Home သတင်း ပြည်တွင်းဆရာဝန်မရှိ၍ သ‌ရေ‌ဒေါဖဲ‌ဆေးခန်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထား

ပြည်တွင်းဆရာဝန်မရှိ၍ သ‌ရေ‌ဒေါဖဲ‌ဆေးခန်း ရက်အကန့်အသတ်မရှိ ယာယီပိတ်ထား

1554

ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ငွေ‌ကြေးမတတ်နိုင်သူများအတွက် ဖွင့်လှစ်‌ပေးထားသည့် ပဲခူးတိုင်း‌ဒေသကြီး ‌ကျောက်ကြီးမြို့၊ ‌မေတ္တာရပ်ကွက်ရှိ သ‌ရေ‌ဒေါ့ဖဲ ‌ဆေးခန်းတွင် တာဝန်ခံ ပြည်တွင်းဆရာဝန်မရှိ‌သော‌ကြောင့် နိုဝင်ဘာလ ၁၅ရက်မှစ၍ ‌ဆေးခန်းကို ရက်အကန့်အသတ်မရှိ ယာ ယီ ပိတ်လိုက်ရသည်ဟု ‌ဆေးခန်းတာဝန်ခံများက ‌ပြောသည်။

အဆိုပါ‌ဆေးခန်းမှာ ‌ကျောက်ကြီးမြို့တွင် တည်ရှိပြီး ထိုင်းနိုင်ငံအ‌ခြေစိုက် Earth Mission Asia Foundation အ‌ထောက်အပံ့နှင့် ဖွင့်လှစ်ထား‌သော်လည်း လက်ရှိအချိန်တွင် ယခင် တာဝန်ယူထားသည့် ‌ဆေးခန်းတာဝန်ခံ ဆရာဝန် အလုပ်နားလိုက်သည့်အ တွက် ဆက်လက် တာဝန်ယူမည့် ပြည်တွင်းဆရာဝန် မရှိ‌သေးသည့်ကာလတွင် ယာယီ ပိတ်ထားရခြင်းဖြစ်‌ကြောင်း ‌ဆေးခန်းဖွင့် လှစ်‌ရေး‌ကော်မတီအဖွဲ့ဝင် ‌စောမန်းရှင်က ယခုလို ‌ပြောသည်။

သူက “‌ဆေးခန်းက ပြည်တွင်းဆရာဝန်ရှိမှ ဖွင့်လို့ရတယ်ဆို‌တော့ တာဝန်ယူတဲ့ ဆရာဝန်က အသက်အရွယ်‌ကြောင့် နားလိုက် တဲ့‌နောက်ပိုင်းမှာ ကျ‌နော်တို့‌ဆေးခန်း လည်ပတ်ဖို့ အခက်အခဲရှိလာလို့ ပိတ်လိုက်တယ် ကျ‌နော်တို့ လိုတဲ့ဆရာဝန်ကလည်း ပြည်တွင်းမှာ အစိုးရလက်မှတ်ရထားပြီး ကရင်စကား‌ပြောနိုင်၊ ‌ဒေသအ‌ခြေအ‌နေနဲ့ ကျ‌နော်တို့ ‌ဆေးခန်းလည်ပတ်ပုံကို နားလည် တဲ့ ဆရာဝန်ကို ပြန်လိုက်ရှာ‌နေဆဲမို့ ဆရာဝန် မရ‌သေးချိန်မှာ ဒီလိုပဲ ယာယီပိတ်ထားရတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သ‌ရေ‌ဒေါ့ဖဲ‌ဆေးခန်းကို ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ယာယီမှတ်ပုံတင်ခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဇွန်လ ၁ရက်‌နေ့က စတင်ဖွင့်လှစ်ထားပြီးမှ ယခုလို ပြန်လည် ပိတ်လိုက်ရသည့်အတွက် လာ‌ရောက်ကုသသူ လူနာများအတွက် အခက် အခဲဖြစ်လာ‌ကြောင်းလည်း ၎င်းက ဖြည့်စွက် ‌ပြောဆိုသည်။

