Home သတင်း ‌နေရပ်ပြန်ဒုက္ခသည်များအတွက် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ‌နေအိမ်အလုံး ၅၀‌ဆောက်လုပ်‌ပေး‌နေ

‌နေရပ်ပြန်ဒုက္ခသည်များအတွက် ‌လေး‌ကေ‌ကော်မြို့သစ်တွင် ‌နေအိမ်အလုံး ၅၀‌ဆောက်လုပ်‌ပေး‌နေ

1432

နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မြဝတီမြို့‌တောင်ဘက် ၉မိုင်အကွာရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ‌နေရပ်ပြန်ဒုက္ခသည်များ ပြန်လည်အ‌ခြေချ‌နေထိုင်နိုင်‌ရေးအ တွက် ရည်ရွယ်ပြီး ‌အောက်တိုဘာလဆန်း ပိုင်းမှစတင်ကာ အိမ်ရာအလုံး ၅ဝကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

‌နေအိမ်တစ်လုံးလျှင် ကျပ်သိန်း ၅ဝတန်ဖိုးရှိ အဆိုပါအိမ်ရာများကို နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးဝန်ကြီး ဋ္ဌာနက ချထား‌ပေးသည့် ဘတ်ဂျက်ဖြင့် ‌ဆောက်လုပ်‌နေခြင်းဖြစ်ပြီး ယင်းအ‌ခြေအ‌နေများနှင့်ပတ်သက်၍ ‌လေး‌ကေ‌ကော်မြို့သစ် အုပ်ချုပ်‌ရေးမှူး ‌စော‌ဋ္ဌေးမြင့်‌အောင်က ယခုလို ‌ပြောသည်။

“အခု ဒီအိမ်အလုံးက‌တော့ (နတလ) ဘတ်ဂျက်နဲ့ ‌နေရပ်ပြန်လာမယ့် ဒုက္ခသည်‌တွေအတွက် သီးသန့်ပြန်ပြီး ‌ဆောက်‌ပေးတာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း ‌ဆောက်တဲ့အခါကျ‌တော့ အားလုံးခြုံလိုက်ရင် ၃ဝရာခိုင်နှုန်း‌တော့ပြီးပါပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခု ‌ဆောက်လုပ်‌နေဆဲ အိမ်ရာအလုံး ၅ဝမှာ သံ‌ဘောင်အုတ်ညှပ် အိမ်အမျိုးအစားများဖြစ်ပြီး ‌နေရပ်ပြန် ဒုက္ခသည်များအတွက် အခမဲ့ ‌နေရာချထား‌ပေးမည်ဖြစ်ကာ လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီး‌ဆောက်လုပ်သွားမည်ဟု ‌လေး‌ကေ‌ကော်အုပ်ချုပ် ‌ရေးမှူးက ‌စော‌ဋ္ဌေးမြင့်‌အောင်က ဖြည့်စွက်‌ပြောဆိုသည်။

(‌ကေအဲန်ယူ)နှင့် အစိုးရတို့ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလအတွင်း ‌ကေအဲန်ယူ၏ ဖားအံ၊ ဘိတ်-ထားဝယ်နှင့် ဒူးပလာ ယာခရိုင်များတွင် ၂၀၁၄ခုနှစ်မှ စတင်ကာ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်မိသားစုများနှင့် ပြည်တွင်းပုန်း‌ရှောင်ဒုက္ခသည် IDPများအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာများကို အ‌ကောင်အထည်‌ဖော် ‌ဆောက်လုပ်လာခဲ့‌သော်လည်း ယခုမှသာ ‌နေရပ်ပြန် ဒုက္ခသည် များအတွက်ကို ‌လေး‌ကေ‌ကော်တွင် အိမ်ရာ‌ဆောက်လုပ်‌ပေးခြင်းဖြစ်‌ကြောင်း သိရသည်။

၎င်းအစီအစဉ်အ‌ပေါ် ဋ္ဌာ‌နေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ-CIDKP တာဝန်ခံ ‌စောစတိဗ်က “အဲဒီ ‌လေး‌ကေ ‌ကော်မြို့သစ်ကိစ္စ‌တွေက တပ်မဟာ ၆ကပဲ စီစဉ်တာလို့သိရပြီး ကျ‌နော်တို့နဲ့‌တော့ ဘာမှတိုင်ပင်တာမရှိဘူး။ အသိ‌ပေးတာလည်း မရှိဘူး။ သူတို့ဖာသာသူတို့ ‌ကော်မတီဖွဲ့ပြီး လုပ်တာပဲလို့ သိရတယ်။ ဒါ‌ပေမဲ့ ကရင်ဒုက္ခသည်‌ကော်မတီနဲ့ တိုင်ပင်မှုရှိလားမရှိ လား‌တော့ မ‌ပြောတတ်ဘူး”ဟု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ‌ဖေ‌ဖော်ဝါရီလမှစ၍ ကရင်ပြည်နယ်အစိုးရ၊ နတလ အကူအညီဖြင့် ‌လေး ‌ကေ‌ကော်မြို့သစ်တွင် ၂၀၁၅ခု နှစ်အတွင်း လူ‌နေအိမ် အလုံး‌ပေါင်း ၂၁၃လုံး ‌ဆောက်လုပ်ပြီးစီးခဲ့ပြီး ယခု ၂၀၁၆ခုနှစ်တွင် နိပွန်‌ဖောင်‌ဒေးရှင်းအကူအညီဖြင့် ‌နေအိမ်အလုံး ၁၀ဝ ထပ်မံ ‌ဆောက်လုပ်လျှက်ရှိသည်ဟု သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်ရှိ ‌ဆောက်လုပ်ပြီးစီးသည့် ‌နေအိမ် ၂၁၃အိမ် အပါအဝင် အချို့‌သောပြည်တွင်းပုန်း‌ရှောင် IDP များမှာ ၎င်း တို့အစီအစဉ်ဖြင့် ‌နေအိမ်များ ‌ဆောက်လုပ်‌နေထိုင်မှု‌ကြောင့် အကျယ်အဝန်းအားဖြင့် ၇၅၅ဧကရှိသည့် ‌လေး‌ကေ‌ကော်မြို့သစ် တွင် လက်ရှိ‌နေအိမ်‌ပေါင်း ၄၆၂အိမ် ရှိ‌နေပြီဖြစ်‌ကြောင်း မြို့သစ်စီမံကိန်းတာဝန်ရှိသူများက ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၆ရက်‌နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်‌ရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်မိသားစု ၁၉စုကို ‌လေး‌ကေ‌ကော်မြို့သစ်၌ ‌နေထိုင်ရန် တာဝန်ရှိသူများက ကနဦး စီစဉ်ထားခဲ့ကြ‌သော်လည်း ၎င်းဒုက္ခသည်များအနက် မိသားစု၂စုသာ သွား‌ရောက်အ‌ခြေချ ‌နေထိုင်ခဲ့ကြသည်။