Home သတင်း ကြွက်‌ဘေး‌ကြောင့် ကဝါထာ့‌ကျေးရွာသားများ၏ ‌တောင်ယာစပါးထွက်နှုန်း သုံးပုံတစ်ပုံခန့်‌လျော့ကျ

ကြွက်‌ဘေး‌ကြောင့် ကဝါထာ့‌ကျေးရွာသားများ၏ ‌တောင်ယာစပါးထွက်နှုန်း သုံးပုံတစ်ပုံခန့်‌လျော့ကျ

1771

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

‌တောင်ယာစပါးကိုသာ အဓိက စိုက်ပျိုးသည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ ဘီးလင်းမြို့နယ်၊ နို့ဘဲ‌ဘော‌ကျေးရွာအုပ်စုရှိ ကဝါထာ့‌ကျေးရွာတွင် ကြွက်‌ဘေး‌ကြောင့် ယခုနှစ် ‌တောင်ယာစပါးအထွက်နှုန်းမှာ ပုံမှန်ထက် သုံးပုံ တစ်ပုံခန့် ‌လျော့နည်းသွား‌ကြောင်း ‌ဒေသခံ ‌တောင်ယာစပါးစိုက်ပျိုးသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ဒေသတွင် ယခင်နှစ်များ၌ ပုံမှန်အားဖြင့် စပါးမျိုး‌စေ့ (၁)တင်း စူးထိုးစိုက်ပျိုးလျှင် ပျမ်းမျှထွက်နှုန်းမှာ တင်း (၅၀) ဝန်းကျင် ရှိ‌သော်လည်း ယခုနှစ်မှာမူ သုံးပုံတစ်ပုံခန့်သာ ထွက်ရှိပြီး အချို့‌တောင်ယာခင်းမှာ လုံးဝ စွန့်ပစ်ရသည့် အ‌ခြေအ‌နေသို့ ကြုံ‌တွေ့ ‌နေရသည်ဟု ကဝါထာ့‌ကျေးရွာသူကြီးက ဒီဇင်ဘာ ၁၈ရက်‌နေ့က ‌ပြောသည်။

ကဝါထာ့‌ကျေးရွာသူကြီး ‌စော‌မောင်စိုးက “ဒီနှစ် ‌တောင်ယာစပါးက စူးထိုးစိုက်ပျိုးကတည်းက ကြွက်‌တွေက စပါး‌စေ့‌တွေကို တူးဆွ စား‌သောက်။ အပင်‌ပေါက်လာတဲ့အခါ ကိုက်ဖြတ်ဖျက်ဆီး။ အသီးသီး‌တော့လည်း ကိုက်ဖြတ်စားတယ်။ အဲဒါအပြင် စပါး စိုက်ပြီး တစ်လ၊ နှစ်လ‌လောက်မှာ ရာသီ‌ကြောင့် စပါးပင်‌တွေ အဝါ‌ရောင်သန်းတာ ရှိတယ်။ ဒီဒဏ်‌တွေကို ‌တော်‌တော် ဆိုးဆိုးဝါး ဝါး ခံ‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကဝါထ‌ကျေးရွာတွင် ယခုနှစ်ရာသီအတွင်း ‌တောင်ယာစပါးခင်း‌ပေါင်း ၅၀‌ကျော် စိုက်ပျိုးခဲ့ကြပြီး ၎င်းအနက် ၃ခင်းမှာ လုံးဝ စွန့် ပစ်လိုက်ရ‌ကြောင်း၊ အချို့‌တောင်ယာစပါးခင်းများမှာ သုံး၊ ‌လေးတင်းခန့်သာ အထွက်နှုန်းရှိသဖြင့် ‌ဒေသခံများမှာ လာမည့်နှစ်အ တွက် ဆန်၊ စပါး ရှားပါးခြင်းပြဿ နာ ရင်ဆိုင်ကြုံ‌တွေ့ရနိုင်‌ကြောင်း သူက ဆက်‌ပြောသည်။

