Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ လူငယ့်အမြင်

လူငယ့်အသံ လူငယ့်အမြင်

2060

“တိုင်းရင်းသား‌ဒေသမှာ ‌နေထိုင်လုပ်ကိုင်ရင် ‌ဒေသသုံး စကားတတ်ဖို့ လိုပါတယ်”

တိုင်းရင်းသား‌ဒေသ‌တွေမှာ ‌နေထိုင်လုပ်ကိုင်‌နေသူ‌တွေအ‌နေနဲ ့‌ဒေသသုံး တိုင်းရင်းဘာသာစကားကို တတ်ဖို့လိုတယ်လို့ ‌ပြော လာသူက‌တော့ ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်‌ဘေး‌ရှောင်များ ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေတဲ့ (CIDKP- Committee for Internally Displaced Karen People)မှ စီမံကိန်းဆိုင်ရာ စီမံအရာရှိလူငယ်တဦးဖြစ်တဲ့ ‌ကောင်းခန့်‌ဆွေ (ခ) ‌စော‌ဂေါ်ရိုထူးပဲ ဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ‌စော‌ဂေါ်ရိုထူးကို အဖ ဦးမြင့်‌ဆွေ၊ အမိ ‌နော်မင်းယမ်း‌ဖောတို့က ‌ကျောက်ကြီးမြို့နယ်အတွင်း ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၃ဦးမှာ အကြီးဆုံး ဖြစ်ပါတယ်။ မိခင်ဖြစ်သူက ကရင်စကားတတ်‌ပေမယ့်လည်း သူတို့‌မောင်နှမ ‌တွေ မသင်‌ပေးဖြစ်ခဲ့လို့ ကြီးလာတဲ့အထိ ဗမာစကားတစ်ခုသာ ‌ပြောခဲ့ရပါတယ်။

သူဟာ ၂၀၀၈ခုနှစ်မှာ ဆယ်တန်း‌အောင်ပြီး မိသားစု စီးပွား‌ရေး ခက်ခဲမှုအရ ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းထဲမှာ ‌ကျောင်းသွားတက်ပြီး၂၀၁၀-၂၀၁၁ခုနှစ်မှာ မဲ‌ဆောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ ‌ရွေ့‌ပြောင်း ‌ကျောင်းသားများအတွက် Minmahaw Higher Education Programme မှာ တနှစ် ‌ကျောင်းပြန်တက်ခဲ့ပါတယ်။ ‌နောက်ပိုင်း ပြည်တွင်း တက္ကသိုလ်တက်ဖို့ ‌ကျောင်း စရိတ်အတွက် CIDKP မှာ ‌စေတနာ့ဝန်ထမ်းအဖြစ် ၂၀၁၂ခုနှစ်မှာ စတင် ဝင်‌ရောက် လုပ်ကိုင်ခဲ့ပါတယ်။

အဲ့ဒီလို အလုပ်ဝင်လုပ်ရင်းက‌နေ ပြည်တွင်းအ‌ဝေးသင်တက္ကသိုလ်ကို အဂင်္လိပ်စာဘာသာရပ် ‌နောက်ဆုံးနှစ်ကို တက်‌ရောက်‌နေ ပြီး လက်ရှိ CIDKP မှာလည်း စီမံကိန်းအရာရှိအဖြစ် တာဝန် ယူလုပ်ကိုင်‌နေပြီး လူငယ်တဦးအ‌နေနဲ ့အခုလို‌နေရာရလာဖို့ အများ ကြီး ကြိုးစားခဲ့ရတယ်လို့ သူ ဖြတ်သန်းခဲ့တဲ့ အ‌ခြေအ‌နေ‌တွေကို အခုလို ပြန်‌ပြောပြပါတယ်။

“ဒီအလုပ်မှာစလုပ်တုန်းက ‌စေတနာ့ဝန်ထမ်းနဲ့ လုပ်ဖြစ်တယ်။ ကျ‌နော်လုပ်တဲ့ ဧရိယာကလည်း ကရင်‌တွေပဲဆို‌တော့ နယ်စပ်မှာ ‌ကျောင်း‌နေတုန်းက ကရင်စကားနည်းနည်းတတ်လာ‌တော့ ကျ‌နော်ပိုပြီး ပြန်‌လေ့လာသင်ယူရတယ်။ ပြီး‌တော့ အလုပ်မှာ ကိုယ့် ကို‌လေးစားဖို့ တည်ငြိမ်ပြီး ဆက်ဆံ‌ရေး‌ကောင်းမွန်‌အောင်ဖြစ်ဖို့ ကြိုးစားရတယ်။ ကိုယ်ဘယ်‌လောက်ဘဲ ငယ်ပါ‌စေ တည်ငြိမ်ပြီး အလုပ်ကြိုးစားတဲ့ လူငယ်ဖြစ်ရင်‌တော့ ဘယ်သူမဆို ကိုယ့်ကိုယုံကြည်ပြီး အားကိုးချင်မှာပဲ”လို့ သူက ဆိုပါတယ်။

အခု လူငယ်‌တွေအ‌နေနဲ့ ကမ္ဘာသုံးစကားကို အ‌လေးထားသင်ယူ‌နေသလို ကိုယ့်တိုင်းရင်းဘာသာစကားကိုလည်း အ‌လေးထား သင်ယူဖို့လိုပြီး အထူးသဖြင့် တိုင်းရင်းသား‌ဒေသ‌တွေမှာ ‌နေထိုင်လုပ်ကိုင်သူ‌တွေကို ဌာ‌နေ တိုင်းရင်းသားဘာသာစကား ‌ပြောဆို နိုင်မှ လုပ်ငန်းခွင်မှာ‌ရော အစစအရာရာ အဆင်‌ပြေနိုင်မှာဖြစ်သလို လူငယ်‌တွေအ‌နေနဲ့လည်း ဒါကို သတိပြု အ‌လေးထား‌စေချင် တယ်လို့ အခုလို ‌ပြောပါတယ်။

‌စော‌ဂေါ်ရိုထူးက “တိုင်းရင်းသားဘာသာစကားဆိုတာ ကျ‌နော့်အတွက် အရမ်း‌ရေးကြီးတယ်။ ကိုယ့်‌ဒေသမှာ အများအတွက် အလုပ်လုပ်‌ပေးချင်ရင် ‌ဒေသသုံးတဲ့ တိုင်းရင်းသားစကားက တတ်ထားဖို့လိုတယ်။ ကိုယ်ဘယ်‌လောက်ပဲ အဂင်္လိပ်စကား၊ ဗမာ စကား‌ပြောတတ်ပါ‌စေ။ တိုင်းရင်းသား‌ဒေသမှာ ‌နေသ‌ရွေ့‌တော့ အဲဒီ‌ဒေသရဲ့စကားကို တတ်ထားမှ အဆင်‌ပြေမယ်”လို့ သူက ဖွင့်ဟ‌ပြောပါတယ်။

သူ့အ‌နေနဲ့ ဘဝတူ၊ ရွယ်တူ လူငယ်‌တွေကို ‌ရောက်တဲ့‌နေရာတိုင်းမှာ ‌ကောင်းမွန်စွာ ဆက်ဆံတတ်ပြီး စာရိတ္တ‌ကောင်းတဲ့ လူငယ် ဖြစ်‌အောင် ကြိုးစားကြပါလို့ လူငယ်တစ်‌ယောက်အ‌နေဖြင့် တိုက်တွန်းချင်ပါတယ်လို့လည်း ‌နောက်ဆုံး‌ပြောဆိုလိုက်ပါတယ်။