Home သတင်း ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော်အတွက် အစိုးရ ကျပ်သိန်း ၃၅ဝသာ ထုတ်‌ပေး‌တော့မည်

ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲ‌တော်အတွက် အစိုးရ ကျပ်သိန်း ၃၅ဝသာ ထုတ်‌ပေး‌တော့မည်

1806

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၏ ၂၇၅၆ခုနှစ်၊ ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် အစိုးရက ကျပ်သိန်း ၄၅ဝ ကနဦး ချီးမြှင့် ‌ပေးရန်ရှိ‌သော်လည်း ကျပ်သိန်းတစ်ရာ ‌လျော့ချကာ ကျပ် ၃၅ဝသိန်းသာ ထုတ်‌ပေး‌တော့မည်ဖြစ်‌ကြောင်း တိုင်း‌ဒေသကြီးတစ်ခု လုံးဆိုင်ရာ နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဦးစီး‌ကော်မတီ ဒုဥက္ကဋ္ဌ ‌စောဖရန်စစ်ခိုင်က ‌ကေအိုင်စီသို့ ယ‌နေ့(နိုဝင်ဘာ ၂၆ရက်) ‌ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေးအတွက် ပုသိမ်မြို့၊ ပုသိမ်-‌မြောင်းမြ စ‌ကောကရင်နှစ်ခြင်း သာသနာရုံးခန်းမ၌ ယ‌နေ့(နိုဝင် ဘာ ၂၆ရက်)တွင် ပြုလုပ်သည့် နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် တိုင်း‌ဒေသကြီး၊ ကရင်‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ‌ပြောဆိုသွားခြင်းဖြစ်‌ကြောင်း ယခုလို ‌ပြောသည်။

“ကရင့်‌ရေးရာဝန်ကြီးအ‌နေနဲ ့ တိုင်း‌ဒေသကြီးနှစ်သစ်ကူးပွဲ‌တော် ကျင်းပဖို့ ပြည်‌ထောင်စု တိုင်းရင်းသား‌ရေးရာဝန်ကြီးဋ္ဌာနကို ကျပ်သိန်း ၄၅ဝ ဖြည့်စွက် ဘတ်ဂျက်‌တောင်းတယ်။ ရမယ်လို့‌တော့ ‌ပြောတယ်။ ဒါ‌ပေမဲ့ အခုကျပ်သိန်းသုံးရာ့ငါးဆယ်ပဲ ချ‌ပေး ‌တော့မယ်လို့ ‌ပြောတယ်။ ဒီ‌နေ့အစည်းအ‌ဝေးမှာ ဝန်ကြီးက ‌ပြောပြသွားတာပါ”ဟု ‌စောဖရန်စစ်ခိုင်က ‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့နံနက် ၉နာရီတွင် စတင်ပြုလုပ်သည့် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ညှိနှိုင်းအစည်းအ‌ဝေးသို့ မြို့နယ်အလိုက် ကျင်းပ‌ရေး ဦးစီ‌ကော်မတီဝင်များ၊ ဆပ်‌ကော်မတီဝင်များ စုစု‌ပေါင်း ၁၀ဝ ဦးခန့်တက်‌ရောက်ခဲ့ပြီး နှစ်သစ်ကူးပွဲ‌တော်ကို ပုသိမ်မြို့၊ ကန်သာ ယာကွင်း၌ ကျင်းပရန် ကနဦး စီစဉ်ခဲ့‌သော်လည်း ကိုးသိန်းအားကစားကွင်းတွင်သာ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ဆပ်‌ကော်မတီအ လိုက် အသုံးပြုရန် လျာထားဘတ်ဂျက်များ ခွဲ‌ဝေ‌ပေးခဲ့သည်ဟု ဆပ်‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

ပွဲ‌တော်ကျင်းပ‌ရေး ဦးစီး‌ကော်မတီ၊ စာ‌ပေနှင့် ယဉ်‌ကျေးမှုပြခန်းဆပ်‌ကော်မတီ အတွင်း‌ရေးမှူး မန်းစံထွန်း‌အေးက “စာ‌ပေနဲ့ ယဉ် ‌ကျေးမှုပြခန်းအတွက် ကျပ်သိန်း ၂ဝသုံးဖို့ခွဲ‌ဝေ‌ပေးတယ်။ ‌လော‌လောဆယ် သိရတာက အစိုးရ ချ‌ပေးမဲ့ ကျပ်သိန်း ၃၅ဝက မရ ‌သေးဘူး။ ‌ချေးပြီး သုံးထားဖို့‌တော့ ‌ပြောတယ်။ ဒီဇင်ဘာလအတွင်းမှ ချ‌ပေးမယ်လို့‌တော့ ‌ပြောတယ်”ဟု ‌ကေအိုင်စီသို ့‌ပြော သည်။

ဧရာဝတီတိုင်း‌ဒေသကြီးတစ်ခုလုံး ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးအတွက် အစိုးရထံမှ ချီးမြှင့် ရံပုံ‌ငွေရရှိ‌ရေးအတွက် သက် ဆိုင်ရာ အစိုးရထံမှ မိမိတို့အခွင့်အ‌ရေးအတွက် မရမက ‌တောင်းခံထားခြင်းဖြစ်ပြီး တိုင်းအဆင့် ပွဲ‌တော်ကျင်းပ‌ရေးအတွက် မြို့ နယ်များမှ ရံပုံ‌ငွေထည့်ဝင်ခြင်းကို လက်မခံလို‌သော်လည်း ရံပုံ‌ငွေအတွက် လှူဒါန်းလိုက ‌ကော်မတီရံပုံ‌ငွေအဖြစ် လက်ခံသွားမည် ဟု နိုဝင်ဘာလ ၅ရက်‌နေ့တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအ‌ဝေးတွင် တိုင်း‌ဒေသကြီး ကရင့်‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ က ‌ပြောဆိုထားသည်။

အဆိုပါတိုင်းအဆင့် ၂၇၅၆ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်အခမ်းအနားကို လာမည့် ဒီဇင်ဘာလ ၂၈ရက်မှ ၂၉ရက်‌နေ့ထိ ပြုလုပ် သွားမည်ဖြစ်ကာ ကရင်ဘာသာစကား စာ‌ပေနှင့် ကဗျာပြိုင်ပွဲများ၊ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ၂၀၁၆တက္ကသိုလ်ဝင် စာ‌မေး ပွဲ ဂုဏ်ထူးဖြင့် ‌အောင်မြင်ခဲ့သည့် ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများကို ဆုချီးမြှင့်ခြင်း၊ ကရင်ရိုးရာနှင့် ‌ခေတ်‌ပေါ်ဝတ်စားဆင် ယင်မှု ပြိုင်ပွဲကျင်းပခြင်း၊ ဒုံးပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး ဦးစီး‌ကော်မတီ၏ တာဝန် ရှိသူများထံမှ သိရသည်။