ယင်းသို့‌တောင်ယာစပါးများ ကိုက်ဖြတ်စားသုံးသည့် ကြွက်များကို ‌ထောင်‌ချောက်အမျိုးမျိုးဖြင့် ဖမ်းဆီးရာတွင် တစ်ညလျှင် အ‌ကောင်‌ရေ ဆယ်ဂဏန်းအထိ ဖမ်းမိ‌သော်လည်း ‌လျော့နည်းသွားခြင်းမရှိသလို ‌တောဝက်၊ ငှက်များ ရန်မှလည်း ကာကွယ်ရ သည့်အတွက် စပါးထွက်နှုန်း ထိခိုက်ရသည့် အ‌ကြောင်းရင်းဖြစ်‌နေသည်ဟု ‌ဒေသခံများက ဆိုသည်။

‌တောင်ယာစပါးပိုင်ရှင် ကဝါထာ့ရွာသား ‌စော‌မောင်‌ရွှေက “ကျ‌နော့်စပါးတစ်ခင်းလုံးမှာ တစ်တင်းသာသာ‌လောက်ပဲ ထွက်တယ် ဗျာ။ အရမ်းစိတ်ထိခိုက်တယ်။ ကျ‌နော့်မှာ ကျန်းမာ‌ရေးကလည်း မ‌ကောင်းဘူး။ အခု ကျ‌နော့်အမျိုးသမီးကလည်း က‌လေး‌မွေးပြီး မကြာ‌သေးခင် က‌လေး ‌သေဆုံးသွား‌တော့ အလုပ်မလုပ်နိုင်တဲ့အတွက် ဒီနှစ်‌တော့ အ‌တော်ဒုက္ခ‌ရောက်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
15631482_2128354987390365_2057877656_o
ယခုလို အ‌ခြေအ‌နေ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့်အတွက် ‌ကေအဲန်ယူ အပါအဝင် ကူညီ‌ပေးနိုင်သူများရှိပါက ၎င်းတို့ လက်ရှိ ကြုံ ‌တွေ့‌နေရသည့် အခက်အခဲကို ‌ဖြေရှင်း‌ပေး‌စေလို‌ကြောင်း ‌စော‌မောင်‌ရွှေက ဆိုသည်။

ထိုအ‌ခြေအ‌နေအ‌ပေါ် ‌ကေအဲန်ယူ ဗဟို လယ်ယာနှင့် စိုက်ပျိုး‌ရေးဋ္ဌာနကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ ဋ္ဌာနအတွင်း‌ရေး မှူး ပဒို‌စော‌လေ‌စေးက “ကျ‌နော်တို့ကို ‌အောက်‌ခြေ ခရိုင်၊ မြို့နယ်က အသိမ‌ပေးလာလို့ပါ။ ကျ‌နော်တို့ဋ္ဌာနအ‌နေနဲ့ ဒီလိုဖြစ်တာ မျိုးကို တနည်းတလမ်းနဲ့ စီစဉ်ကူညီ ‌ဖြေရှင်း‌ပေး‌နေတာရှိပါတယ်။ တမြန်နှစ်ကလည်း ဖာပွန်ခရိုင်ဘက်မှာ အလားတူ ကြွက်ကျ တယ်‌လေ။ အဲဒါကို အကူအညီရှာပြီး လူကိုမထိခိုက်နိုင်တဲ့ ကြွက်သတ်‌ဆေး‌တွေ ပို့‌ပေး‌ဖြေရှင်းခဲ့ပါတယ်”ဟု ‌ဖြေကြားခဲ့သည်။

‌ကေအဲန်ယူ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ နို့ဘဲ‌ဘော‌ကျေးရွာအုပ်စုတွင် နို့ဘဲ‌ဘော၊ ‌ဘော‌နော်ဝါ့၊ ထီးစုခီး၊ တာမဲခီး၊ လာကျိုးခို့၊ လာကျိုး‌ခေါ်ထိ၊ မယ်‌ဘောခီး၊ ‌ထော်က‌လော်ခီး၊ ‌ထော်က‌လော်ဖိုးခီး၊ ဝါ့ခယ်ထ၊ ကွီး‌လေးတ‌ဝေါဖျာနှင့် ကဝါထာ့ စသည့် ‌ကျေးရွာ များ တည်ရှိပြီး ‌ကျေးရွာအားလုံးမှာ ‌တောင်ယာစပါးများကို အဓိက စိုက်ပျိုးကြ‌ကြောင်း သိရသည်။