‌ဆေးခန်းတွင် လာပြသဖူးသူ လူနာ ‌စော‌ဝေး‌လေ‌ဖောက “ကျ‌နော့်‌ရောဂါက တုပ်‌ကွေးပါ။ ဒီ‌ဆေးခန်းမှာပြရင် ဆရာဝန်‌တွေက ‌ကောင်း‌ကောင်းကြည့်‌ပေးတယ်။ ‌ဈေးနှုန်းလည်း သက်သာတယ်။ ကျ‌နော်တို့က ကရင်ဖြစ်တဲ့အတွက် ဒီ‌ဆေးခန်းကိုအား‌ပေး တယ်။ တာဝန်ရှိသူ‌တွေက ကရင်‌တွေပဲဆို‌တော့ ကုသခံယူရတာ အဆင်‌ပြေတယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်‌မျှော်လင့်တာက ဆရာ ဝန် မြန်မြန်ရ‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
dsc07026
အဆိုပါ‌ဆေးခန်းသည် အ‌ထွေ‌ထွေ‌ရောဂါကု‌ဆေးခန်းဖြစ်ပြီး ‌ဆေးခန်းဖွင့်သည့်အချိန်တွင် ဆရာဝန်၁ဦးနှင့် သူနာပြု ၃ဦးရှိသည့် အပြင် ပြည်တွင်းဆရာဝန်နှင့် အလှည့်ကျ နိုင်ငံခြားသား ဆရာဝန်များလည်း လာ‌ရောက်ကုသ‌ပေးသည်ဟု သိရသည်။ ‌ဆေးခန်း သို့ ‌ကျောက်ကြီးမြို့နယ်နှင့် ‌တောင်‌ပေါ်‌ကျေးလက်‌ဒေသ အပါအဝင် အခြား‌ဒေသများမှ လူနာများ လာ‌ရောက်ကုသခဲ့ကြပြီး လက်ရှိအချိန်တွင် ကုသမှုအပိုင်းကို ပိတ်ထား‌သော်လည်း ဓာတ်ခွဲခန်းကိုမူ ဖွင့်လှစ်‌ပေးထားသည်ဟု တာဝန်ခံက ဆိုသည်။

“‌ဆေးခန်းပိတ်‌ပေမယ့်လည်း ဓာတ်ခွဲခန်းတစ်မျိုး‌တော့ ကျ‌နော်ဖွင့်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ‌ကျောက်ကြီးပြည်သူ့‌ဆေးရုံမှာ ဓာတ်ခွဲခန်းမှူးမရှိ‌တော့ တစ်မြို့လုံးမှာ ‌ဆေးရုံကလူနာ‌တွေကလည်း ကျ‌နော်တို့ဓာတ်ခွဲခန်းမှာ လူနာအမြဲ လွှဲလာ‌ပေးတာရှိ တယ်။ ကုသမှုအပိုင်းမှာ‌တော့ တာဝန်ခံ ဆရာဝန်မရှိ‌တော့ နိုင်ငံခြားက ဆရာဝန်‌တွေ ဝင်လာဖို့ အဆင်မ‌ပြေဘူး‌လေ။ လူနာ‌တွေ က‌တော့ ‌ဆေးခန်းဘယ်‌တော့ဖွင့်မလဲ အမြဲလာ‌မေးတယ်”ဟု ဓာတ်ခွဲခန်းတာဝန်ခံ ‌စောမာ‌နေ‌အော်ကဲက ‌ပြောသည်။

အဆိုပါ‌ဆေးခန်းကို ကျန်းမာ‌ရေးဆိုင်ရာ ပညာရပ်များသင်ကြားပို့ချ‌ပေးခြင်း၊ စာရင်းကိုင်အတတ်ပညာများ လုပ်ကိုင်‌စေခြင်း၊ စိုက်ပျိုး‌ရေးဆိုင်ရာ အတတ်ပညာ သင်ကြားခြင်းနှင့် ‌ဆေးရုံအတွက် စက်ပစ္စည်းများကျွမ်းကျင်စွာ ကိုင်တွယ်တတ်ခြင်း ရည်ရွယ် ချက် ၄ချက်ဖြင့် ဖွင့်လှစ်ခဲ့‌ကြောင်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။