Home သတင်း (၆)ကြိမ်‌မြောက် ကရင်လူငယ်အစည်းအရုံး ဝင်း‌ရေးမြို့နယ် ညီလာခံ ကျင်းပပြီးစီး

(၆)ကြိမ်‌မြောက် ကရင်လူငယ်အစည်းအရုံး ဝင်း‌ရေးမြို့နယ် ညီလာခံ ကျင်းပပြီးစီး

1273

နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်လူငယ်အစည်းအရုံး(‌ကေဝိုင်အို)၏ ဝင်း‌ရေးမြို့နယ်အဆင့် (၆)ကြိမ်‌မြောက် ညီလာခံကို နိုဝင်ဘာလ ၂၇ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့ရာ လူငယ်များအ‌နေဖြင့် ဒီမိုက‌ရေစီ ‌တော်လှန်‌ရေးနှင့် မိခင်အစည်းအရုံးက ချမှတ်ထား‌သော လမ်းညွှန်မှု၊ လုပ် ငန်းများကို အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟု ဥက္ကဌအသစ်ဖြစ်လာသူ ‌စောမျိုးမျိုးက ‌ပြောသည်။

“အမျိုးသားဒီမိုက‌ရေစီ ‌တော်လှန်‌ရေးမှာ မျိုးချစ်လူငယ်‌ခေါင်း‌ဆောင်‌တွေ အများကြီး‌ပေါ်ထွက်လာဖို့‌ပေါ‌နော်။ ပြီး‌တော့ မိခင်အ စည်းအရုံးက ချမှတ်ထားတဲ့ လမ်းညွန်မှု လုပ်ငန်းစဉ်‌တွေကို အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်ရာမှာ ကျ‌နော်တို့ လူငယ်အစည်း အရုံးက‌နေ ကူညီ‌ဆောင်ရွက်သွားမယ်”ဟု ဝင်း‌ရေးမြို့နယ်၊ ‌ကေဝိုင်အို ဥက္ကဌသစ် ‌စောမျိုးမျိုးက ညီလာခံအပြီး နိုဝင်ဘာလ ၂၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ညီလာခံကို နိုဝင်ဘာလ ၂၅ရက်မှ ၂၇ရက်‌နေ့အထိ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ရုံးခန်းမတွင် ကျင်းပခဲ့ရာ ၎င်းမြို့နယ်အ တွင်းရှိ ‌ကျေးရွာအုပ်စု(၆၃)အုပ်စုမှ လူငယ်ကိုယ်စားလှယ်(၂၀၀)‌ကျော်တက်‌ရောက်ခဲ့ကြပြီး ‌ကေဝိုင်အို ဥက္ကဌ၊ အတွင်း‌ရေးမှူးနှင့် အလုပ်အမှု‌ဆောင်‌ကော်မတီဝင်များကို လျှို့ဝှက်မဲစနစ်ဖြင့် ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
6th-dooplaya-kyo-congress
ထို့အပြင် မျိုးဆက်သစ်လူငယ်‌ခေါင်‌ဆောင်များကို ပညာ‌ပေး‌ရေးနှင့် အ‌ခြေခံနိုင်ငံ‌ရေးသ‌ဘောတရားများ၊ လူငယ်စွမ်းရည်မြှင့် သင်တန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးလုပ်ငန်းများကို သိရှိနားလည်‌အောင် ‌ရှေ့လုပ်ငန်းစဉ် (၆) ချက် ချမှတ်ကာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟု ဥက္ကဌ ‌စောမျိုးမျိုးက ဆက်‌ပြောသည်။

ခလယ်ရွာမှ ညီလာခံတက်‌ရောက်သူ ‌စောရှား‌ဖောင်က “ဒီညီလာခံမှာ အများကြီး ဆုံခွင့်ရ‌တော ဝမ်းသာတယ်။ ပြီး‌တော့ အနယ် နယ်ရပ်ရပ်က လူငယ်‌တွေရဲ့ တင်ပြ‌ဆွေး‌နွေးသွားတဲ့ မူးယစ်‌ဆေးဝါးအ‌ကြောင်း၊ လက်ရှိ နိုင်ငံ‌ရေးအ‌ကြောင်းအရာ‌တွေ အသိ ပညာအမြင်မျိုးစုံ ကြားသိခွင့်ရတယ် ဒီလိုညီလာခံမျိုး အမြဲတမ်း ကျင်းပ‌ပေးသွားနိုင်ရင် လူငယ်‌တွေအတွက် အမျိုးသား‌ရေး အသိပညာ၊ ဗဟုသုတ ပိုပြီးတိုးပွားလာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေဝိုင်အိုကို ၁၉၄၅ခုနှစ် ‌အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး မြို့နယ်အ‌နေဖြင့် (၂)နှစ်တစ်ကြိမ် ညီလာခံကျင်းပ‌လေ့ရှိရာ (၆)ကြိမ်‌မြောက် ဝင်း‌ရေးမြို့နယ်၏ ညီလာခံတွင် ဥက္ကဌ ‌စောမျိုးမျိုးနှင့် အတွင်း‌ရေးမှူး နန်း‌အေးစန်းတို့ကို တက်‌ရောက်လာသည့် လူငယ်ကိုယ်စားလှယ်များက လျှို့ဝှက်မဲစနစ်ဖြင့် ‌ရွေး‌ကောက်တင်‌မြောက်ခဲ့ကြသည်။