG)မှ ဦး‌ဆောင်ပြီး ဖားအံခရိုင်၊ တ‌နေးချားမြို့နယ်(‌ကော့ကရိတ်မြို့နယ်)၊ မိဖာလိုင်း‌ကျေး ရွာ၌ နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၁ရက်‌နေ့အထိ ကျင်းပသည့် ၁၁ကြိမ်‌မြောက် ဋ္ဌာ‌နေမဲ့ (IDP) ‌ကျောင်းသားစုံညီပွဲ‌တော် အစီအစဉ်သို့ ‌ကျေးရွာအုပ်စု (၄)စုရှိ စာသင်‌ကျောင်း‌ပေါင်း ၁၃‌ကျောင်းမှ ‌ဒေသခံ‌ကျောင်းသူ/‌ကျောင်းသား၊ ဆရာ/ ဆရာမနှင့် ရပ်မိရပ်ဖ ၁၀၀၀‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

‌ကျောင်းသူ/‌ကျောင်းသားများနှင့် ပညာ‌ရေးလုပ်သားများအား စိတ်ဓာတ်မြှင့်တင်ရန်၊ ကရင့်ပညာ‌ရေးပိုမိုဖွံ့ဖြိုးတိုးတက်ရန် အပြင် နားလည်မှုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုမိုရရှိလာ‌စေ‌ရေးအတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု KSNG ဒုဥက္ကဋ္ဌ ‌နော် ဒီဘဲရီကူးနူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဲ့‌ဒေသက ဒီလိုစုံညီပွဲ‌တော်မျိုးတစ်ခါမှ မလုပ်ဖူးကြဘူး။ သူတို့အတွက် ပထမဦးဆုံးဖြစ်တာ‌ပေါ့။ ‌ကျောင်း တစ်‌ကျောင်းနဲ့တစ်‌ကျောင်းကလည်း ရင်းနှီးမှုမရှိကြဘူး။ ကျမတို့က စု‌ခေါ်ပြီး ဒီလိုလုပ်‌ပေး‌တော့ သူတို့မှာ ‌ဒေသ တစ်ခုနဲ့တစ်ခု တစ်‌ယောက်နဲ့တစ်‌ယောက်ကြားမှာ ရင်းနှီးမှု‌တွေရလာကြတယ်။ ပိုပြီး‌တော့မှလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု‌တွေရှိလာကြတယ်”ဟု ၎င်းက ‌ပြောသည်။

၎င်းစုံညီပွဲ‌တော်သို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ကရင်ပညာ‌ရေးဋ္ဌာန(KED) ‌ကျောင်းများ၊ အစိုးရ ‌ကျောင်း၊ KEDနှင့် အစိုးရတို့ ‌ရော‌နှောအုပ်ချုပ်သည့် ‌ကျောင်းများပါဝင်ခဲ့ကြပြီး ‌ဒေသတွင်းစနစ်မတူညီသည့် စာသင်‌ကျောင်းများအ ကြားနားလည်မှုနှင့် ‌ရှေ့ဆက်ပူး‌ပေါင်း‌ဆောင်ရွက်မှုများအတွက်များစွာ အ‌ထောက်အကူပြုခဲ့သည်ဟုလည်း ‌နော်ဒီ ဘဲရီကူးနူးက ဆက်‌ပြောသည်။
ksng-02
‌လေးရက်ကြာ ပြုလုပ်သည့် ၎င်းစုံညီပွဲ‌တော်အစီအစဉ်၌ ‌ကျောင်းဆရာ/ဆရာမ၊ ‌ကျောင်း‌ကော်မတီပါဝင်သည့် ‌ဆွေး‌နွေး ပွဲများ၊ ‌ကျောင်းသားများ၏ ‌ဘောလုံး၊ ခြင်းလုံးစသည့် အားကစားပြိုင်ပွဲများ၊ ပန်းချီနှင့်ရိုးရာလွယ်အိတ် ခြင်း‌တောင်း၊ ပလိုင်းယက်ပြိုင်ပွဲများ၊ ရိုးရာအကနှင့်‌တေးသရုပ်‌ဖော်ပြိုင်ပွဲများပါဝင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် KED၊ နယ်စပ်အ‌ခြေစိုက် Karen Refugee Committee Education Entity -KRCEE မှ တာဝန်ရှိသူများက ကရင်ပညာ‌ရေးနည်းစနစ်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် နည်းလမ်းများကို ‌ဒေသခံ‌ကျောင်းသူ/‌ကျောင်းသားများနှင့်ပညာ‌ရေး ဝန်ထမ်းများအား လာ‌ရောက်‌ပြောဆို‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။
KSNGမှ ကြီးမှူး၍ ၁ဝကြိမ်‌မြောက် IDP ‌ကျောင်းသားစုံညီပွဲ‌တော်ကို ကရင်ပြည်နယ်၊ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ၊ ဖာ ပွန်ခရိုင်၊ ဘူးသိုမြို့နယ် (ဖာပွန်မြို့နယ်)၊ ဘူးအားဒဲ‌ကျေးရွာ၌ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝရက်‌နေ့အထိ ကျင်းပပြု လုပ်ခဲ့သည်။

KSNGကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်း၊ ပြည်ပတွင်
‌နေထိုင်ကြ‌သော ကရင်‌ကျောင်းသား ‌ကျောင်းသူများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆက်သွယ်ကာ
၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှနိုင်ရန်ရည်ရွယ်၍ ၁၉၉၆ခုနှစ်တွင်
စတင် ဖွဲ့စည်းခဲ့သည်။